Friday, February 26, 2016

အိုဘယ့်..လွှတ်တော် ဥက္ကဌ.


လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တဲ့လုပ်နည်း က

၁။ လှို့ဝှက်စွာစက်ခလုပ်နှိပ်မဲခွဲခြင်း (နှိပ်ပြီးရင် မီးငြိမ်းတယ်)
၂။စက်ခလုပ်နှိပ်၍ပြောင်ဆန္ဒမဲပေးခြင်း
(ကိုယ်နှိပ်တဲ့ခလုပ်မီးဆက်လင်းနေတယ် ကိုယ်ဘာနှိပ်တယ်ဆိုတာဘေးလူမြင်ရတယ်)
၃။အသံဖြင့်မဲခွဲခြင်း(ခွင့်တိုင်တာဘာညာ
သိပ်အရေးမပါတဲ့ဆုံးဖြတ်ချက်မျိုး ဗလုံးပထွေးနဲ့"ဘောတူပါ" ဆိုပြီးယောယောင်အော် ရတာ)
၎ ။ မတ်တပ်ရပ်ပြီး မဲခွဲတာ ( ဥက္ကဌက ညစ်ခြင်ရင်သုံး တယ် အရင်ကသုံးလေ့ရှိတယ် )
၅ ။ ဆန္ဒမဲလက်မှတ်ဖြင့်မဲပုံးအတွင်းထည့်၍မဲခွဲတာ (သမ္မတရွေးတာလိုမျိုး ခြေ/ဥပြင်တာမျိုး အရေးအကြီးဆုံးကိစ္စမှာသုံးတယ်) ။
အဲလိုဥပဒေ ငါးမျိုးရှိပြီးသူ့နေရာနဲ့သူသုံးရတယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်များ ဒီနေ့ခွင့်တိုင်တာနဲ့ပါတ်သက်ပြီး သဘောတူမတူ လွှတ်တော်ကသဘောတူပါသလားခင်ဗျား လို့အသံနဲ့မဲခွဲရင်မြန်တာပေါ့ သိပ်အရေးမကြီးဘူးလေ အဲဒါကိုအသံနဲ့ဘဲမဲခွဲတာပေါ့ အဲဒါမျိုးကို ဆန္ဒမဲလက်မှတ်နဲ့ပေးတာတို့စက်ခလုပ်နှိပ်တာတို့လုပ်နေရင် ဒီခွင့်တိုင်တဲ့ကိစ္စလေးနဲ့တင် တစ်နေကုန်သွားမှာပေါ့ ။ တစ်ခုရှိတာကလွှတ်တော်ဥက္ကဌဆိုတာက ကိုယ်စားလှယ်တစ်ယောက် တစ်နေ့တာ ခွင့်တိုင်တဲ့ကိစ္စလေးကိုတောင်မှ မိမိသဘောနဲ့ပေးလို့မရပါဘူး "လွှတ်တော်က သဘောတူပါသလားခင်ဗျား " လို့ သုံးခါမေးပြီး "ဒီကနေ့ ခွင့်တိုင်ကြားမှု့ကို( လွှတ်တော်က) သဘောတူကြောင်း ကြေငြာအပ်ပါတယ် " ဆိုပြီး တူထု တာပေါ့ ။ လွှတ်တော်ကသဘောမတူရင်ခွင့်တောင်ယူလို့မရပါဘူး ဒါကြောင့်လွှတ်တော်ဥက္ကဌလုပ် တဲ့သူဟာ လုပ်ထုံးလုပ်နည်းဥပဒေတွေကို ဘိုင်ဟတ် ရနေသင့်တယ် ။
မနေ့ကပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က အစည်းဝေးတက်တာ ၄၂၆ ယောက် မဲပေးတာ ၄၀၆ ယောက် ပျောက်နေတာ ၂၀ ယောက် တဲ့ ။ ပျောက်နေတဲ့သူတွေမဲမပေးတာ ဘာကြောင့် လည်းဆိုပြီးမေးတယ် ရေးရာကော်မတီအစည်းဝေးသွားရင်လည်းနေ့လယ် ၁၂ နာရီနောက်ပိုင်း မှသွားပါ လို့ သတိပေးတာကြားလိုက်တယ် ။ဒါတော့မဟုတ်သေးဘူးဗျ ။ စက်ခလုပ်မှာ ထောက်ခံ အစိမ်း ကန့်ကွက်အနီ ကြားနေအဝါ ၃ ခုရှိပြီး လွှတ်တော် အစည်းဝေးခန်းထဲရှိနေပေမဲ့ ဘာမှစက်ခလုပ်မနှိပ်တဲ့သူလည်းရှိတယ် ။ဥပမာ(ဥပမာနော်)"မြစ်ဆုံဆည်ရပ်ရန်သဘောတူမတူ" မဲခွဲတယ်ဆိုပါစို့ အစိမ်းနှိပ်ရင် ရပ်ရန်သဘောတူတယ် ဆက်မလုပ်ဘူးဆိုတဲ့သဘောပေါ့ ။ အနီနှိပ်ရင် ရပ်ရန်သဘောမတူဘူး ဆက်လုပ်မယ်ပေါ့ ။

