Monday, October 12, 2015

စာရေးဆရာ ဦးသန်းဆွေ (ထားဝယ်) သစ္စာဆိုပြီး ပြောသွားတဲ့ ကိုယ်တွေ့ အကြောင်းအရာ



မနေ့က စာရေးဆရာ ဦးသန်းဆွေ (ထားဝယ်) သစ္စာဆိုပြီး ပြောသွားတဲ့ ကိုယ်တွေ့ အကြောင်း အရာ အဖြစ်အပျက် ကလေးတွေ။ လူတွေမသိတဲ့ အကြောင်းအရာလေးတွေမို့ ဗဟုသုတ ရစေဖို့ အနှစ်ချုပ်မှတ်သားမိသမျှ ပြန်လည်မျှဝေ လိုက်ပါတယ်။ (-) ကွင်းခတ် ရေးသားထားသော စာသား များသည် ကျွနုပ်၏ ပြောကြားလိုသော စကားများကို ဖော်ပြခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ဘာမှန်းမသိ ဒီမိုကရေစီ ဘာမှန်းမသိ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်။ တစ်ခါက "ဤလူ့ဘောင်တွင်"ရုပ်ရှင်ဇာတ်ကားမှာမင်းသမီးမြင့်မြင့်ခင်ကဇာတ်ဝင်ခန်းတစ်ခုမှာ"မြန်မာပြည်  လွတ် လပ်ရေး ရတာနဲ့ လမ်းဘေးမှာ သေးပေါက်လို့ ရမှာလား" ဆိုသလို ဖြစ်နေကြ တယ်။ ~~~~~~~~~
မဲဆွယ်တာမဟုတ်။ ဘယ်သူ့မဲပေးပါလို့လည်းမပြောပါ။ဒါပေမယ့်ကိုယ့်အရေးဘဲစိတ်ဝင်စား တယ်။ မဲစာရင်းမှာပါ မပါတောင် သွားမကြည့်ဘူး ဆိုသူတွေ။ ဒေါ်စုနိုင်ရင် ဗြိတိန်နဲ့ အမေရိကန်က အကူ အညီတွေ ရောက်လာပြီး မြန်မာပြည် နတ်ရေကန်ထဲ ချလိုက်သလို ချက်ခြင်း ပြောင်းလဲသွားမယ် ထင် တဲ့သူတွေ ရှိနေလို့ ပြောချိန်တန်လို့ ပြောခြင်းဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးလည်း သံယောဇဉ်
မရှိပါ။ NLD လည်း မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးကိုဘဲ ချစ်ပါတယ်။
~~~~~~~~~
၁၉၆၂ ခုနှစ် အိမ်စောင့်အစိုးရ တက်တယ်။ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် စနစ်ပြောင်းတယ်။ ၁၉၈၈ ခုနှစ်နဝတ၊နယကစစ်အုပ်ချုပ်ရေး။၂၀၁၀ ခုနှစ် လက်ရှိ အသွင်ပြောင်း ဒီမိုကရေစီ အစိုးရ အုပ်ချုပ် တယ်။ အစဉ်အဆက် အုပ်ချုပ်လာတာ တပ်မတော်ကဘဲမို့ အပြောင်းအလဲကို လိုချင်လာကြတာ သဘာဝပါဘဲ။ ကမ္ဘာနဲ့အဝှမ်း Change ဆိုတာ ခေတ်စားလာတယ်။ Philosophy နိယာမအရ အပြောင်း အလဲ လိုချင်တာ ဖြစ်ချင်တာ သဘာဝဘဲ။
