Friday, July 3, 2015

ဓာတ်ပုံ နှင့် စကားပြောခြင်း

အဲဒီ ဓါတ်ပုံရဲ့ နေရာတော်တော်များများကို အနီရောင်တွေနဲ့ လွှမ်းခြုံထား တယ်။
အဲဒီ ဓါတ်ပုံရဲ့ အဖြူရောင်လွှမ်းမိုးထားတဲ့ နေရာတစ်ခုမှာ မျက်နှာဖြူဘာသာ စကားနဲ့ KFC ဆိုပြီး ရေးသားထားလေတယ်။
အဲဒီ ဓါတ်ပုံထဲပါဝင်သူတွေကတော့ အဲဒီ ဆိုင်ကြီး ကိုစောင့်ကြပ်ပေးနေ ရ တဲ့ ဦးဦး လုံခြုံရေးကြီးတွေရယ်၊ စားသုံးသူ မိဘပြည်သူများရယ် တို့နှင့် အတူတူ....... မြန်မာ့ ဖွဘွတ်လောကတစ်ခုလုံးကကိုယ်ပိုင်စာမျက်နှာအသီးသီးမှာ တစ်ခုတ် တစ် ရ ဖော်ပြ ကြရလေတဲ့ .......သူ့ရဲ့ ညာဘက်လက်က ပိုက်ဆံအတော် များများ ကို ဆုပ်ကိုင် ထားပြီး......အဲဒီ KFC fast food ဆိုင် ထဲ ငေးကြည့်နေသူ ဂါဝန် အစိမ်း ဝတ် ကျောင်းသူ သမီးငယ်လေးတို့ပါပဲ။
အဲဒီ ဓါတ်ပုံလေးကို အကြောင်းပြုပြီး.....မြန်မာ့ ဖွဘွတ်လောကကြီး တစ်ခုလုံးေ ပါ် မှာ ကိုယ့်ကိုကိုယ် သိမ်ငယ်ကြတယ်၊ ကျောင်းသူသမီးငယ်လေးအတွက် ဝိုင်းဝန်းပြီး (သိမ်ငယ်) စာနာပေးကြ တယ်...... သည့်ထက်ပိုဆိုး.......မြန်မာ့ အစိုးရကို သိမ်းကျုံးပြီး အဆဲမုန်တိုင်း တိုက်ပေးနေကြေ သးတယ်။
အဲဒီ ဓါတ်ပုံလေးထဲက သမီးငယ် စိတ်ထဲ ဘာတွေ တွေးတောနေသလည်း
ဆိုတာဘယ်သူမှမသိနှိုင်တာကတော့ အသေအချာပေါ့။
အဲဒီ သမီးငယ်လေး KFC ကြက်ကြော်သွားမဝယ်စားဘဲ.......လက်ထဲက ငွေကြေးကို အရင်းပြုလို့ စွန့်ဦး တီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်ဖို့ ကြံစည်နေတာလည်း ဖြစ်နှိုင်တယ်။
ဒါမှမဟုတ်.... အဲဒီ သမီးငယ်လေးတစ်ယောက် ခမျာ နော်ဝေ နိုင်ငံ Storgata က McDonald's fast food ဆိုင်လေးထဲကို မြန်မာ့ လူချမ်းသာ ဖေဖေမေမေတို့ နဲ့ အတူတူအပန်းဖြေခရီးသွား ရင်း ရောက် တုန်းက ကလေးငယ်တွေအတွက် အထူးမှာလို့ရတဲ့ Kid's Meal နဲ့အတူတူ တွဲပါလာမယ့် ကစားစရာ အရုပ်ကလေးတွေကို မြန်မာ့ KFC က ပေးမယ်ဆိုတာမတွေ့ရလို့ တွေဝေစဉ်းစား
နေတာလည်း ဖြစ်နှိုင်တယ်။
အဲဒီ ဓါတ်ပုံလေးကို ကြည့်နေမိရင်း တွေးမိတာကတော့.........နိုင်ငံရေးဆိုတာ ညစ်ပတ်လို့ရတယ်၊ ညှစ်သတ်လို့ရတယ်.........နောက်ဆုံး........ချစ်ပြလိုက်လို့ရသေးတယ်။
ဒါပေမယ့် ........ကျောင်းသူ သမီးငယ် တစ်ဦးရဲ့ ဘဝကို သိမ်ငယ်သွားအောင် လုပ်ပြပြီး သက်ကြီးနိုင်ငံရေးအမြတ်မထုတ်ကြချင်ပါနဲ့လို့.......
(သမီးငယ်ရေ..... ကာနယ် ဆန်ဒါ(ဆ) ကြီးက အသက် ၇၀ ကျော်မှ သူရဲ့ ကြက်ကြော် စီးပွားရေး အင်ပါယာကိုစတင်တာကွဲ့..........သမီးမှာ ကမ္ဘာကျော် Name Brand တစ်ခု တည်ဆောက်ဖို့ အခွင့် အလမ်း တွေအများကြီးရယ်..........)

........
Ko Stan Gyi


No comments:

Post a Comment