Tuesday, August 25, 2015

“မန်း” ခရိုနီအင်ပါယာ ကျဆုံးခန်း

Aug 24, 2015
'တူဖြစ်တုန်းကနှံခဲ့ပြီး ပေဖြစ်တဲ့အလှည့်မှာ ခံလိုက်ပေဦးတော့ “တိုးနိုင်မန်း”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နေပြည်တော်ညတစ်ည ရဲ့ အခြေအနေတစ်ခုကို သတင်း မီဒီယာတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေအားလုံး စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ အဲဒီည အလွန်၊ နံနက်မှာတော့ ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌရာထူး ကနေ ဖယ်ရှား လိုက်ပြီ ဆိုတဲ့သတင်းတွေ တက်လာပြီး ပြည်ခိုင်ဖြိုးပါတီ လူပြောင်းစာရင်းထွက်လာ ပါတော့တယ်။
သူရဦးရွှေမန်းရဲ့ အားထားရတဲ့ သားတစ်ယောက် ဖြစ်တဲ့ ဦးတိုးနိုင်မန်းကို The Messenger Media က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
မေး ။ ။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အခုဘယ်မှာလဲ။
တိုးနိုင်မန်း ။ ။ လွှတ်တော်ဥက္ကဋ္ဌကြီးက သူ့အိမ်မှာရှိပါ တယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါ တယ်။ သူပုံမှန် အလုပ်လုပ်နေပါတယ်။ ကျွန်တော့်အနေအထား ကတော့ ကျွန်တော့် အိမ်မှာ။ ဘယ်မှလည်း ကျွန်တော်မ သွား ပါဘူး။ ကျွန်တော့်ကိုပေါ့၊ လိုအပ်ချက်ရှိလို့လားတော့ မသိဘူးပေါ့။ လုံခြုံရေးအဖွဲ့ဝင် ခုနစ်ယောက်နဲ့ (၁၀)ယောက်ကြားအဖွဲ့ကတော့အိမ်ဘေးမှာ ရှိနေကြပါတယ်။
မေး ။ ဥက္ကဋ္ဌနဲ့ ဖုန်းပြောဖြစ်သေးလား၊ သူကရော ဒီကိစ္စအပေါ် ဘာပြောသေးလဲ။
တိုးနိုင်မန်း ။ ။ ကျွန်တော်နဲ့ ဖုန်းတစ်ကောပဲ ရသေးတယ်။ ကျွန်တော်နဲ့ (၁၅)စက္ကန့်လောက်ပဲ ပြောဖြစ်ပါသေး တယ်။ သားနေကောင်းလား၊ ကောင်းတယ်၊ အဖေနေကောင်း လား၊ ကောင်းတယ်။ အမေတော့ နေသိပ် မကောင်းဘူး။ မင်းဘယ်မှာရှိလဲ။ ကျွန်တော်ရန်ကုန်မှာရှိတယ်၊ အေး ပေါ့ကွာ။ အဆင်ပြေအောင်နေကြ။ ဒါပဲပြောပါတယ်။ ကျန်တာဘာမှ မပြောသေးပါဘူး။
မေး ။ ။ ဒါဆို ကြံ့ခိုင်ရေးမှာပြင်ဖို့လုပ်တဲ့ လူနဲ့ထွက်ပြေးတဲ့ လူဆိုပြီး ကွဲသွားတယ်လို့ ပြောချင် တာလား။