အာဏာရှိသူနဲ့ အာဏာမဲ့သူ ၊ ငွေရှိသူနဲ့ ငွေမရှိသူ ၊ ရာထူးရှိသူနဲ့ ရာထူးမဲ့သူ ၊ ဒီလူတွေရဲ့ တိုက်ပွဲ ဟာ ကမ္ဘာဦး ကာလကတည်းကဘဲ။ ခုမှဖြစ်လာတာ မဟုတ်ဘူး။
Politic the dagged job. နိုင်ငံရေးဆိုတာ အင်မတန် ညစ်ပတ်တဲ့ အလုပ်
အာဏာမက်မောရင် ဝင်အရွေးခံမှာပေါ့ အာဏာ မမက်မောလို့ အရွေးမခံတာပေါ့
~~~~~~~~~
အင်္ဂလိပ်ကမြန်မာပြည်ကိုမတရားသိမ်းခဲ့ပြီးနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တယ်။လွတ်လပ်ရေး ပေးတဲ့ အခါ ရောဂါထည့်ပြီး ထားခဲ့တယ်။ မြန်မာပြည်ကို သွေးခွဲ အုပ်ချုပ်ခဲ့တဲ့ ရောဂါဆိုးကို ထည့်ခဲ့လို့ ခုထိ ငြိမ်းချမ်းရေးမရတာဘဲ။ ဘာသာရေးအရ မဲဆွယ် သွေးခွဲခဲ့တယ်။ ဂျပန်က မြန်မာပြည်ကို ၃ နှစ် ဘဲ အုပ်ချုပ်သွားတာ။ ပါးရိုက်တာကလွဲပြီး ဘာမှလုပ်မသွားဘူး။ အိန္ဒိယလို နိုင်ငံကြီးကို ၃ ခြမ်းကွဲပြီး အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ့် ဆိုပြီး ၃ ခြမ်းကွဲစေ ခဲ့တယ်။ မီဇိုသူပုန် နာဂ သူပုန် တွေ လည်း ခုထိ ပုန်ကန်နေဆဲဘဲ။ အဘ ငယ်ငယ်က အင်္ဂလိပ်ကျောင်း တက်ခဲ့ရလို့ အင်္ဂလိပ်ကို အထင်ကြီး ခဲ့တယ်။ ဝိတိုရိယ ဘုရင်မ နန်းတက်တာတောင် ဘုရားပွင့်သလို ခံစားရ တယ်။ နန်းတက်ပွဲ ရုပ်ရှင်ကိုလည်း အခါခါ သွားကြည့်ခဲ့တယ်။ ဓါတ်ပုံတွေလည်း ခုထိ အထပ် လိုက် ရှိတယ်။ တက္ကသိုလ် ရောက်လို့ သမိုင်းသင်တဲ့အခါ အင်္ဂလိပ်ကို အရမ်းမုန်းသွားတာ ဒီနေ့ အထိဘဲ။ အင်္ဂလန်မှာ ကျောင်း တက်ခဲ့တယ်။ ဒါပေမယ့် အထင်လည်း မကြီးတော့ဘူး။
~~~~~~~~~
ဒေါ်စုကြည်အကြောင်းပြောမယ်။ ၁၉၅၈ ခုနှစ်ဝန်းကျင် အဘက ၈ တန်း သူက ၅ တန်း အင်္ဂလိပ် ကျောင်းမှာ တစ်ကျောင်းတည်း တက်ခဲ့တယ်။ ဒေါ်စုကြည်က ၅တန်း B ခန်းမှာ။ အဲ့ဒီ ၅တန်း B ခန်းက နာမည်ကြီးတယ်။ ဘာကြောင့်လည်းဆိုရင် အဲ့အခန်းမှာ ဗိုလ်စင်္ကြာရဲ့သမီး စန္ဒီစင်္ကြာဗိုလ်လက်ျာရဲ့သမီး တင်လက်ျာ တို့လည်း ကျောင်းတက်ကြတယ်။ ဘာကြောင့်နာမည်ကြီး