Wednesday, August 12, 2015

ပခုက္ကူမြို့နယ် NLD ဥက္ကဌဟောင်း ဦးသန့်ရှင်း၏ ပခုက္ကူမြို့နယ်သူနယ်သားများသို့ တိုက်တွန်းချက်

Aug 12, 2015
ပခုက္ကူ မြို့နယ်သူ မြို့နယ်သားများသို့ တိုက်တွန်းနှိုးဆော်ချက်
ပခုက္ကူ မြို့နယ်သူ မြို့နယ်သား အပေါင်းတို့ NLD ဗဟို၏ ပခုက္ကူမြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုက နိုင်ငံရေး
သတိပေးနေပြီ ဖြစ်သည်။
NLD ဗဟိုက ပခုက္ကူကိုယ်စားလှယ်လောင်းလျာထားရန် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့်အောင်နိုင်ရေး အဖွဲ့တို့ကို ရွေး ချယ်ရေးမူ ချမှတ်ကာ တာဝန်ပေးလိုက်သည်။ ထိုတာဝန်ကို ဗဟိုမူအတိုင်း လျှို့ဝှက်မဲခွဲ ဆုံးဖြတ် လျာထားပေးလိုက်သည်။ ထိုလျာထားချက်ကို တိုင်းအမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေး အဖွဲ့တို့ကလည်း ထပ်ဆင့်ထောက်ခံချက်ပေးခဲ့သည်။ ထိုကိုယ်စားလှယ်(၄) နေရာ အားလုံးကို ဗဟိုက ပယ်ချခြင်းသည် ဒီမိုကရေစီမဟုတ် ဘဲ အောက်ခြေပါတီနှင့် ပခုက္ကူပြည်သူ့အသံကို အလေးမထားသော အာဏာရှင်စရိုက်ဖြစ်သည်ကို တွေ့ရှိကြရပေမည်။
ထို့ကြောင့် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး သည်ကို ပခုက္ကူသားတို့ တစ်ကြိမ် မက နှစ်ကြိမ်ထိ တွေ့ရှိနေရပြီ ဖြစ်သည်။ ဤကဲ့သို့ NLD ဗဟို၏ ပါတီအောက်ခြေနှင့် ပခုက္ကြူ ပည်သူ တို့ အသံကို နှစ်ကြိမ်ဆက်တိုက် မထီမဲ့မြင်ပြုခြင်းသည် အနာဂါတ် မြန်မာ့နိုင်ငံရေးအတွက် မီးနီပြသနေပြီ ဖြစ်သည်။ အာဏာရှင်အမူအကျင့်နှင့် အဂတိဖက်မှုကို NLD ကျင့်သုံး၍ ဒီမိုကရေစီနှင့် တရားမျှတမှု ဖြစ်ပေါ်လာ မည်မဟုတ်။ ထို့ကြောင့် ပါတီအောက်ခြေနှင့် ပခုက္ကူပြည်သူ့အသံကို အလေးမထားသော NLD ကို သတိထားကြဖို့ အချိန်တန်ပြီဖြစ်သည်။ ဤသို့သော NLD ကို လက်လွတ်စပယ် ပုံအောလိုက်မည်ဆိုလျှင် အနာဂါတ်မြန်မာ့နိုင်ငံရေး အတွက် နောင်တရစရာ ဖြစ်သွားနိုင်သည်။ ဆိုလိုသည်မှာ ညံ့ဖျင်းသော လွှတ်တော်ပေါ်ပေါက် လာမည်ဖြစ်သည်။ တစ်နည်းဆိုသော် အာဏာရှင်စရိုက်နှင့် အဂတိဖက် ရွေးချယ် ထားသူများ လွှတ်တော် ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုလွှတ်တော်မျိုး ပေါ်ပေါက်မလာအောင် ဘဝင်မြင့် ဂုဏ်မောက်နေသော NLD ကို အချိန်မှီ အခါမီ ဝိုင်းဝန်းဆုံးမနိုင် မှသာ အနာဂါတ် မြန်မာ့နိုင် ငံရေးအတွက် ပခုက္ကူသားတို့ သတိတရားရှိရာ ရောက်ပေလိမ့်မည်။ ပခုက္ကူသားတို့ သည် ပါတီစွဲ ပုဂ္ဂိုလ်စွဲကို မှားမှား မှန်မှန် တရေသေ ဆုပ်ကိုင်ကြသူများ မဟုတ်ကြောင်း ပခုက္ကူသားတို့ ၏ မြင့်မားသော နိုင်ငံရေးရေချိန်ကို ပြသကြရတော့မည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။
သန့်ရှင်း(ပခုက္ကူ)
၈-၈-၂၀၁၅

No comments:

Post a Comment