တိုးနိုင်မန်း ။ ။ အဲဒီတော့ အဲဒီပေါ်မှာ ကျွန်တော့်အဖေရဲ့ စိတ်ဆန္ဒက မိသားစုရဲ့ ဆုံးဖြတ်ချက် အရရော၊ ကျွန်တော် တို့ ဒီပါတီကိုပစ်မပြေးဘူး။ ရအောင်ပြင်ကြမယ်။ တစ် ရာခိုင်နှုန်းပဲရရ (၁ ဒသမ ၅) ရာခိုင်နှုန်းပဲရရ။ မပြင်ဘဲ ထားတာနဲ့စာရင်တော့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ကြမယ်ဆိုပြီး လုပ်ကြတယ်ပေါ့။ လုပ်တဲ့ အခါကျတော့ ပါတီမှာဘာလေးတွေ နည်းနည်းလေးရှိ လာလည်းဆိုတော့၊ ပါတီမှာနဂိုတုန်းက ပါတီပုံစံမရှိသေး ဘဲနဲ့ အစုအဖွဲ့ပုံစံကနေ ပါတီပုံစံပြောင်းရတဲ့ အခါကျ တော့ နည်းနည်းလေး roll လေးတွေ မတူတော့ တာရှိ တယ်။ conflict လေးတွေရှိပါတယ်။ ဒါကတော့ organization တစ်ခုမှာ change ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တတ်တဲ့သဘော ရှိတာပေါ့။ အနီနဲ့ အစိမ်းရဲ့တိုက်ပွဲ။ ဒါသည် တိုက်ပွဲမဟုတ် တော့ဘူး။ ဒါသည် ကျွန်တော်တို့ပြိုင်ဆိုင်မှု။ တိုက်ပွဲရဲ့ သဘော ကတော့ အသေသတ်ရတယ်။ ပြိုင်ဆိုင်မှုရဲ့သဘောကတော့ အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားရတယ် ဆိုတဲ့ ဟာလေးကို ကျွန်တော်တို့ တည်ဆောက်ကြတယ်။ တည် ဆောက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံနဲ့ စကား ပြောဖို့လိုတယ်ဆိုတာကို ကျွန်တော်နားလည်လာတယ်။ အဲဒီတော့ စကားတွေ ပြော ကြတယ်။ ပြောကြတဲ့နေရာမှာ '' ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ပထမဦးဆုံး တွေ့ဆုံပွဲ'' မှာကျွန်တော် တော်တော်လေးစိုးရိမ်ခဲ့တယ်။ တစ်ဘက်ကလည်း ဆတ်ဆတ်ထိမခံ၊ တစ်ဘက် ကလည်း သတ္တိရှိရှိပြောတဲ့လူ။ ဝေ့၀ိုက်နေတဲ့လူမဟုတ်တော့ ပထမ ဆုံးပွဲမှာ ဒုက္ခတော့ များပြီလို့ တွေးလိုက်တယ်။ အဲဒီပွဲလုပ် တော့ ကျွန်တော်ကြားထဲမှာ ရှိပါတယ်။ ကျွန်တော် ပါ ပါတယ်။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌကြီးက ဘာပြောလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေး ကောက် ပွဲကို နိုင်အောင်သာလုပ်လာခဲ့၊ နိုင်အောင်လုပ်လာမှ ကျွန်တော်နဲ့ စကား ပြောလို့ရမှာ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြိုင်မှတော့နိုင်မှာပေါ့။ နိုင်အောင်ပြိုင်ရမှာ ပေါ့လို့ ပြန်ပြောတယ်။ ကျွန်မ နိုင်အောင်ပြိုင်မယ်။ နိုင်ပြီး ရင် စကားလာပြောမယ်။ ကျွန်တော့်အဖေ ဥက္ကဋ္ဌကြီး ကလည်း အိုခေ၊ ကျွန်တော့်ဘက်ကလည်း အလျော့မပေး ဘူး။ဒေါ်စုဘက် ကလည်း အလျော့ပေးစရာမလို ဘူး။ ကျွန်တော်တို့ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ယှဉ်ပြိုင် မယ်။ ယှဉ်ပြိုင်လို့ထွက်လာတဲ့ အဖြေကို နှစ်ဖက်လုံးက သဘော တူပေးရမယ်။ အဲဒီကနေ ရှေ့ဆက်ကြမယ်လို့ဆိုတာက ပထမဆုံး Meeting မှာ ပြောကြတာပေါ့။