တာလဲဆိုတော့ တင်စင်္ကြာ ကြောင့်ဘဲ။ သူက အရွယ်နဲ့မလိုက်အောင် ထွားတယ်။ အတန်းကြီးတွေ က ဆရာမတွေ မအားတဲ့အခါ အတန်းငယ်တွေကို သွားထိန်းရတယ်။ တစ်နေ့တော့ အဘ အလှည့် ရောက်လာတယ်။ အတန်းထဲမှာ ဘယ်သူနဲ့မှ မပေါင်းဘဲ ရှုတည်တည်နဲ့ မပြုံး မရယ် နေ တာက ဒေါ်စုကြည်ဘဲ။ ဆရာမတွေ ကိုယ်တိုင်လည်း ဒီလိုဘဲမြင်တယ်။ အဲ့ကတည်းက ကြည့်မရ ခဲ့ဘူး။
~~~~~~~~~
တက္ကသိုလ်တက်ချိန် အသက် ၂၀ လောက်ပေါ့။ သန့်ရှင်းနဲ့တည်မြဲ ရွေးကောက်ပွဲမှာ ဦးနုဘက် က ဒေါ်ခင်ကြည် ထောက်ခံခဲ့လို့ ဦးနုအစိုးရ ပြန်တက်လာတော့ ဒေါ်ခင်ကြည်ကို အိန္ဒိယသံ အမတ်ကြီး ခန့်တယ်ပေါ့။ (လူတွေအထင်လွဲနေတဲ့ ကိစ္စပါ။ ဦးနေဝင်းလို့ မတရား စွတ်စွဲနေတာ ခုမှဘဲ ရှင်း သွားပြီနော်) ဒေါ်ခင်ကြည် အိန္ဒိယ သံအမတ် ဖြစ်တော့ ဒေါ်ခင်ကြည်နဲ့ ညီအစ်မလို ခင်တဲ့ အဘရဲ့ အဒေါ်ကို လာလည်ဖို့ ဖိတ်တယ်။ အဒေါ်က လိုက်လည်ဖို့ အဘကို ခေါ်တယ်။ အဘက ရတနာဂီရိကို ရူးသွပ်ခဲ့တော့ အရမ်းသွားချင်တော့ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ အဘက ရတနာဂီရိကို သွားဖို့ ပြောပေမယ့် ခွင့်မပြုခဲ့ဘူး။ လမ်းပန်း ဆက်သွယ်ရေးမကောင်း လို့ ပြောတယ်။ ဒုတိယအတွင်းဝန် ဒေါ်ခင်ဝင်းမေနဲ့ အဘ ပြသနာ တက်တယ်။ ဒေါ်ခင်ကြည်က ဝင်ရောက် ဖြေရှင်းပေးတယ်။သွားခွင့် မရခဲ့ဘူး။ အဲ့ဒီရောက်ပြီး ၂ ရက်အကြာ UN အစည်းအဝေး က ပြန်လာတဲ့ မြို့မဦးဘလွင်(မြို့မကျောင်း တည်ထောင်သူ)၊ စီမံကိန်းအတွင်းဝန် ဦးသန်းဆွေ၊ ပွင့်ဖြူအမတ် ၃ ဦး အိန္ဒိယကို အပြန်ဝင်လည်မယ်။တခ်ျမဟာသွားမယ်။ ပိုက်ဆံမရှိလို့ ဒေါ်ခင်ကြည် အိမ်မှာတည်းမယ်လို့ဆက်သွယ်လာတယ်။ သူတို့အဖွဲ့ရောက်လာတော့ အဘနဲ့ ဆရာကြီး ဦးဘလွင် က တစ်ခန်း၊ ဦးသန်းဆွေနဲ့ ပွင့်ဖြူအမတ်က တစ်ခန်း နေရတယ်။ တခ်ျ မဟာကို အတူသွားကြ တာပေါ့။ အဘတို့ ရောက်ကတည်းက ဒေါ်စုကြည်က အိမ်မှာ မရှိဘူး။ မြင်းစီးလေ့ကျင့်ဖို့ သွားနေတယ်။ Breakfast စားချိန်ဘဲ ပြန်လာတယ်။ တစ်ရက် ဒေါ်ခင်ကြည်က