Wednesday, September 2, 2015

ဘဏ်ငွေစာရင်းတစ်ခုမှလွဲ၍ ကျန်ပိုင်ဆိုင်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် လိမ်ညာခြင်းသာ ဖြစ် ဟု ဆို




သြဂုတ်လ ၃၀ ရက်က နေပြည်တော်ခရိုင်အတွင်း မဲဆွယ်စည်းရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းတွင် ဘဏ်ငွေ စာရင်း တစ်ခုမှလွဲ၍ ကျန်ပိုင်ဆိုင်မှုများ မရှိကြောင်း ၊ ရန်ကုန်တက္ကသိုလ် ရိပ်သာ လမ်းရှိ ခြံအမှတ်(၅၄)နှင့် နေပြည်တော် ရှိ နှင်းဆီစံအိမ်တို့မှာ ၄င်းပိုင်ဆိုင်ခြင်း မဟုတ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို   နိုင်ငံရေးလေ့လာသူများက ဝေဖန်ကြသည်။
“အပြောကတော့ ရွှေမန်းပဲဆိုတဲ့ စကားပုံကိုတောင် ပြောင်းရမလိုပဲ။ ဒေါ်စုက ကျွန်မပိုင်တာ
ငွေစာရင်းတစ်ခုကလွဲရင် ဘာမှ မရှိဘူးဆိုတော့ ဟာသပုံပြင်တစ်ပုဒ်ကို သတိရမိတယ်။ သန်းကြွယ်သူဌေးကြီးတစ်ယောက်က ဧည့်ခံပွဲတစ်ခုမှာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျွန်တော် ဒီမြို့ ကို ရောက်လာတဲ့အချိန်မှာ ကျွန်တော့်မှာ ပိုင်ဆိုင်တာဆိုလို့ အိတ်တစ်လုံးပဲပါတယ် လို့ အတိတ်ကို လွမ်းလွမ်းဆွေးဆွေးပြောပြတယ်တဲ့။ အဲဒီတော့ အားလုံးက ဒီသူဌေးကြီးက လက်ဖဝါးခြေဖဝါး ကနေ ဆယ်နှစ်အတွင်း သန်းကြွယ်သူဌေး ဖြစ်အောင် ကြိုးစားနိုင်တဲ့ တကယ့်လူတော်ဆိုပြီး ဝိုင်းချီးကြတယ်။ အဲဒီအချိန်မှာ စပ်စုတတ်တဲ့သူတစ်ယောက်က အဲဒီတုန်းက ခင်ဗျားအိတ်ထဲမှာ ဘာတွေပါသလဲဗျ လို့မေးတော့ သူဌေးကြီးက ကျွန်တော့်အိတ်ထဲမှာ ပါတာကတော့ ဒေါ်လာ ၁၀ သန်းပါ လို့ ပြန်ဖြေသတဲ့။ အခုလဲ ဒေါ်စုက ကျွန်မပိုင်တာ ငွေစာရင်း တစ်ခုထဲပါဆိုတော့ အဲဒီငွေစာ ရင်း က ဒေါ်လာ သန်း ၁၀၀ လား၊ ၂၀၀ လား၊ ဘယ်ကရတဲ့ငွေတွေလဲ၊ ဝင်ငွေခွန်ရော ဆောင်ထားလားလို့တော့ မေးလိုက် ချင်သား” ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးဟိန်းက ပြောကြားခဲ့သည်။
“တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို ဒေါ်စုမပိုင်ဘူးဆိုတာ မှန်ပါတယ်။ အဲဒီအိမ်က ဦးအောင်ဆန်းဦး နဲ့ အမွေမှုဖြစ်နေတာ ဆိုတော့ သူပိုင်တယ်ပြောလို့မရဘူး။ နေပြည်တော် က နှင်းဆီ စံအိမ်ဆိုတာက ခရိုနီတစ်ယောက်က အမေစု နေဖို့ ဆိုပြီးဆောက်ပေးထား၊ ခရိုနီဆိုတာလည်း ပြည်သူဆိုတော့ ပြည်သူတွေ ပေးတာနဲ့ အဆင်ပြေပါတယ် လို့ ဒေါ်စုက ပြော လို့ တော့ ရ တာပေါ့။ ဒါပေမယ့် ခရိုနီဆိုတဲ့အမျိုးက အကျိုးလိုလို့ ညောင်ရေလောင်းတာချည်းပဲ။ NLD သာ အစိုးရ ဖွဲ့နိုင်ခဲ့ရင်ဆိုပြီး ကြိုတင်လာဘ်ထိုးတဲ့သဘောနဲ့ အိမ်ဆောက်ပေးထားတာကို မျက်နှာပြောင်ပြောင်နဲ့တက်နေရဲတာ ဒေါ်စုလဲ နည်းတဲ့အရည်အချင်းတော့မဟုတ်ဘူး” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်သူ ကိုထွန်းလင်းအောင်က “ဒေါ်အောင်ဆန်းစုကြည် အိမ်မပိုင်တာ မြေ
မပိုင်တာ အံ့သြစရာမှ မရှိတာ။ သူ့သားတွေက နိုင်ငံခြားသားတွေ၊ မြေပိုင်လို့ မရဘူး။ ဒေါ်အောင်
ဆန်းစုကြည် မြေပိုင်ရင်လဲ သူ့သားတွေ အမွေခံလို့မရဘူး ။ ဒါကြောင့် မြေမဝယ်ပဲ နိုင်ငံခြားမှာပဲ ဘဏ်စာရင်းဖွင့်ထားတာ။ တစ်ခုပဲ ။ အဲဒီဘဏ်စာရင်းမှာ ဘယ်သူတွေက ဘယ်တုန်းက ဘယ်လောက် ထည့်ပေးထားတယ်ဆိုတာ စာရင်းရှင်းနိုင်မလား။ ကျွန်တော် သိသလောက် ဆိုရင် ၁၉၈၈ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုက်ဆံရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ် မလုပ်ခဲ့ဘူး။ စာတစ်အုပ်လား ၊ နှစ်အုပ်လား ရေးခဲ့တဲ့စာရေးခ၊ နိုဘယ်ဆုနဲ့ တစ်ခြားဆုမျိုးစုံအတွက် ရတဲ့ဆုကြေးတွေ ရှိမယ်။ သူ့ဘဏ်စာရင်းမှာ ရှိတဲ့ငွေက အဲဒီငွေတွေထက် မပိုဘူးဆိုတာ စာရင်းစစ်ခံနိုင်မယ်ဆိုမှပဲ ဒေါ်စုကို ရိုးသားတဲ့သူလို့ ယုံနိုင်မယ်” ဟု ဆိုသည်။

