Wednesday, August 12, 2015

NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ပါတီဝင်များကို အာဏာရှင်ဆန်ဆန် ဆက်ဆံဟု ဘိုကလေး NLD ခေါင်းဆောင် ပြောကြား

Aug 12, 2015
NLD အောင်နိုင်ရေးရုံးသို့ ကိုယ်စားလှယ်လောင်းရွေး
ချယ်ရေး ပြန်လည်စိစစ်ပေးရန် သွားရောက်ခဲ့သော 
ဧရာဝ တီတိုင်း ဘိုကလေးမြို့နယ် NLD အဖွဲ့ဝင်များ
အား NLD CEC ဦးဝင်းထိန်က အာဏာရှင်ဆန်ဆန် 
ဆက်ဆံခဲ့ ကြောင်း ဘိုကလေး NLD အလုပ်အမှုဆောင်
 ဦးအောင်မြင့် က ပြောသည်။
''မြေနီကုန်းအောင်နိုင်ရေးရုံးကို ရောက်သွားတဲ့အခါမှာ ဦးတင်ဦး ရောက်လာတယ်။ ကျွန်တော်တို့ ဘိုကလေး အလုပ်အမှုဆောင်အဖွဲ့ အောင်နိုင်ရေးအဖွဲ့တွေနဲ့တွေ့တော့ ဧရာဝတီတိုင်းဥက္ကဋ္ဌဒါက်တာမျိုးညွန့်နဲ့ ဦးတင်ဦး နဲ့ စကားပြောတာကို ရပ်စောင့်နေပြီး အနီးနားမှာရှိနေတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဦးတင်ဦး ကို ပြောတယ်။ အန်ကယ် အနားယူပါလို့ ဒေါ်အောင်ဆန်းစုကြည် က အမိန့်ချတယ်။ ဘာပြဿနာမှ မဖြေရှင်းပါနဲ့။ ပြီးတော့ ကျွန်တော်တို့ဘက်ကို လှည့်ကြည့်ပြီးတော့ ခင်ဗျားတို့တွေက ဦးတင်ဦးကို ပြဿနာတွေကို ဖွင့်ချဖို့ မကြိုးစားပါနဲ့။ ပြဿနာတွေကို ကျွန်တော်တို့ ပဲ ဖြေရှင်းမယ်။ ကျွန်တော်တို့နဲ့ပဲဆိုင်တယ်ဆိုပြီး ခပ်မာမာ လှမ်းဟောက်တယ်။ ဒါဟာ နယ်က တက်လာတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ လူကြီးလူကောင်းလို မဆက်ဆံဘဲနဲ့ စစ်သားပီပီ စစ်သားအကျင့်မပျောက်သေးဘဲနဲ့ အာဏာရှင်ဆန်စွာ အမိန့်ပေးတာ၊ ဟိန်းတာ ဟောက် တာတွေ လုပ်တယ်''ဟု ဦးအောင်မြင့်က သြဂုတ် ၁၀ ရက်က News Watch သို့ ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ၏ မူလအခြေအနေသည် မြန်မာတပြည်လုံးအတိုင်းအတာနှင့် အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်လောက်သည့် အခြေအနေတွေ့ရကြောင်း၊ သို့သော် ကိုယ်စား လှယ်လောင်း စိစစ်ရွေးချယ်ရေးကိစ္စတွင် NLD ဗဟိုမှ ၎င်းတို့၏သဘောနှင့် ပရမ်းပတာ ရွေးချယ် လိုက်သည့်အကျိုးဆက် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အောင်နိုင်ရေး အဖွဲ့ဝင်များသည် စိတ်ဓာတ်ကျဆင်းပြီး အလုပ်လုပ်ချင်စိတ် မရှိတော့သည်ကို တွေ့ရကြောင်း၊ NLD ဗဟိုမှ ဦးဝင်းထိန်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညံ့ဖျင်းမှု၊ ပရမ်းပတာလုပ်မှုကြောင့် ၂၀၁၅ ရွေး ကောက်ပွဲတွင် NLD ရှုံးနိမ့်သွားနိုင်သည့် အခြေအနေကိုတွေ့ရကြောင်း၊ ယခုလို ဦးဝင်းထိန်နှင့်တကွ CEC တို့၏ လုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည် သိစေရန် အားလုံး အတူတကွ ၀ိုင်းဝန်းအသိပေးလုပ်ကိုင်ရမည်ဖြစ် ကြောင်း သတင်းမီဒီယာတွေမှတဆင့် NLD အဖွဲ့ဝင်များအားလုံး ၀ိုင်းဝန်းပြောဆိုမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောဆိုသည်။
''တိုတိုပြောရရင် နိုင်ငံရေးဝမ်းစာ မရှိတဲ့လူတွေ CEC ဖြစ်နေတော့ နိုင်ငံရေးကို သူတို့မကိုင်တွယ်
တတ်ဘူး။ နောက်ပြီး မဆလဟောင်းတွေရဲ့ အကျင့်စရိုက် မပျောက်ဘူး။ ဟောက်ချင်တယ်၊ ဟိန်းချင်တယ်။ ဒီတဖွဲ့လုံးကို NLD ပါတီဝင် တော်တော်များများက မကျေမနပ်ဖြစ်နေကြတယ်''ဟု ၎င်းက ပြောကြားသည်။
ယခုအခါ NLD ဗဟိုတွင်ရှိသော ဦးဝင်းထိန်နှင့် ကျန်ပုဂ္ဂိုလ်အချို့၏ ကိုယ်စားလှယ်လောင်း စိစစ်ရွေး ချယ်ရေး အာဏာအပြည့်အ၀ ရှိနေခြင်းကြောင့် ကိုယ်စားလှယ်လောင်း ဖြစ် သင့်ဖြစ် ထိုက်သူ အများစု ရွေးချယ်မခံခဲ့ရဘဲ ၎င်းတို့နှင့်နီးစပ်သူများ၊ အလွမ်းသင့်သူများနှင့် ကပ်ဖားရပ်ဖား လုပ်သူများသည် NLD ကိုယ်စားလှယ်လောင်း ဖြစ်ရန် ရာနှုန်းပြည့် သေချာသည်ဟု မြို့ နယ်ခေါင်းဆောင်များ၏ ပြောဆိုချက်များနှင့် ရဲသတင်းတပ်ဖွဲ့ဝင်များ၏ ပြောစကား များအရ သိရှိရသည်။
ကိုဗညား
Photo - ၁ - (၀ဲမှယာ) ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့အား ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းဖွင့်ပွဲနေ့ ၂၀၁၄ အောက်တိုဘာ ၂၅ ရက်က အတူတကွ တွေ့ရစဉ်
၂ - ဘိုကလေး NLD အလုပ်အမှုဆောင် ဦးအောင်မြင့်

No comments:

Post a Comment