Russia သံအမတ်ကြီး ကြိုဖို့ရှိလို့ Breakfast စားပြီးရင် အိမ်မှာနေပြီး ဗမာတွေ ရှိနေတုန်း ဗမာ အကြောင်း ပြောကြဖို့ ဒေါ်စုကြည်ကို မှာပြီး ထားခဲ့တယ်။ အဲ့ဒီမှာ ဒေါ်စုက စပြောတယ်။ ကျွန်မ ဗမာတွေ ကို သိပ်မုန်းတာဘဲတဲ့။ ဆရာကြီး ဦးဘလွင်က ဘာကြောင့် ဗမာမုန်းတာ လဲ မစုလို့မေး တယ်။ ဒေါ်စုပြန်ဖြေတာက ကျွန်မအဖေကို ဗမာတွေ သတ်တာတဲ့။(ဒေါ်ခင်ကြည် သားသမီးတွေ ကို ဘယ်လိုများ သွန်သင် ပြောကြားထားလဲ မစဉ်းစား တတ်တော့ဘူး။ ဗမာက သတ် တယ်ဆိုတဲ့ အစွဲအလန်း ဘယ်က ဖြစ်သွားတာလဲ။ အဖေသေချိန်မှာ ဘာမှ မသိသေးတဲ့ အရွယ်မို့ ဒေါ်စုကို အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ဒီလိုအစွဲအလန်း ဖြစ်သွားအောင် ဗမာတွေအရှေ့မှာ ဗမာကို မုန်းတယ်လို့ ပြောထွက်လာတာ ဘယ်သူက ဒီလိုအတွေးဝင်အောင် ပြောထားလဲ ဆိုတာ စဉ်းစား စရာဘဲ) ဆရာကြီး ဦးဘလွင်က ဆက်မေးတယ်။ မစု ဘယ်အမျိုးအနွယ်က ဆင်းသက်လာ တာ လဲ တဲ့။ ပြန်ဖြေတယ် ပုဂံမင်းသမီးနှစ်ပါး ပုဂံပြည်က ပြေးလာပြီး ပုဂံအဆက်ဖြစ်ကြောင်း ပြော သွား တယ်။ အဘေးဖြစ်သူ ဗိုလ်မင်းရောင်တို့ အကြောင်း မပါသွားဘူး။ ဆရာကြီးက ထပ်မေးပြန် တယ် မစု ဘာ စာ တွေဖတ်လဲတဲ့။ ဒေါ်စု ပြန်ဖြေတယ် ဗမာစာက လင်တရူးစာပေတွေမို့ မဖတ်ဘူး။ လှိုင်ထိပ်ခေါင်တင် သီချင်းတော့ နားထောင်တယ်တဲ့။ အဲ့မှာတင် ဆရာကြီးဦးဘလွင် စကားဝိုင်းက ထထွက်သွားတယ်။ အဘ အခန်းထဲရောက်တော့ ဆရာကြီးကို ဘာလို့ ထသွား လဲ မေးတယ်။ ဆရာကြီးက ဗမာစိတ် ပျောက်ပြီး ပြောနေတာတွေ နားမချမ်းသာလို့ ထထွက် လာတာ တဲ့။ ဒေါ်စုကြည် ဗမာအထင်မကြီး မုန်းတီးတဲ့စိတ်က ၁၉၆၂ ဝန်းကျင်မှာကတည်း က ဖြစ်နေပြီ။
~~~~~~~~~
၁၉၈၈ မြန်မာပြည်မှာ အရေးအခင်း ဖြစ်တယ်။ ဒေါ်ခင်ကြည် အသည်းအသန် ဖြစ်တယ်။ အောင်ဆန်းဦး ပြန်လာချင်တယ်လို့ အစိုးရကို ပြောတယ်။ အစိုးရက လာခွင့်မပြုခဲ့ဘူး။ ပြန်လာဖို့ တစ်ခွန်းမှမဟတဲ့ သမီးမိန်းကလေး ဒေါ်စုကြည်ကို လာဖို့ ပြောခဲ့တယ်။ အောင်ဆန်းဦး ပြန်လာရင် ပြသနာ ဖြစ်မှာစိုးရိမ်တဲ့ အစိုးရ အထင်နဲ့အမြင် အဲ့မှာ ခွက်ခွက်လန် မှားသွားတယ်။ ဒေါ်စုကြည် ရွှေတိဂုံ ဘုရား အနောက်ဘက်မုခ်မှာ စပြီး တရားဟောရာကနေ နိုင်ငံရေး လောကထဲ ဝင်လာတယ်။
