Wednesday, August 12, 2015

ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ

Aug 10, 2015
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။
ခင်ဗျားဟာ ၈၈ နဲ့အတူပေါက်ဖွားလာတဲ့ လူထုခေါင်းဆောင်တယောက်ဖြစ်တယ်လို့ ကျနော် အလေးအနက်ကိုယုံကြည်ပါတယ်။ကျနော်တို့ ဟာလည်း၈၈ နဲ့အတူ ပေါက်ဖွားလာတဲ့ ၈၈ မျိုးဆက်များဖြစ်ပါတယ်။ဒါပေမယ့် ခင်ဗျားဟာ ကျနော် တို့ ၈၈ မျိုးဆက်တွေကိုစော်ကားလိုက်ရုံ သာမက လူထုကိုပြောတဲ့စကားမှာ ခင်ဗျားဟာ လူကိုမကြည့် ပဲပါတီ ကိုသာ မဲပေးပါဆိုတာကတော့ ခင်ဗျား လူထုကိုစော်ကားလိုက်တာပဲ ဒေါ်အောင်ဆန်း
စုကြည်။ကျနော်အပါဝင် ခင်ဗျားကိုချစ်ခဲ့ ခင်ဗျားကို ၀ိုင်းရံခဲ့ကြာသူတွေဟာ အုတ်ရိုးနဲ့သံတိုင်ကြားမှာ စစ်မြေပြင်ရဲ့ ကတုတ်ကျင်းကြားမှာ ခင်ဗျားကို ၀ိုင်းရံခဲ့ကြတယ်။ကျောပေါ်ကဒုတ်တွေ နဲ့ သေနတ်ဖောက်သံတွေကြာ်းမှာ ခင်ဗျားအတွက်ဝိုင်းရံခဲ့ကြတယ်။အောင်ဆ်န်းစုကြည်ကျမ်းမာ ပါစေဆိုတဲ့ ထောင်ထဲကအသံတွေနဲ့ ရှေ့တန်းက အေဘီအက်စ်ဒီအက်ဖ် ရဲဘော်သံတွေဟာ ခင်ဗျား ၈၈ ကိုရှုံ့ချဖို့မဟုတ်ဘူး။
ကျနော်ဟာ ၁၉၉၅ ၁၉၉၆ တုန်းက ခင်ဗျားအိမ်ကို တံခါးမရှိဓါးမရှိ ၀င်ထွက်ခဲ့ဖူးတဲ့ ၈၈ ကျောင်း သားတယောက်ပါ။အကြိမ်ကြိမ် ခင်ဗျားနဲ့အစည်းအဝေးလုပ်ခဲ့ပြီး ခင်ဗျားခြံထဲမှာပဲ ကျနော်တို့ ဂါရ၀ပြုပွဲလုပ်ခဲ့ကြတာကို ဒေါ်အောင်ဆန်းစုကြည်မမေ့ဘူးထင်ပါတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားပြောပြီ ခင်ဗျားဟာ ၈၈ ကို ရက်ရက်စက်စက် လမ်းခွဲ ခဲ့ပြီ။ခင်ဗျားဟာ ၈၈ ကို မေ့လျော့ခဲ့ပြီ။ခင်ဗျား အောင်ဆန်းစုကြည်လို့ဖြစ်လာအောင် ၈၈ ကျောင်း သားတွေကထမ်းပေးခဲ့တယ်။
ကျနော့်ကိုထောက်လှမ်းရေးက လာဖမ်းတော့ကျနော့်ဒိုင်ယာရီမှာ ခင်ဗျားဓါတ်ပုံကို အရှေ့ဆုံးမှာ
ကပ်ထားတယ်။စစ်ကြောရေးမှာရောက်တဲ့အခါ မင်းက ဒီကုလားမပုံကိုကပ်ရသလားဆိုတဲ့အခါမှာ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကွ ကုလားမဟုတ်ဘူးလို့ နောက်ပြန် လက်ထိပ်ခတ်ထားရင်း ပြန်ပြောမိလို့ ကျနော့်တကိုယ်လုံးသွေးတွေ ရွှံနစ်ခဲ့ဘူး တယ် ဒေါ်အောင် ဆန်းစုကြည်။ဒီတော့ကာကျနော်ပြောချင်တာက ခင်ဗျားအာဏာသိပ်လိုချင်တယ်ဆိုရင် ယူပါ။သိပ် အစိုးရလုပ်ချင်တယ်ဆိုလုပ်ပါ။ဒါပေမယ့် ခင်ဗျား၈၈ မျိုးဆက်တွေကို ဟိုပြောဒီပြောမလုပ် ပါနဲ့။ကိုယ့်အရသာကိုယ်ခံ့ပါ။သေချာတာတခုက လူထုကမကြိုက်တဲ့ ကိုယ်စာလှယ်လောင်းတွေ တက်လာသမျှ ကျနော်တို့ကလည်း သူပုန်ဘ၀ကနေ NLD အတွက် သူပုန်ဖြစ်နေရဦး မယ် ဒေါ်အောင်ဆန်းစုကြည်။
လေးစားစွာဖြင့် ထက်ရာဇာ
(နိုင်ငံရေးအကျဉ်းသားဟောင်း)

No comments:

Post a Comment