Saturday, May 9, 2015

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုးမှာလား ကွယ်

ငိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့မှာ လုံခြုံရေးယူရင်း မှတ်တမ်းတင် အရာရှိလုပ်ရင်း ဆွေးနွေးတာတွေ နားထောင်ဖူးပါတယ်။တချို့တိုင်းရင်းသား တွေက
ရိုးသား ဖြောင့် မတ်ပေ မယ် တချို့ကတော့ စကားကပ်တာက တမျိုးအသားလို လို့ အရိုးတောင်း ပုံစံနှင့် လှည့် ပတ်ပြောနေ တာတွေ တွေ့ခဲ့ရ ဖူး တယ်။
လိုရင်းကို မရောက်ဘဲ စကား တန်ဆာ ဆင်တွေ ပြော လူကြားကောင်း ယုံပြောပြီး အချိန်ဆွဲနေတာတွေ ပထမ အကြိမ် က ပေးခဲ့တဲ့ ကတိ ကဝဋ် ကို ဒုတိယ အကြိမ်မှာ အကြောင်းပြချက် တစုံတရာ မပြောဘဲ ဖျက်သိမ်းတာ မလိုက်နာတာ ရှေ့လူက တစ်မျိုး ပြောနောက် လူ က စကား ပြင်ပြော စသဖြင့် တွေ ကြုံတွေ့ ရပါတယ်။တချို့ကတော့ နိုင်ငံတကာ အမြင်နှင့် အတွေ့ အကြုံ ရှိပြီး အလည်လွန် ကာ မရိုးသားတော့ဘူး ။
တချို့က အတွေးအခေါ် ကျဉ်းမြောင်း လို့ အပြောအဆို အဆင်မပြေကြဘူး ။
ကျွန်တော်လည်း( ဗမာတိုင်းရင်းသား မဟုတ်တဲ့ ) ရှမ်းတိုင်းရင်းသားပါ။ အမျိုးထဲမှာတောင် ဗမာ မရှိဘူး အကုန် ရှမ်း မွန် ကရင် ရခိုင် တွေချည်းပါဘဲ။မြန်မာပြည် အနှံ့ကချင်ပြည်နယ် ပန်ဝါ မှ ကော့သောင် မောင်တော မှ တာချီလိပ် အကုန် ရောက်ဖူးနေဖူး ပါတယ်။တိုင်းရင်းသား အတော်များများ နှင့်လည်း ပေါင်းသင်း ဆက်ဆံဖူး ပါတယ်။မြန်မာ တပြည်လုံးကို ကိုယ့် တိုင်းပြည် လို့သဘောထား ပါတယ်။ကိုယ့် လူမျိုး အချင်းချင်း အုပ်ချူပ် တာ ကိုပဲ နှစ်သက်တယ် ဆိုတာလည်း နားလည်ပါတယ်။ဒါပေမယ့် ဘယ်လို အုပ်ချုပ်ခွင့် ရအောင် လုပ်ကြမလဲဆိုတာ လွဲနေ တယ် ထင်တာပဲ။ဒီမိုကရေစီ စနစ်မှာ ပြည်သူ လက်ခံမှ ရွေး ချယ်မှ တက်အုပ်ချုပ်ခွင့်ရှိပါမယ် ။
လက်နက်နှင့် ခြိမ်းချောက်အုပ် ချုပ် လို့မရပါဘူး။ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ပါဝင်တဲ့အစိုးရ ဖက်က လူကြီး တွေကို လည်း တိုင်းရင်းသားတွေ စိတ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်လူမျိုး အချင်း ချင်းပဲ အုပ်ချုပ်တာခံချင် တဲ့ စိတ်ရှိတဲ့ ဒီအချက်ကို ထောက်ပြပြီး အလွတ် သဘော ပြောပြ အကြံပေး ဖူးပါတယ်။
တိုင်းရင်းသားတွေ တောင်းဆိုတာကို ဘာမလိုက်လျော နိုင်စရာတွေ ရှိလို့ မလိုက်လျောတာလဲ လို့လည်း မေးခွန်းထုတ်ဖူး ပါတယ်။ပြန်ရတဲ့အဖြေ ကတော့ အစိုးရ အနေနှင့် တိုင်းရင်း သား တွေ တောင်းဆိုတာ အပြည့်အဝ လိုက်လျော လိုက်လို့ သမတနှင့်တကွ အစိုးရ အဖွဲ့ဝင် တွေ တပ်ချုပ်နှင့် တကွ တပ်မတော် အကြီးအကဲတွေ အတွက် တစ်ဦး ချင်း ပုဂ္ဂိုလ်ရေး အခွင့် အရေး တွေ ယုတ်လျော့ သွား စရာ မရှိပါဘူးတဲ့။
ဒီလစာ ရိက္ခာ ဒီလုပ်ပိုင်ခွင့်ပါဘဲတဲ့ ပြီးတော့ ရာထူး နေရာ တစ်ခု ကို ဟိုအရင်ကလို ငါးနှစ်နှင့် အထက် ဆုတ်ကိုင်ထား လို့ရတဲ့အခြေ အနေလည်း မဟုတ်တော့ပါဘူး။
ဒါပေမယ့် စစ် အစိုးရကို မကြိုက် လို့ ဒီမိုကရေ စီ စနစ်ကို ကျင့်သုံးဖို့ တောင်းဆိုနေကြ တဲ့ ခေတ်ကြီး မှာ စစ်တပ် တမျိုး ဖြစ်တဲ့တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေ လက်ထဲ အာဏာ ပြန်ထည့်ပေး ရမည့် တောင်းဆိုမှူ တွေ ကို လိုက်လျောရမှာ သဘာဝကျပါ ရဲ့ လား လို့ ပြန်မေး တော့ ကျွန်တော် မဖြေ နိုင်ခဲ့ပါဘူး။
စကား နည်းရန်စဲ တောင်းသမျှ လိုက်လျော လိုက်လို့ အနာဂတ် ပြည်ထောင်စု ကြီး အစိတ်စိတ် အမွှာမွှာကွဲ ထွက်သွား ကြရင် လက်ရှိ ငါတို့ သမိုင်းတရား ခံဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ငါတို့ ရှိနေသေး သရွေ့ ရသလောက်ညှိ နှိုင်းနေပြီး ထိန်းသိမ်းထား တာပါ တဲ့နောက်နောင် ငါတို့ ထက် သွေးရှိသူတွေ စွန့်စား ရဲသူတွေ မိုက်တိမိုက် ကန်း လိုက်လျော လိုက်လို့ ငြိမ်းချမ်းသွား ရင် လည်း တမျိုး မငြိမ်းချမ်းပဲ ပြိုကွဲသွား လည်း ကံပေါ့တဲ့။ငါတို့ကတော့ လိုက်လျောလိုက်ရင် ငြိမ်းချမ်းတာ ထက်ပြို ကွဲဖို့ ပိုများ တယ်လို့ ယုံကြည်နေတဲ့အတွက် ဆက် တင်းခံပြီးညှိနှိုင်းဆွေးနွေး နေကြရတာလို့ ပြန်ပြောပါတယ်။

