Tuesday, July 14, 2015

တရုတ် မလေး ပြသနာ

စနေနေ့ ညနေက ကွာလာလမ်ပူမြို့က 
Plaza Lowyat မှာ စခဲ့တဲ့ တရုတ် မလေး ပြသနာက ဒီနေ့ တနင်္ဂနွေ နေ့တွင် မလေး ၁၀၀ ခန့် မှ ဈေးကို ၀ိုင်းထား ခဲ့ပါသည်။ မြင်မြင်သမျှ တရုတ်များကို ရိုက်နှက် ရန်ရှာ ရန်ဖြစ်သည်။ တရုတ် မလေး အထိကရုန်း ဖြစ်မည်ကို လူတော်တော်များများ စိုးရိမ်နေကြသည်။
ပြသနာအကြောင်းအရင်းမှာ ...
Plaza Lowyat ရှိ Oppo ဖုန်းဆိုင်တွင် မလေး တစ်ယောက် မှ ဖုန်းဝယ်ချင်ယောင် ဆောင်ပြီး ဖုန်းခိုးပါသည်။ ဖုန်းခိုးမှန်း သိသောကြောင့် ဆိုင်ရှင် တရုတ်မှ ရဲအား ဖုန်းဆက်ခေါ်ပြီး ဖမ်းစေပါသည်။
ရဲလည်း သူ့လူမျိုး မလေးကို ဖမ်းသွားပြီး ခဏ အကြာ ရဲစခန်းမရောက်ခင် လမ်းတွင် လွတ်ပေးလိုက် ပါ သည်။
ထို မလေးသည် သူငယ်ချင်း ၆ ယောက်ခေါ်ပြီး ထိုဖုန်းဆိုင်အား ရိုက်ခွဲပြီး ဖုန်းရောင်းသူအား

အင်္ကျီကျွတ် သည့်အထိ ၀ိုင်း ထိုးကျိတ်ကြပါသည်။
အများနှင့်တစ်ယောက် ၊ သူခိုးနှင့် လူမှန် စသည့် မခံရပ်နိုင်စရာ အကြောင်းများကို တွေ့ရသော ပါတ်ဝန်း ကျင်မှ တရုတ်လူမျိုးများသည် ထို မလေး ၇ ယောက်အား ပြန်လည် ၀ိုင်းဝန်းထိုးကျိတ်ပါသည်။
ထို မကျေနပ်ချက်ကို ယနေ့ တနင်္ဂနွေနေ့တွင် မလေး အယောက် ၁၀၀ ကျော်မှ Plaza Lowyat ထွတ်ပေါက်ရှေ့တွင် ၀ိုင်းထားပြီး မြင်မြင်သမျှ တရုတ်များအား ရန်ရှာခြင်း ၊ ဖုန်းအရောင်းဝန်ထမ်း တရုတ်များအား ရိုက်ရန်စောင့်နေခြင်း ဖြင့် ပြသနာ ရှာနေကြောင်း သိရပါသည်။
ရဲဝန်ထမ်းများမှာလည်း ရပ်ကြည့်ရုံမှ တပါး ထိန်းသိမ်းနိုင်ခြင်း မရှိပါ။
အစိုးရမှ တရုတ်မလေး အရေးအခင်း မဖြစ်ခင် ထိန်းသိမ်းနိုင်မည်ဟု ထင်ပါသည်။
ဓါတ်ပုံ ( တနင်္ဂနွေနေ့ ညနေတွင် Plaza Lowyat ထွတ်ပေါက်ရှေ့တွင် မလေးများ စောင့်ဆိုင်းနေစဉ် အား တွေ့ရစဉ် )
MLN

No comments:

Post a Comment