~~~~~~~~~
တစ်နေ့မှာစာရေးဆရာ သာဂဒိုးက မင်းသားကြီးဦးထွန်းဝေက ကုန်းဘောင်ဆက်အကြောင်း ပြော ချင် တယ်ဆိုပြီး ခေါ်တယ်။ ဦးထွန်းဝေက တရုတ်လူမျိုး ဘယ်လိုကြောင့် ကုန်းဘောင်ဆက် အကြောင်း ပြောမှာလည်းလို့ အဘက စဉ်းစားတယ်။ ဘိုးတော်ဘုရားလက်ထက် တရုတ်က ဆက်သတဲ့ မင်းသမီး ၃ ပါးမှာ တစ်ပါးက သားတော်မွေးတယ်။ အဲ့အဆက်အနွယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဦးထွန်းဝေ ပြောတဲ့ ကုန်းဘောင်ဆက်က သူ့အိမ်နီးချင်း မြင်ကွန်း မင်းသားကြီး ရဲ့မြေးတော် ဆရာဝန်မအကြောင်း။ သူ့မိန်းမ နေမကောင်းလို့ ညဘက်အချိန်မတော် အိမ်နီးချင်း ဆရာဝန်မကို သွားပင့်တယ်။ အိမ်ထဲက ထွက်လာပြီး ရှင်က မင်းသားထွန်းဝေလား လို့မေးတယ်။ ဟုတ်ပါတယ် ပြန်ဖြေတော့ အဲ့ဒါဆို ဆေး မကုပေး နိုင်ဘူးလို့ ပြောပြီး ပြန်ဝင်သွားတယ်။ ဦးထွန်းဝေ အိမ်ပြန်ခဲ့တယ်။ မိန်းမကလည်း အသည်း အသန် ဖြစ်နေတော့ မရရအောင် ထပ်ပင့်ခဲ့ဆိုလို့ အဲ့အိမ်ကို ပြန်သွားပြီး အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတယ်။ ဆရာဝန်မ ထွက်လာတယ်။ ရှင်မပြန်သေးဘူးလားတဲ့။ ဘာအငြိုးရှိလို့ မကုပေးတာလဲ မေးတော့ "နန်းတွင်း အရေးတော်ပံ"ု ဇာတ်ကားမှာ ရှင်က ကနောင်မင်း လုပ်လို့တဲ့။ ကနောင်မင်း ကို မြင်ကွန်း မင်းသား က သတ်တာလေ မြင်ကွန်းကို ကနောင်က သတ်တာမှ မဟုတ်တာလို့ ပြောမှ ဆေးလိုက် ကုပေးတယ်တဲ့။ အဲ့မှာ စပ်မိစပ်ရာ ထပ်ပြောမိတော့ ဒေါ်စု အကြောင်း ရောက်သွား တယ်။ ရွှေ တိဂုံ အနောက်မုခ်မှာ တရားဟောဖို့ ပွဲထုတ် နေရာပေးခဲ့တာ ဦးထွန်းဝေတဲ့။ ခုတော့ ဒေါ်စုက Popular ဖြစ်သွားပြီမို့ ဆေးဖော်ကြောဖက်တောင် မလုပ်တော့ဘူးတဲ့။
~~~~~~~~~
