Tuesday, May 26, 2015

MNDAA တပ်ဖွဲ့ဝင်များ သွေးပျက်ခြောက်ခြားပြီး ကစဥ့်ကလျား ထွက်ပြေးနေကြောင်း သတင်းများ ထွက်ပေါ်

မေလ ၂၄ ရက်၊ ၂၀၁၅
လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ပွိုင့် ၂၂၀၂ ကို 

 အစိုးရတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း
 MNDAA တပ်ဖွဲ့ဝင်တွေဟာ ဦးတည် ရာကို ကစဥ့်ကလျား ထွက်ပြေးနေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ အဲဒီ တိုက်ပွဲမှာ အစိုးရတပ်ဘက်က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် MNDAA တပ်ဖွဲ့ဝင်တွေဟာ သွေးပျက်
ခြောက်ခြားပြီး သေဆုံးမှုလည်းများတယ်လို့ တရုတ်-မြန်မာနယ်စပ်မှာ တိမ်းရှောင်နေတဲ့

စစ်ရှောင်မိသားစုတွေ ဆီကသိရပါ တယ်။
ပွိုင့် ၂၂၀၂ ကို အစိုးရတပ်တွေက လေကြောင်းပစ်ကူ၊ အမြောက်နဲ့သံချပ်ကာ လက်နက်ကြီး ပစ်ကူတွေယူပြီးမပြင် တပ်တွေက တရစပ်ချေမှုန်းခဲ့တာကြောင့် MNDAA အဖွဲ့တွေ ဆုတ်ခွာသွား ရတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားတွေ မှာ ပြသသွား တဲ့အတွက် တောင်ကုန်းတစ်ခုလုံး စိစိညက်ညက်ကြေနေတာကို တော့ မြင်လိုက်ရပါတယ်။ အမြောက်ကျည်ကျရောက်ပေါက်ကွဲတဲ့အရှိန်ဟာမီးတောင်ပေါက်ကွဲသလား အောက်မေ့ရ လောက်အောင် မီးခိုတွေနီရဲနေတာ တွေ့ရပါတယ်။
“ အမြောက်ကျည်ကျတဲ့ နေရာကတော့ ကိုက် ၅၀ လောက် အကုန်လုံး စိစိညက်ညက်ကြေကုန် တာ၊ ပေါက် ကွဲ တဲ့ပြင်း အားက လူဆိုရင် နားပါပင်းတယ်၊ အခု ပွိုင့် ၂၂၀၂ ကို ပစ်တဲ့ အမြောက်ကျည်အရေအတွက်က နည်းတာမှမဟုတ်တာ၊ MNDAA အဖွဲ့တွေနား၊ နှာခေါင်းထဲ ကနေ သွေယို စီးမှုတွေတောင် ဖြစ်တယ်လို့ကြား တယ်၊ ဖြစ်နိုင်ပါတယ်၊ အဲဒီလို မရှုမလှ ခံနေရ တာကို မြင်ပြီး ကျန်တဲ့လူတွေကလည်း ထွက်ပြေးသွားတာနေ မှာပေါ့ ” ဟု အငြိမ်းစားယူ ထားသော အရာရှိကြီး တစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲမှာ MNDAA အဖွဲ့ဝင်များအနေနဲ့ ဆုတ်ခွာသွားခဲ့ကြပေမယ့် အချို့မှာ အမြောက်ဒဏ်ကြောင့် နား၊ နှာခေါင်း တို့တွင် သွေးယိုစီးမှုဖြစ်ပြီး၊ အချို့မှာ ယခုအချိန်ထိ စိတ်ဓာတ်ခြောက်ခြားလျက်ရှိ၍ အချို့မှာ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း တရုတ်-မြန်မာနယ်စပ်မှ အလွတ်သတင်းထောက် တစ်ဦးထံမှ သိရပါတယ်။
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ၎င်းက “ တရုတ်ထဲကို ထွက်ပြေးပေမယ့် တရုတ်က လက်မခံ ဘူး၊ ပြေး လာတဲ့ MNDAA တပ်ဖွဲ့ဝင်တွေဆီက သေနတ်တွေကို သိမ်းတယ်၊ ပြီးတော့ ပြန်မောင်းထုတ် တယ်၊ ပွိုင့် ၂၂၀၂ ကျပြီး ကတည်းကအဲဒီကောင်တွေ တော်တော်သွေးပျက်သွားတာ၊ ကြောက်အား လန့်အားနဲ့ ဦးတည်ရာပြေးနေတဲ့ သဘောပါ။ တော်တော်လေး ခြောက်ခြားနေကြတဲ့ သဘောပဲဗျ ” ဟု ဆက်လက် ပြောကြားသွားပါတယ်။

MNDAA အဖွဲ့အား ဦးဆောင်တဲ့ ဖုန်ကြားရှင်ဘက်ကနေ လော်ဘီလုပ်နေသည့် Accountတချို့မှာ“ ဖုန်ကြားရှင် က ပြန်တိုက်ရန်ပြောပြီ၊ ယာယီဌာနချုပ်မှာ တပ်မအသစ်တစ်ခု ဖွင့်ပြီး သင်တန်းသားတွေ စုနေပြီ၊ အစိုးရတပ်ကို ပြန်တိုက်တော့မယ် ” ဆိုတဲ့ အရေးအသားတွေကို ဖတ်လိုက်ရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူပညာရှင်တစ်ဦးအား မေးမြန်းကြည့်ရာ “ ပွိုင့် ၂၂၀၂ ဟာ MNDAA ရဲ့ အခိုင်အမာခံစစ်စခန်းပဲဗျ၊ ကွန်ကရစ်ဘန်ကာတွေတောင် လုပ်ထားတာ၊ ဒါပေမယ့် အစိုးရတပ် တွေရဲ့ ထိုးစစ်ကို မခံနိုင်လို့ ဆုတ်ခွာပေးလိုက်ရတယ်၊ ထွက်ပြေးသွားတဲ့ MNDAA အဖွဲ့တွေနောက်ကို အစိုးရ တပ်တွေက လိုက်ရှင်းခဲ့တယ်။ ပြန်တိုက်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူး။ MNDAA အဖွဲ့က ပျက်သွားတဲ့ သဘောဖြစ်နေပြီ။ ခေါင်းဆောင်ပိုင်းလောက်ပဲ စိတ်ဓာတ်မာတော့တာ။ အောက်ခြေအဖွဲ့က မတိုက်ချင် တော့ဘူး။ စိတ်ဓာတ်ပျက်နေပြီ။ သေချာတာတစ်ခုက တရုတ်သာ ၀င်မပါဘူးဆိုရင် MNDAA အဖွဲ့က နိဂုံးချုပ် သွားပါပြီ ” ဟု ပြောကြားသွားခဲ့ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား MNDAA အဖွဲ့မှ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်ကာ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ရက်ပေါင်း(၉၀)ကျော်သည်အထိ MNDAA အဖွဲ့အား အစိုးရတပ်မှ တရစပ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မေ ၁၄ ရက်နေ့တွင် ပွိုင့် ၂၂၀၂ အား သိမ်းပိုက်နိုင်ပြီးနောက် တိုက်ပွဲများမှာ အနည်းငယ် ငြိမ်သက်နေတယ်လို့ လောက်ကိုင်မြို့သို့ ပြန်လည်ရောက်ရှိလာသော စစ်ရှောင်ဒေသခံတစ်ဦးထံမှ သိရ ပါတယ်။

ဇော်လင်းသန့်

Shan News

No comments:

Post a Comment