ကျွန်တော် ထင်တာက ပထမဆုံး Meeting မှာ သာကြောင်း၊ မာကြောင်း၊ အဆင်ပြေ ကြောင်း ပြောမလား ထင်ထားတာ။ သူတို့နှစ်ယောက်က ထတွယ်ကြရော။ တွယ်တော့ ကျွန်တော် တော်တော်လန့်သွားတယ်။ အဲဒီ တော့ မှန်ကန်စွာယှဉ်ပြိုင်ခြင်းဆိုတဲ့အပေါ်မှာ အခြေပြု လိုက်ကျ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းနဲ့က အချို့ကိစ္စတော် တော်များများမှာ တိုင်ပင်စရာမလို ဘဲနဲ့ သူ့ဟာသူ Perception ခေါ်မှာပေါ့နော်။ ကြိုတင်ပြီးတော့ နားလည်မှုတွေရှိသွားတာပေါ့။ ဒီပေါ်မှာ လည်း နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဖြစ်လာတဲ့အချိန်မှာ ပါတီကြီးနှစ်ခုက လည်း တိုက်ပွဲဝင် ပုံစံမျိုး ဆိုတာထက် ယှဉ်ပြိုင်ဘက်ဆိုတဲ့သဘောမျိုးဖြစ် သွားတယ်။ ဒါပေမဲ့ တချို့တချို့သော သူတွေ က အကြောင်းအရာပေါ်မူတည်ပြီးတော့မှ ထောင် တာ၊ တိုက်ဖို့လုပ်တာတွေတော့ ရှိ ကောင်းရှိမှာ ပေါ့။
မေး ။ ။ ကျွန်တော်ဒီမှာ နည်းနည်းလေး ကြားဖြတ်ပြီးမေး ပါရစေ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒေါ်စု နီးစပ် လာတဲ့အတွက် ဒီလိုမျိုးအပြောင်းအလဲလုပ်တာလား။
တိုးနိုင်မန်း ။ ။ အဲဒါလည်း အချက်တစ်ချက်ထဲမှာ ပါတယ် ခင်ဗျ။ အဲဒါလည်း အချက်တစ်ချက် ပါတယ်လို့ ယူဆ လို့ရတယ်။ ဘာလို့လဲဆိုတော့။ ဒီအမျိုးသမီးကြီးက သူနဲ့ အဆင်ပြေပြီးတော့မှ ဒိုးတူဘောင်ဖက် အလုပ်လုပ်ဖို့ ဆိုတာ သိပ်တော့လွယ်လှတယ်လို့ မဟုတ်ဘူး။ အဲဒီတော့ ဒီအမျိုးသမီးကြီးက အပြည့်အ၀နီးပါး ထောက်ခံတယ်။ ဆိုပါစို့ဗျာ။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လုပ်ကြတဲ့အချိန်မှာ ဦးရွှေမန်း ပြောတာမှားတယ်လို့ ၀ိုင်းပြောကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ရှင်းပြ တယ်ဆို တဲ့အနေရာမှာ ဦးရွှေမန်းကို ထောက်ခံတာမဟုတ်ဘူး။ သူသည် Process ကို ပြောတာဆိုတဲ့ ခုနကပြောသလို Perception တွေက သွားတူနေတာရှိတယ်။ ဘေးက ဘယ်လိုတွေ မြင်လာနိုင်သလဲဆိုတော့ ကျွန်တ်ာတို့အားလုံး လက်ဝါးရိုက်ထားပြီးသား။
မေး ။ ။ ဦးရွှေမန်းကို ဥက္ကဋ္ဌနေရာကနေ သာမန်ပါတီဝင် နေရာအဖြစ် ပြောင်းလိုက်တဲ့အပေါ် အခြားဘာအချက် တွေ ရှိဦးမယ်လို့ကို ကိုတိုးနိုင်မန်းထင်လဲ။