၁၉၉၀ အမျိုးသားညီလာခံမှာ အဘတို့ တက်ရတယ်။ အဆောင်က ၂ ထပ်။ အောက်ထပ်မှာ အသက် အရွယ်ကြီးတဲ့ လူကြီးတွေ နေရတယ်။ NLD က ဗိုလ်ချုပ်အောင်ရွှေတို့နေတယ်။ အဘက အမြဲတမ်း တွဲခေါ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ရွှေတို့ကို ထမီကလနား ခိုစားနေတဲ့ အဖိုးကြီးတွေ လို့ ဒေါ်စုကြည် ပြော လို့ ပါတီကနေ ထွက်သွားကြတယ်။ ဗိုလ်ချုပ်အောင်ရွှေက သေတမ်း စာ ရေး ထား တယ်။သူသေရင် ဖွင့်ဖတ်ပြီး စာအုပ်ထုတ်ပါတဲ့။ အဘကမေးတယ်။ ဘာအကြောင်းတွေ ရေး ထားလဲဆိုတော့ ဒေါ်စုကြည် အကြောင်း တွေတဲ့။ ဒေါ်စုကြည်က သူရိုသေရမယ့်သူ မလိုချင်ဘူး သူ့ကို ရိုသေတဲ့ လူငယ်တွေဘဲ လိုချင်တယ်။ ဒါကြောင့် ပါတီမှာ လူငယ်တွေကို နေရာပေး ပွဲထုတ် လာတာဘဲ။
~~~~~~~~~
မကြာသေးခင်က Dr.သာလှရဲ့သမီး အဘ သူငယ်ချင်း မေသာလှ မြန်မာပြည်ကို အမေရိကန်က လာတယ်။ အင်္ဂလိပ် ဘုရင်ခံက ပုဂံက ခိုးသွားတဲ့ ဘုရားတစ်ဆူ သားစဉ်မြေးဆက် ခိုက်နေလို့ အိမ်မှာ ဘယ်လိုမှ မထားရဲတော့လို့ ပုဂံကို ပြန်ပို့ချင်တာနဲ့ အဘအကူအညီနဲ့ ရှေးဟောင်းသုတေသနကို ပြန်အပ်ပြီး ဂုဏ်ပြုလက်မှတ် ပေးလိုက်တယ်။ ညကျတော့ သူငယ်ချင်းကို Dinner သွားကျွေးတယ်။ မေသာလှနဲ့ ဒေါ်စုသား အငယ် Kim တို့ ရင်းနှီးကြောင်း၊ ဒေါ်စု နိုဘယ်ဆု အပါအဝင် ရရှိထားတဲ့ ဆုချီးမြှင့်ငွေတွေကို မိုက်ကယ်အဲရစ်ရဲ့ မြေးကို လွှဲပေးပြီး အင်္ဂလန်ဘဏ်မှာ ထိန်းသိမ်းထားစေ တယ် တဲ့။ သားနှစ်ယောက်ကို မပေးဘူးတဲ့။ Kim က ဒေါ်စုနဲ့ ဖုန်းပြောတော့ သူ့ပါတီမှာ သူ ယုံကြည်ရသူ တစ်ယောက်မှ မရှိဘူးလို့ ပြောတယ်တဲ့။ ခုထိ ဒေါ်စု မြန်မာပြည် ဈေးထဲက အစားအစာ လုံးဝမစားဘူး မသန့်ရှင်းလို့ဆိုပြီး ဗြိတိသျှသံရုံးက ပို့ပေးတဲ့ ဆီသွတ်ဘူးတွေဘဲ စားနေတယ်တဲ့။ (မြန်မာလူမျိုးဖြစ်ပြီး မြန်မာအစားအစာ မစားတာ မြန်မာပြည်မှာနေပြီး မြန်မာအစားအစာကို အထင်မကြီးတာ မြန်မာလူမျိုး အားလုံးကို စော်ကားတာဘဲ။)
~~~~~~~~~