“ကျောက်ပန်းတောင်း-မြင်းခြံ ကားလမ်းမကြီးဘေးမှာ သိန်းငါးရာနဲ့ ဒေါ်စု ၀ယ်ထားတာကရော ဘယ်သူ့ဟာလဲ။ ပြောတော့ ဘဏ်စာရင်းတစ်ခုပဲ ရှိတယ်။ ပိုင်ဆိုင်ထားတာတွေက အများကြီး။ ဒါလည်း ပြည်သူပေးတာလေးတွေ ယူနေတယ် ဆိုတဲ့ သဘောလား။ သူ့လို လူမျိုးက အမှန်ကိုပြော သင့်တယ်။ လူထုကို မညာသင့်ဘူး။ အခုတော့ ဘယ်လိုမှ ယုံကြည်ချင်စရာကို မကောင်းဘူး။ အလကား လျှောက်ပြောနေတာတွေ” ဟု ကျောက်ပန်းတောင်း NLD ခေါင်းဆောင်တစ်ဦးနှင့် နီး စပ်သူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဘဏ်စာရင်းတစ်ခုသာ ပိုင်ဆိုင်သည် ဟု ကြေညာထားသော်လည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးကျေးရွာ ရှိ ကျောက်ပန်းတောင်း-မြင်းခြံ ကားလမ်းမကြီးဘေး မြေကွက်တစ်ကွက်ကို သိန်း ၅၀၀ ဖြင့်  ၀ယ် ယူထားသည့် အထောက်အထား စာချုပ်စာတမ်းများကို အများပြည်သူ သိရှိနိုင်ရန် ပြည်သူ့ အာဏာကဖ်ာပြလိုက်သည်။

PP

 

No comments:

Post a Comment