တိုးနိုင်မန်း ။ ။ သူကတော့ မှန်းဆချက်လို့ပဲ ပြောလို့ ကောင်းပါမယ်။ ပြီးတော့ ဒါကလက်ဆုပ် လက်ကိုင်နဲ့ ပြောလို့မသင့်တဲ့အတွက် ကျွန်တော့်မှာလည်းအချက်အလက်ကမရှိတော့ ကျွန်တော် မစွပ်စွဲချင်ပါဘူး။ လိုတာ ထက်ပိုပြီး ရင်းနှီးတဲ့အတွက်ကြောင့် တစ်ကြောင်း၊ ဒုတိယ တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းသည် နိုင်ငံအတွက်ဆိုတာထက်ံနမသ လုပ်ချင်တယ်လို့ သူတို့ ယူ ဆတာကတစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာ မှာ တပ်မတော်ကို အကျပ်အတည်း ဖြစ်အောင် လုပ်တယ် လို့ ယူဆတာက တစ်ကြောင်း၊ နောက်တစ်ခါကျတော့ ကျွန်တော်တို့ ရှေ့ဆက် သွားမယ့်နေရာမှာ ကျွန်တော်တို့ နဂိုယူဆခဲ့တဲ့ ပုဂိုလ်များက ဒီနေ့ပါတီကို ပစ်ပယ်ပြီး တော့ ပါတီကို ချေမွခဲ့ပြီးတော့ှီဏ နဲ့သာသွားရင်တော့ ငါတို့ သေရချည်ရဲ့၊ ဒီပါတီမရှိ မှဖြစ်မယ်။ ဒီပါတီနဲ့ ငါတို့သွား လို့မရဘူးဆိုပြီးတော့ ဒီပါတီကို ရှောင်ဖယ်ပြီးတော့လည်း ထွက်ပြေး ခဲ့ ကြသေး တယ်။ သို့သော်အချိန်တစ်ခုမှာ ပါတီရဲ့ စွမ်းပကားလေးက တက်လာတယ်။ အခြေခံ လူထု လိုအပ်လာတယ်ဆိုတဲ့အချိန်မှာ ဒီပါတီကိုသူတို့က ပြန်လို ချင်တယ်။
မေး ။ ။ အဲဒီပါတီကို ပြင်ဆင်ပြီးမှ အခု ပြန်လိုချင်တယ်ဆို တာ ဘယ်သူတွေလဲ။
တိုးနိုင်မန်း ။ ။ တိတိကျကျလို့တော့ မပြောလိုပေမယ့် အင်မတန်သေချာတဲ့ သတင်းတစ်ရပ်အနေ နဲ့ ကျွန်တော် ပြောရမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ်၊ နှစ်လယ်လောက်မှာ ဒီနေ့ပါတီမှာ CEC အသစ် တွေ၊ တာဝန်အသစ်ယူတဲ့လူ တွေ၊ ကျွန်တော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နုတ်ထွက် တဲ့ စာတင် ခဲ့ပါတယ်။ နိုင်ငံတော်သမ္မ တကြီးကတစ်ဆင့် ပေးတဲ့အချိန်မှာ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဦးရွှေမန်း အနေနဲ့ ဒါသည်မဖြစ်သင့်တဲ့အနေအထားလို့ ယူဆတဲ့အ တွက် အဲဒီတုန်းက နုတ်ထွက် စာကို လက်ခံခဲ့ခြင်းမရှိ ပါဘူး။ အဲဒီတုန်းက သူတို့က ပါတီကို လုံးဝနုတ်ထွက်ခဲ့ ကြတယ်။ သို့သော်လည်း ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်လာတယ်။ အခုတော့ ဒီပုဂိဂုလ်များ က ပါတီမှာ တာဝန်ပြန်ယူကြတဲ့ ပုဂဂိုလ်တွေ ဖြစ်ကုန်ကြတာပေါ့နော်။ နည်းနည်းပြန်ပြီးတော့ ရှုပ်နေတာကို ပြန်ရှင်းရရင် အတိုက်အခံအင်အားနဲ့ နီးလာတာက တစ်ပိုင်း၊ နောက် ဥပဒေ။ ဥပဒေကို မလိုအပ်ဘဲ ပြင်ဆင်ချင်တယ်လို့ ယူဆ တာကတစ်ပိုင်း၊ နောက် ဖွဲ့စည်းပုံပြင်ဖို့ လုပ်တာကို တပ်မတော်ကို အသိမပေးဘူးဆိုတာက တစ်ပိုင်းပေါ့။
(အထက်က အင်တာဗျူးကတော့ သူရဦးရွှေမန်းရဲ့ သား ဦးတိုးနိုင်မန်းနှင့် Messenger ဂျာနယ် အင်တာဗျူးထဲက တချို့ကို တင်ပြပေးလိုက်တာဖြစ်တယ်။)