ဒေါ်စု မဲဆွယ်တော့ လူကိုကြည့်ပြီး မဲပေးကြပါဆိုပြီး ပြောတယ်။ အဲ့ဒါ ဦးနု Idea ကို ယူသုံးတာ ဘဲ။ သူ့ Idea မဟုတ်ဘူး။ ဦးနုက သန့်ရှင်းနဲ့ တည်မြဲ ရွေးကောက်ပွဲမှာ ဒီအတိုင်း ပြောပြီး ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်တရားဝင်သတ်မှတ်ပေးမယ်လို့ကတိပေြး ပီး ရွေးကောက်ပွဲ အနိုင်ရသွားတယ်။ အဲ့ခေတ်က လူတွေ ဦးနုကို ပုံမြင်တာနဲ့ ထိုင်ရှိခိုးကြတယ်။ ဒေါ်စုကြည်က အဲ့အဆင့်တော့မရောက်ပေမယ့်သူကမယ်တော်ကြီးဖြစ်နေပြီတဲ့။သူ့ပါတီကအမျိုးသမီး တစ်ယောက် အဘကို ပြောပြတာ။ ညတိုင်း ဒေါ်စုအိမ်ကို ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ဗားမဲဆရာတော်၊ သာမည ဆရာတော်တွေ ကြွကြွလာတယ်ဆိုဘဲ။ အဘက ပြန်ပြောလိုက်တယ်။ နင် ချေး စားပြောတောင် ငါမယုံဘူး။ အဲ့လို အဆင့်ဖြစ်နေရင် ဘယ်သူမှ နိုင်ငံရေး လုပ်မနေတော့ဘူးလို့။ ဒီလို ဝါဒမှိုင်းတွေကလည်း တိုက်ကြ တယ် လူတွေ အထင်ကြီးအောင်၊ တောကလူတွေ သွားမေး ကြည့် ဒေါ်စု ဗိုလ်ချုပ်သမီး ဆိုတာက လွဲပြီး ဘာမှ မသိဘူး။
~~~~~~~~~
ဒေါ်စု အာဏာရရင်ဘဲ တိုင်းပြည်က ချက်ချင်း နတ်ရေကန်ထဲ ကျသလို ပြောင်းလဲသွားမယ်လို့ ထင် နေကြတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်း တိုးတက် ပြောင်းလဲ ရမှာ။ တစ်ကယ်လို့ သူတို့ ထင်သလို ချက်ချင်း ဖြစ်လာမယ် ဆိုရင် အခု အဘ အသက် ၇၀ ရှိပါသေးတယ်။ ခေါင်းဖြတ် ခံကြေး လောင်းရဲတယ်။ ဘယ်တော့မှ ဖြစ်မလာဘူး။
~~~~~~~~~
စာရေးဆရာ တစ်ဦးရေးတယ်။ ဒေါ်စုအတွက် အနောက်တိုင်းသား အင်္ဂလိပ်ကို ယူခဲ့လို့ အနောက် အုပ်စု ထောက်ပံ့မှုရတယ်။ မြန်မာလူမျိုးကတော့ ဒီအချက်ကို လုံးဝ မကြည်ဘူး။ ရှုံ့ချတယ်။ ဒေါ်စု ရဲ့ အမြတ်နဲ့ အရှုံးဘဲ။
~~~~~~~~~
ထိုင်းနိုင်ငံမှာ ပိုက်ဆံပေါ်မှာ ဘုရင့်ပုံ ရိုက်နှိပ်ထားတယ်။ အဘ တစ်ခါက သမီးနဲ့ ထိုင်းကို သွားတော့ ကောင်လေးတစ်ယောက် ပိုက်ဆံ လွင့်သွားလို့ ခြေထောက်နဲ့ လှမ်းထိန်းလိုက်တာ ရဲက ချက်ချင်း ရောက်လာပြီး ဖမ်းတယ်။ ဒို့ဆီမှာ ကိုယ့်နိုင်ငံ အကြီးအကဲရော ဘာရော နားမလည်ဘူး ရေးချင်သ လိုရေး၊ ဆဲချင်သလိုဆဲနေကြတယ်။ အဲ့ဒါ လူ့အခွင့်အရေးမဟုတ်ဘူး။ မိမဆုံးမ ဖမဆုံးမ အဆင့် ရောက်သွားပြီ။
