Wednesday, August 26, 2015

ရွးကောက်ပွဲ ကော်မရှင်ကဘက်လိုက်တာလား၊NLD က အခွင့်ထူးခံတာလား



မကြာခင်မှာ ၂၀၁၅ အတွက် ရွေးကောက်ပွဲကြီးစတင်ပါတော့မယ်။စတင်တော့မည့်ရွေးကောက်ပွဲအတွက် ပါတီအားလုံး ဟာလည်း ကိုယ်စားလှယ်လောင်း စာရင်းတွေ တင်သွင်းပြီးဖြစ်သလို ၊ ကိုယ်စားလှယ်လောင်း များ ဟာလည်း တက်ကြွတဲ့ ကြက်ဖဆိုသလို သတ်မှတ်မဲဆွယ်ကာလကို စောင့်ဆိုင်း
နေကြတာကိုတွေ့ရပါတယ်။ပါတီတွေဟာ သတ်မှတ်မဲဆွယ်ကာလကို ဘာကြောင့် စောင့်ဆိုင်းနေ ကြသလဲဆိုရင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်ကာလမဟုတ်ပဲ မဲဆွယ် ရင် ရွေးကောက်ပွဲကော်မရှင် စည်းကမ်းနဲ့ငြိစွန်းမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင် စည်းကမ်း ချက်နဲ့  ငြိစွန်းရင် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်သည်အထိအရေးယူ
ခံရမှာကြောင့်ဖြစ် ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဝင်တဲ့ ပါတီတ ရွေးကောက်ပွဲကော်မရှင်ရဲ့စည်းကမ်းချက်ကိုလိုက်နာကြရပါတယ်။စာဖတ်သူမျက်စိထဲမြင်အောင်ပြောရလျှင်  ရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ ၈ ရက်နေ့မှ နို ၆ ရက်နေ့အထိ ရက်ပေါင်း၆၀ တိတိမဲဆွယ်ခွင့်ပေးထားပါတယ်။ပါတီအားလုံးတပြေးညီ စည်းကမ်းပါ။ အဲ့ဒီသတ်မှတ်ရက်မတိုင် ခင် မဲဆွယ်လို့မရပါဘူး။သတ်မှတ်ရက် ၆၀အတွင်းမှာ  ကြိုက်သလိုမဲဆွယ်နိုင်ပါတယ်။မှန်ကန်တဲ့ ငယ်ကျိုးငယ်နာကအစ ဖော်ပြီး  မဲဆွယ်နိုင်ပါတယ်။သတ်မှတ်ရက်အတွင်းမှာဆို တိုင်းကြားခွင့် တိုင်ကြားလို့မရပါဘူး။
ဒါပေမယ့်  NLD ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်ကို မျက်စိထဲ မထည့်သလို တိုင်အ မှတ်ဖြင့်  နှပ်တောင်မသုတ်ပါဘူး။ရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားသည့်  စည်းကမ်း ချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပါတီဝင်တွေအပါအ၀င်  ပါတီဥက္ကဌ ကိုယ်တိုင်နယ်တွေကို ကွင်းဆင်းပြီး  မဲဆွယ်နေပါတယ်။ဒိုက်ဦးဘက်ကိုသွားတုန်းကဆိုရင် လူထုတွေ ကိုစုစည်းပြီး  မိုက်ကြီးတပ် အော်လန်ကြီးနဲ့ "လူကိုမကြည့်ကြပါနဲ့ ပါတီကိုကြည့် မဲထည့်ပေးပါ" ဆိုတာရယ် ကော့မှုးမှာ "ဇေကမ္ဘာကြီးကျွေးတာစား ပေးတာယူ မဲ တော့ဒီချုပ်ကိုထည့်" ဆိုတာမျိုးတွေနဲ့နယ်တွေကိုဆင်းပြီး မဲဆွယ်ကာလမဟုတ်ပဲ မဲဆွယ်နေ ပါတယ်။
ဒါကို  ရွေးကောက်ပွဲကော်မရှင်ကလူတွေကမျက်လုံးကန်းနေတာလား။ဒါမှမဟုတ်ရင် NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ရဲ့စည်းကမ်းချက်နဲ့ကင်းလွတ်ခွင့်ရနေတာလား။ဒါတင်မကသေးပါဘူး ရန်ကုန်ဆိပ်ကမ်းသာဘက်မှာလည်း တစ်အိမ်တက်ဆင်း အိမ်ပွဲစားတွေကနေတဆင့် NLD အကျီတွေနဲ့ မဲစာရင်းစိစစ်ခြင်းလမ်းညွန်ဆိုတဲ့အကြောင်းပြချက်နဲ့  "ဒီလိုပေးရတယ်နော်"ဆို တာ မျိုး ၊ မဲစာရင်းမှာပါတယ်..NLD ကို  ဒီလိုပေးရတယ်နော် ဆိုတာမျိုးတွေနဲ့ မဲဆွယ်နေပါတယ်။ ဒီတော့ NLD ပါတီက ဒီချုပ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရွေးကောက်ပွဲကော်မရှင်ကို  မျက်စိထဲမထား၊ချမှတ်ထားတဲ့ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းကို လိုက်နာမှုမရှိတာတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မျက်ကွယ်ပြုထားတာဟာကျန်တဲ့ယှဉ်ပြိုင်မယ့်ပါတီတွေအတွက် များစွာနစ်နာပါတယ်။စည်းကမ်းဖောက်ဖျက်သူကို အရေးမယူလျှင်၊သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာရင် အရေးမယူမယ့်အတူတူ၊အဲ့ဒီစည်းကမ်းကိုအစကတည်းကမထုတ်သင့်ပါဘူး။ဒါမှသာ ကျန်တဲ့ပါတီတွေအတွက် မျှတပါလိမ့်မည်ဟုထင်ပါသည်။
ဒီလိုမှမဟုတ်ပဲ ရွေးကောက်ပွဲကော်မရှင်က သိသိကြီးနဲ့အရေးမယူရင်အခြားစည်း ကမ်းလိုက် နာတဲ့ပါတီတွေများစွာနစ်နာပါတယ်။ပါတီကြီးမို့လွတ်ပေးတာဆိုရင် ရွေးကောက်ပွဲကော်မရှင်ရဲ့စည်းကမ်းချက်ဟာ သရေကွင်းစည်းကမ်းချက်ကြီးဖြစ်နေတယ် အခြားပါတီတွေမြင်ရင် ရွေးကောက်ပွဲကော်မရှင်
အပေါ် ယုံကြည်မှုတွေလျော့နည်းနိုင်ပါတယ်ခင်ဗျာ။အခုလို တုံဏိဘာဝေလုပ်နေတာဟာ ရွေး
ကောက်ပွဲကော်မရှင်က ဘက်လိုက်သလိုဖြစ်နေပြီးNLD ပါတီ ကတော့ လိုချင်တာ  Fair & Justic လုပ်နေတာက အခွင့်ထူးခံဆိုသလိုဖြစ်နေကြောင်းပါခင်ဗျား..

ဦးခင်စိုး(ဒိုက်ဦး)

No comments:

Post a Comment