Friday, July 3, 2015

အစွယ်လိုသူ မိဖုရားအတွက် လေးပစ်ကြလေပြီ



အစွယ်လိုသူ
--------------
ဒီမြန်မာနိုင်ငံမှာ အစွယ်လိုကြောင်း 

တဖွဖွပြောတဲ့သူ တစ်ယောက်ပဲရှိသည်။

အသွားစေသူ
----------------
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်

အချို့အား ဖြေလျှော့ပြင်ဆင်နိုင်ရေးကို မိမိဦးဆောင်မှုဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြိုးပမ်းခဲ့ပါတယ်။ အောင်မြင်မှု မရရှိခဲ့သည့်တိုင် ...
(ဒါက သူရဦးရွှေမန်းရဲ့စကား။ ခပ်ရှင်းရှင်းပြောရရင် ပြည်ခိုင်ဖြိုးကကြိုးစားခဲ့ ပေမယ့် တပ်ကတားလို့

မဖြစ်ခဲ့ တာပေါ့။)

လေးပစ်သူများ
----------------
ကျနော်တော့ပေးပြီးပြီ အကုန်အမှန်ခြစ်ခဲ့တယ် အမှန်ခြစ်ကပြင်မှာပေါ့ ဆိုတဲ့သဘော ပါ ။
(ဒါက ပြည်ခိုင်ဖြိုးက ဦးလှဆွေ ခြေဥပြင်ဆင်ရေး မဲခွဲတဲ့နေ့က ပြောခဲ့တဲ့စကား။ )

ပြင်ရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲမှာ မပြင်နိုင်ရင် လွှတ်တော်ပြင်ပမှာ
သွေးနဲ့ ပြင်ရတတ်တယ်။
(ဒါက ဦးကိုကိုကြီးပြောတယ်ဆိုတဲ့ စကား။)

သမ္မတမဖြစ်နိုင်တော့တဲ့ပါတီ၊ ရပ်တည်ချက်ပျောက်တော့မယ့် သက်ကြီးကျောင်းသားအဖွဲ့၊ အချင်းချင်း ခွက်စောင်း ခုတ်နေတဲ့ပါတီ၊ ဆူပူမှုတွေဖြစ်မှ လုပ်ကွက်ပြနိုင်မယ့် အဖွဲ့အစည်းတွေအတွက် တစ်ခုပဲ လုပ်စရာ ရှိပါတော့တယ်။
သတင်းမီဒီယာတွေ ဖိတ်မယ်။
လူအများဆုံးရှိနေတတ်တဲ့ နေရာက စမယ်။
ဗကသတွေကလည်း ပူးပေါင်းမယ်။ မကြာခင် ၈၈ အဖွဲ့တွေ ရောက်မယ်။

အခုတော့ အစွယ်လိုသူ မိဖုရားအတွက် သိမ်ကြီးဈေးရှေ့ လေးစပစ်ကြလေပြီ။


ဦးဦးတိမ်

No comments:

Post a Comment