~~~~~~~~~
ခုတစ်လော ဗြိတိသျှသံရုံးက အတွင်းဝန် ကောင်လေးတစ်ယောက် ဒေါ်စုအနားမှာ အချိန်ပြည့် ပါနေတယ်။ဘာအတွက် ရောက်နေမှန်းမသိနိုင်ပေမယ့် သူလျှိုလား ၊ ဘာအကြံအစည်တွေ ပေးနေ တာလည်း ... စဉ်းစားစရာ ဖြစ်လာပြီ။
~~~~~~~~~
အင်္ဂလန်နိုင်ငံက ကမ္ဘာ့နိုင်ငံ တော်တော်များများကို သိမ်းပိုက်ခဲ့ပြီး ချမ်းသာနေတယ်။ သူတို့ ဘယ် နိုင်ငံကို လှူတာတန်းတာ မြင်ဘူးလဲ။ ရေဘေးမှာ မြန်မာပြည်ကို လာလှူတဲ့ထဲ လုံးဝ မပါဘူး။ စဉ်းစားသာ ကြည့်ကြပေါ့။
~~~~~~~~~
တစ်သီးပုဂ္ဂလတွေကို မဲမပေးဖို့ ဒေါ်စု ကယားပြည်နယ်မှာ ပြောခဲ့တယ်။ အများစုကတော့ အဲ့မှာ အရွေးခံမယ့် ဗိုလ်ချုပ်စိုးသိန်း တို့ကို ပြောတယ် ထင်ကြတယ်။ အဘကတော့ NLD က ဖယ်ထုတ် ခံရပြီး တစ်သီးပုဂ္ဂလ အရွေးခံမယ့် Dr.ညိုညိုသင်းတို့လို လူမျိုးတွေကို ပြောတာလို့ထင်တယ်။ (အဖွားကြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ပြောသွားတာပါ။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က အစိုးရ မဖွဲ့နိုင်ပေမယ့် သူ့ဒေသ သူ့ရပ်ရွာ အကျိုးကို လုပ်ဆောင်ပေးနိုင်တယ်။ လိုအပ်ရင် လွှတ်တော်မှာ တင်ပြနိုင်တဲ့ အခွင့်အရေး ရှိပါတယ်) အဘလည်း လွှတ်တော် တက်လာတာ NLD လွှတ်တော် ထဲမှာ တစ်ရေးနိုးမှာ တစ်ခါလောက်ဘဲ မေးခွန်းမေးဘူးတာ သိတယ်။ အခု ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်းဟန်ဟန်ပန်ပန် လာက်လောက်လားလား ဘယ်နှစ်ယောက်မှ မပါ တာ သေချာတယ်။
~~~~~~~~~
မဲပေးပါ။ ဘယ်သူ့ကို ပေးပါလို့ မပြောဘူး။ သေချာစဉ်းစားပါလို့ဘဲ အဘ ပြောချင်တယ်။ အခုပြော ခဲ့တာ အားလုံး မုသားမပါဘူး။ မုသားပါခဲ့ရင် ဘဝဆက်တိုင်း သံသရာမှာ လူမဖြစ်ပါစေနဲ့လို့ ကြိမ်ပြော တယ်။ ။

( ယဉ်ကျေးမှုရတနာခန်းမ ၊ ၇.၁၀.၂၀၁၅ )
Credit : Tin Latt Yu

No comments:

Post a Comment