အဝါနှိပ်ရင်သာမန်အားဖြင့်ကြားနေမယ် ဆိုတဲ့သဘော ပါ ။ဒါပေမဲ့အဝါနှိပ်ရင် ထောက်ခံ
တာမဟုတ်လို့ မြစ်ဆုံကိုရပ်တံ့ဘို့ကိစ္စကို သဘောထားမတိုက်ဆိုင်ဘူး လို့ ယူဆနိုင်သလို အနီဘက်ကလူတွေကလည်းငါတို့ကဆက်လုပ်ခြင်တာ အဝါတွေက ဒို့ဘက်မပါဘူး လို့ ယူဆလို့ရတယ် ။ ထောက်ခံသူတွေကလည်းကြားနေကိုမနှစ်မြို့သလိုကန့်ကွက်သူတွေကလည်းကြားနေကိုမကြိုတ်ကြဘူး ။ ဒီတော့ ကိစ္စတစ်ခုဖြစ်လို့မဲခွဲရင် စိတ်ထဲကဘဝင်မကျဘူး အဆိုတင်သူကဘာရည်ရွယ်တာ
လည်းဆိုတာသဘောမပေါက်ရင် ဒီကိစ္စဘက်လိုက်မှု့နည်းနည်းရှိနေတယ်လို့သံသယဖြစ်မိရင် အထက်ပါတင်ပြခဲ့သလို ကြားနေကိုလည်းဘေးလူကသိပ်မကြည်တော့ ဘာမှခလုပ်မနှိပ်ဘဲနေငုတ်
တုပ်ထိုင်နေလိုက်တာပေါ့ လွှတ်တော်ထဲရောက်လာတဲ့အမတ်များဟာမဲခွဲတဲ့အခါ မဲပေးကိုပေးရမယ် ဆိုတဲ့ဥပဒေမရှိဘူး သင်မဲပေးလိုကပေးနိုင်သည် သင်မဲမပေးဘဲနေလိုကနေနိုင်သည် ဘဲဖြစ်တယ် ။

ဦးဝင်းမြင့်အနေနဲ့က မဲမပေးဘဲနေတဲ့လူ ၂၀ ကိုရမယ်ရှာလို့မရပါဘူး။ ဒါသူ့အခွင့်အရေးဘဲ နောက်ပြီး တချို့က ရေးရာကော်မတီအစည်းဝေးဆိုပြီး ခွင့်တိုင်ပြီး အိုင် ဆောင်တွေကိုသွားတာရှိတယ် ဒါပေမဲ့ လွှတ်တော်စပြီဆိုတာနဲ့ခွင့်ဘယ်လောက်ရှိတယ်။လာတက်တာဘယ်လောက်ဆိုတာသိပြီးဖြစ်လို့
ရေးရာကော်မတီသွားတဲ့သူ ဟာ voting ထဲမှာမပါဘူးဆိုတာသိပြီးသားဘဲ တခုရှိတာကမဲခွဲခါနီးမှာ
အပြင်ထွက်ဆေးလိပ်သောက်နေတာလား ဒီမိုခေတ်မှအချိန်မှီရောက်လာတဲ့ ကော်ဖီတစ်ခွက် ၉၀၀ တန် "ကီးစတုန်း" လက္ဘရည်ဆိုင်မှာသွားထိုင်နေကြတာလား ။ တစ်ခုခုပေါ့လေ ကျနော်တို့တက်ခဲ့တဲ့
အမျိုးသားလွှတ်တော်မှာတော့ ဦးခင်အောင်မြင့်က မဲခွဲဆုံးဖြတ်ခါနီးရင် ဘဲလ် တီးလိုက်ပါတယ် ဘဲလ် တီးသံကြားရင် အပြင်ကိုရှုးပေါက်သွားနေတာတို့ ဆေးလိပ်ထွက်သောက်နေတာ ကော်ဖီတစ်ခွက် ၁၅၀ တန်ဝန်ထမ်းသက်သာဆိုင်သွားနေတာ ဘာညာလူတွေအားလုံး ပြန်ဝင်ကြရပါတယ် ( ဥက္ကဌတစ်ယောက်
အနေနဲ့ ယ္ခင်ကကောင်းကွက်လေးတွေလေ့လာမှု့လေးလုပ်သင့်တယ် )


မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ထဲရောက်နေပြီး "မဲစက်ခလုပ်မနှိပ်ခြင်တဲ့လူကိုမင်းတို့လူ ၂၀ မဲမပေးလို့သတိပေးတယ်" ဆိုတာလုပ်လို့မရပါဘူး ။ မရတာသွားပြောတော့ ကိုယ်လေ့လာမှု့အားနည်း
နေတယ်ဆိုတာဖွင့်ပြသလိုဖြစ်တာပေါ့ ။ ကျနော့်စိတ်ထင် မနေ့ကမဲခွဲတဲ့ကိစ္စက "ဘိန်းခင်းသွားဖျက်
မယ့်ပြည်သူတွကိုအစိုးရကအကာအကွယ်ပေးဘို့ " ဆိုတဲ့အရေးကြီးအဆိုဖြစ်တယ် ဒီကိစ္စမှာမူလ
ကတည်းကပြဿ နာနည်းနည်းရှိတယ် ဥပမာ အဲ့အဖွဲသွားလို့မိုင်းထိရင်ဘယ်သူထောင်
တာဆိုပြီးပိုဇာတ်နာလာမယ် နောက်ပြီး ရှမ်းနီတွေကသူတို့ဟာဘဲ ကချင်တွေကလာဖျက်နေတယ် KIAကအကာအကွယ်ပေးထားတဲ့ ကချင်တွေစိုက်ထားတဲ့နေရာတွေကျ မပါဘူး ဒါကြောင့် သဘောမတူဘူးဆိုတဲ့ KIA နဲ့မတည့်တဲ့ ရှမ်းအုပ်စုရှိတယ် ဒါပေမဲ့ဘိန်းခင်းဖျက်တယ်ဆိုတာ
ကောင်းတဲ့ကိစ္စဖြစ်လို့ ကြားနေလိုက်ရင်လည်းအဆိုကိုမထောက်ခံရာကျမယ် ဒါကြောင့် ဘာစက်ခလုပ်မှမနှိပ်ဘဲငုတ်တုပ်ထိုင်မယ် ဆိုပြီး မဲမထည့်တဲ့လူ ၂၀ ဆိုတာပေါ်လာတာဘဲ ။

ပြီးခဲ့တဲ့ ၅ နှစ်မှာဒါမျိုးမကြာခနကြုံ ဘူးပါတယ် ဒါဘာကြောင့်လည်းလို့ကျနော်လည်းစဉ်းစားကြည့်မိတော့ ပယောဂနည်းနည်းရှိတဲ့ အဆိုတိုင်းမှာကြုံရတာတွေ့ရတတ်တယ် ဦးဝင်းမြင့်အနေနဲ့က " မဲမထည့်လို့မရဘူး လာတဲ့သူအကုန်မဲထည့်ရမယ် " ဆိုတဲ့သဘော သတိပေးလို့မရ ပါဘူး။ ပြီးခဲ့
တဲ့လွှတ်တော်မှာလည်း ကြားဖြတ်ကနေသူပါလာခဲ့တာဘဲ အဲ့တုံးကမလေ့လာလိုက်မိဘူး
ဗျာဆိုရင်လည်းခုလေ့လာလိုက်ပါလေ့လာမမှု့ရှိမှသာ မိမိပြောစကားအတိုင်း လဒလောက်လှ
တဲ့ငှက်တစ်ကောင်ဖြစ်လာပါလိမ့်မယ်ဆိုတဲ့အကြောင်းနဲ့ နောက်ဒါမျိုးတွေ မကြာခနလာပါလိမ့်ဦးမယ် ဆိုတဲ့အကြောင်း အပြုသဘော တင်ပြလိုက်ပါရစေ ဗျာတို့ရေ့  ။


( မှတ်ချက် = လွှတ်တော်ထဲရောက်ရုံးထိုင်နေတဲ့NLDအနီးကပ် ဗြိတိန်သံရုံးက ဂျိုးဖစ်ရှာအကြောင်း
ထဲ့ရးရင်ရေးတဲ့ဖေ့ဘုတ်အကောင့်ပျောက်သွားတတ်တယ်ဆိုလို့ တကယ်ပျောက်မပျောက်
စမ်းကြည့်တာပါ )


လှဆွေ

No comments:

Post a Comment