ဦးတိုးနိုင်မန်း ငြင်းလို့မရတဲ့ အချက်များ
+++++++++++++++++++++++++++++

လက်ရှိ မြန်မာနိုင်ငံ မီဒီယာစာမျက်နှာတွေပေါ်မှာ ထူးထူးခြားခြား ရေပန်းစားလာသူက ဦးတိုးနိုင်မန်း ဖြစ်ပါတယ်။ သတင်း ဆာလောင်နေတဲ့ ပြည်သူတွေဆီကို ဦးတိုးနိုင်မန်းက အင်တာဗျူးတစ်ခု ခွင့်ပြုပြီး မေးမြန်းဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။ အရင်တုန်းက ဒါမျိုး ရှည်ရှည်လျားလျား ဖြေကြားတာမျိုး မရှိခဲ့ဖူးပါဘူး။ ဖြေကြားမှုတွေကလည်းအဆီအငေါ် မတည့်ပါဘူး။ ဦးရွှေမန်းကလည်း ထောင်ကျခံပြီး ထွက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ထက်တောင် ဇာတ်နာပြနေပါသေးတယ်။ အသက် ၆၃ နှစ် အထိ မပြောခဲ့တဲ့ “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးကို ပါးစပ်ကမချဘဲ တွင်တွင်ကျယ်ကျယ် သုံးနေ ပြန်ပါတယ်။ ဦးတိုးနိုင်မန်းကလည်း တရားနည်းလမ်းအတိုင်းလုပ်မယ်၊ လုပ်ဆောင်မှုတွေက (Procedure) အတိုင်းမသွားဘူး၊ မျက်ကွယ်ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ လေလုံး ထွား နေပါတယ်။ ဒါဆိုရင် ဦးတိုးနိုင်မန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ လက်ရှိလွှတ်တော်မှာ ကော်မတီဝင်ဖြစ်နေမှု တွေ အပေါ်မှာလည်း တရားနည်းလမ်းအတိုင်း ချမ်းသာခဲ့တာ ဟုတ်/မဟုတ်၊ Procedure အတိုင်း ရခဲ့တာ ဟုတ်/မဟုတ်၊ မျက်ကွယ်ဆုံးဖြတ်ချက်များကြောင့် ဟုတ်/မဟုတ် ဆိုတာ မေးခွန်းထုတ်ရပါ လိမ့်မယ်။

ပထမဆုံး ချယ်ရီ FM ကို ဘယ်လိုပိုင်ဆိုင်သွားတယ်ဆိုတာ ဦတိုးနိုင်မန်း ရှင်းမပြနိုင်ပါဘူး။ ဒီအကြောင်း ကို စာနယ်ဇင်း ကောင်စီက ဦးကျော်မင်းဆွေကလည်း ဘယ်လိုလုပ်ပိုင်ခွင့်ရထားတာလဲ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတောင် ထုတ်ဝေခွင့်ပေးထားတာ မကြာသေးပါဘူး။ ကိုယ်ပိုင်ရေဒီယိုလိုင်းလုပ်ခွင့်ကို လူတိုင်းမရရှိပါဘူး။ ဦးတိုးနိုင်မန်း ဘယ်လိုရရှိခဲ့လဲဆိုတာ ရှင်းပြဖို့လိုပါလိမ့်မယ်။

ဒုတိယ ကတော့ RedLink အင်တာနက်ကိစ္စပါ။ ဒါလည်း ချယ်ရီ FM လိုပါဘဲ။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင် အင်တာနက် ကုမ္ပဏီတစ်ခု ဘယ်ပြည်သူမှ မထူထောင်နိုင်ခင်မှာ ဦးတိုးနိုင်မန်းက ဘယ်လိုမျက်ကွယ်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရခဲ့လဲ ဆိုတာ ရှင်းရပါလိမ့်မယ်။

