Wednesday, August 26, 2015
ကျန်ပါတီအားလုံးကြိုသိဖို့ ပြောရဦးမယ်
Aug 25, 2015
မကြာခင်ရက်ပိုင်းအတွင်း NLDပါတီ နဲ့ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)တို 
အဲဒီပူးတွဲကြေညာချက်ဟာ ၈၈အဖွဲ့ ဝင်အားလုံးရဲ့ 
သဘောထားကြေညာချက်
မဟုတ်ဘူးဆိုတာ ကျန်ပါတီတွေအားလုံး
သိစေချင်လို့ မျှဝေလိုက်တာပါ။
အဲဒီပူးတွဲကြေညာချက်ဟာ ၈၈က မင်းကိုနိုင်။ဂျင်မီ တို့ ၂ ဦးတည်းရဲ့ အတည်ပြုချက် သာဖြစ် ပါ တယ်။၈၈မျိုးဆက် ၂၄ဦး ဟာNLD ကိုယ်စားလှယ်လောင်းအဖြစ်ကရုပ်ပျက်ဆင်းပျက် ဒလိမ့်ကောက်ကွေးဆောင့်ကန်ခံရတဲ့အတွက် ဒေါ်စုကြည်နဲ့ CECကိုလုံးဝမကျေနပ်ပါဘူး။၂၇နှစ်မြောက်ရှစ်
လေးလုံးနှစ်ပတ်လည်မတိုင်ခင်နယ်၈၈တွေအပါအဝင်ဆွေးနွေးပွဲလုပ်တော့မင်းကိုနိုင်က တောက်ခေါက်ပြီး ခင်ဗျားတို့ အားလုံးကျုပ်ရွေးချယ်တဲ့လမ်းကိုမလိုက်နိုင်ရင် ကျုပ်တစ်ယောက်ဘဲNLDကို ရပ်တည်သွားမယ်ဆိုပြီးမိုက်ကြေးခွဲလိုက်တယ်။ဖိန့် သုံးလိုက်ပြီး ဖြဲခြောက်လိုက်တာဖြစ်နိုင်ပေမယ့် NLDကွဲမကွဲတော့မသိဘူး၈၈ကကွဲတော့မယ်အနေအထားရောက်သွားခဲ့တယ်။အဲဒီမှာဘဲရန်ဖြစ်ပြန်ချစ်ပုံစံ
လုပ်ပြီးကိုကိုကြီး မိန်းမရဲ့ ကလေးမြို့ ရေဘေးကူညီဖို့ ဆန်အိတ် ၂၀၀၀တွေဘာတွေ နဲ့ ပြန်လုံးကြပါတယ်။
ပြန်တည့်တယ်ဆိုပေမယ့်Diplomacy သဘောပါ။တကယ်တော့ မနေ့ ကတင်ဘဲလျာထားချက်
ထက်စောပြီးပါတီထူထောင်လိုတဲ့ကိုကိုကြီးက ဦးအောင်မင်း နဲ့ သွားဆွေးနွေးလိုက်တယ်။
ပါတီလိုင်းဖြစ်လာတဲ့အခါ ကိုကိုကြီးကဦးဆောင်မှုယူသွားမယ့်သဘောပါ။
မနက်ဖန်။သန်ဘက်ခါ ထွက်လာမယ့်NLD+ 88 ပူးတွဲကြေညာချက်ဟာ ၈၈ဟာNLDအောင်နိုင်ရေး။ခြေ/ဥပြင်ဆင်ရေး။Federal Democracy ဖြစ်ထွန်းရေး။တိုင်းရင်းသားပေါင်းစုံ ညီလာခံဖြစ်ပေါ်ရေးစတာတွေမှာ မမှိတ်မသုန် ပူးပေါင်းဝန်းရံသွားမယ်လို့ ဖော်ပြပြီး ၈၈တွေကိုNLD
ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မှာ ဝန်းရံလှုံ့ဆော်ပေးဖို့အတောစဝင်တာသာဖြစ်ပါတယ်။
ဒေါ်စုကြည်ရဲ့ IDEA က အခုအနုပညာရှင်တွေနဲ့  Pro NLD Campaign လိုလားထောက်ခံ
တဲ့လှုပ်ရှားမှုတွေလုပ်မယ်။စက်တင်ဘာ၈ရက်နေ့ နောက်ပိုင်းမှာNLDလူငယ်တွေနဲ့ ၈၈အဖွဲ့ တွေက Logostickerကမ်ပိန်းတွေလိုက်ကပ်။၈၈ကစာပေဟောပြောပွဲခေါင်းစဉ်တပ်ပြီးပြောတဲ့အထဲမှာဗိုလ်ချုပ်
အောင်ဆန်းကိုရှေ့ တန်းတင် NLDကိုမဲထည့်ဖို့ ပြောခိုင်းဒါဆိုရင် တောင်ပြိုကမ်းပြိုနိုင်ပြီပေါ့။ဒါက
ဒေါ်စုကြည်နဲ့ CECတွေရဲ့ မှန်းချက်ပေါ့။နှမ်းထွက်နဲ့ ကိုက်သလားတော့မသိဘူး။
၈၈ကလုပ်ချင်မှလုပ်မှာ ။ဘာလို့ လဲဆိုတော့ သူတို့ လည်းပါတီထူထောင်နိုင်ပါတယ်လို့ သိအောင်ပြ
မှာ။NLDကဆောင့်ကန်ထားတဲ့ အမေ့ခြေရာ မပျောက်သေးဘူးအခုဘဲ NLDအောင်နိုင်ရေး ခရိုင်။မြို့ နယ်
မှာယခင်ကပါဝင်နေတဲ့ ၈၈ကကောင်တွေကိုမသိမသာဘေးဖယ်ထုတ်ထားဖို့ အစီအစဉ်ကစတင်
နေပြီလေ။အောင်နိုင်ရေးအစည်းအဝေးခရိုင်။မြို့ နယ်ကို၈၈ကဝင်ပြီးပြောပိုင်ခွင့်ပေးမထားဘူး။ပြောလာရင်
လည်းမသိသလိုနေလိုက်လို့ မှာထားတယ်။
ဒါကြောင်ပူးတွဲကြေညာချက်ဟာ အပြင်ပန်းလှအောင်လုပ်ထားတဲ့window dressing တစ်ခုပါ။ဆိုတာ
သိအောင်မျှဝေလိုက်ပါတယ်။
New Idea
No comments:
Post a Comment