ဒါ့အပြင့် မြန်မာနိုင်ငံမှာ အကောင်းဆုံး Express ကားလိုင်းပိုင်ရှင် သူဌေးဘယ်လိုဖြစ်လာသလဲ၊ ဧရာရွှေဝါကုမ္ပဏီ ဘယ်လိုပေါ်ပေါက်လာလဲ ဆိုတာတွေကို ပြန်ပြီးအစဆွဲထုတ်လိုက်ရင် ဦးတိုးနိုင်မန်း ရှင်းလို့တောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါတွေက ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်းတို့နဲ့ တိုက်ရိုက်သက်ဆိုင်တာတွေပဲ ရှိပါသေးတယ်။ ဇေကမ္ဘာနဲ့ ပတ်သက်တဲ့ လယ်သိမ်းမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ အကြောင်းပါဆက်ပြီး မေးခွန်းထုတ်လိုက်ရင် ဦးတိုးနိုင်မန်း ထိုင်ငိုသွားရပါ လိမ့်မယ်။ ဒါတောင် မျက်မြင်တွေပဲရှိပါသေးတယ်။ အင်တာနက်ပေါ်မှာပျံ့နေတဲ့ ဦးတိုးနိုင်မန်း ဗိုလ်လောင်းဘဝက လူသတ်မှုကျူးလွန်ခဲ့တာတွေ၊ ဗိုလ်ကြီးဘဝက အခွင့်အရေးယူခဲ့တာတွေကိုပါ ထပ်ထည့်ပြီး မျက်ကွယ်ဆုံးဖြတ်ချက် ခြင်းဆိုတဲ့ အဓိပ္ပါယ်၊ တရားနည်းလမ်းအတိုင်းလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ (Procedure) အတိုင်းသွားတယ်ဆိုတဲ့ အဓိပ္ပါယ် တွေကို မေးခွန်းထုတ်လိုပါတယ်။ ဒီကိစ္စအားလုံးကို ဦးတိုးနိုင်မန်း ငြင်းလို့မရပါဘူး။

နောက်ဆုံးအချက်ကတော့ လက်ရှိပြည်သူ့လွှတ်တော်မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ ကော်မတီဝင် ဒေါက်တာတိုးနိုင်မန်းဆိုပြီး ပါနေတဲ့ အချက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေ ကျွမ်းကျင်တဲ့ ပညာရှင်ပေါင်းများစွာ ရှိနေပါလျှက် ပထဝီနဲ့ကျောင်းပြီးထားပြီး လွှတ်တော်ကိုယ်စားလှယ် လည်းမဟုတ်၊ ပြည်သူ့အရေး လုပ်ဆောင်ပေးခဲ့တာလည်းမရှိတဲ့ ဦးတိုးနိုင်မန်းက ဘယ်ကနေဘယ်လို ပါနေတာလဲဆို တာ မေးခွန်းထုတ် ရပါလိမ့်မယ်။ ဘယ်ပြည်သူကိုမှ အသိမပေး၊ ပြည်သူ့ဆန္ဒမပါဘဲ ဦးရွှေမန်းရဲ့ ကိုယ်ပိုင် Procedure နဲ့ မျက်ကွယ် ဆုံးဖြတ်ချက်ကြောင့်လား ဆိုတာ နောက်အင်တာဗျူးတွေ မှာ ဖြေကြားပေးပါ။

အထက်ပါစာသည် (ခရိုနီတိုးနိုင်မန်း၏ အရှုပ်တော် ပုံများ ဖေ့ဘွတ်စ်စာမျက်တွင် ၂၀၁၅ သြဂုတ် လ ၁၇ ရက်နေ့ တွင် ရေးသားတင်ထားသော စာဖြစ်သည်။)

''တူဖြစ်တုန်းကနှံခဲ့ပြီး ပေဖြစ်တဲ့အလှည့်တော့ ခံလိုက် ပေဦးတော့ တိုးနိုင်မန်းရေ''..။

သူရဲဗလမင်းထင်
မိုးဟိန်းသူရိယနေ၀န်း

No comments:

Post a Comment