ကျွန်တော့် အမြင် တော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက တိုင်းရင်းသား အကျိုး ကို လက်တွေ့ကျကျ ဆောင် ရွက်နေတာ မှန်ရင် ပြည်သူက လည်း လက်ခံယုံကြည်နေ တယ် ဆိုရင် လက်နက်ကိုင်တွေ မလွှမ်းမိုးတဲ့ မြို့ပေါ် မှာ ရွေးကောက်ပွဲ ဝင် ကြည့် လိုက်ပါ ကိုယ့် လူမျိုး လွှတ်တော် အမတ် ကိုယ့်လူမျိုး ဝန်ကြီး ဝန်ကြီး ချုပ် ဖြစ်ဖို့ လွယ်နေတဲ့ ခေတ်ပါပဲ။

ကိုယ့်တိုင်းရင်းသား အင်အားစုတွေ လွှတ်တော်ထဲရောက်လာရင် ဗဟို အစိုးရက တိုင်းရင်း သား တွေကို ဖိနိုပ်တဲ့ ဥပဒေ တွေရှိရင် ပြင် လို့ ရနိုင်တာပေါ့ ။

တပ်မတော်လို စနစ်တကျ ဥပဒေ နှင့် အညီ လက်နက်က်ုင် ထားပြီး သမ္မတ၏ အုပ်ချုပ်မှု အောက် မှာ ရှိတဲ့ အဖွဲ့အစည်းကိုတောင် နိုင်ငံရေး မှာ ဝင်ရောက် မစွက် ဖက်အောင် တားဖို့ ကျိုးစားနေ ချိန်မှာ စည်းကမ်းမဲ့ သူတလူ ငါတမင်း လက်နက်ကိုင်ထား သူတွေက နိုင်ငံရေး တောင်းဆိုမှု တွေ နှင့် စားပွဲ ဝိုင်း ထိုင် နိုင်ငံဆွေးနွေး နေတာကို လက်ခံနေကြတာ ရှေ့နောက်လွဲနေပြီ လို့ မထင် မိကြ ဘူးလား။
တဆက်တည်းလည်းမေး ချင်မိပါတယ်
ဗဟိုအစိုးရနှင့် ငြိမ်း ချမ်းရေးဆွေး နွေး  လို့ တောင်းဆို တာတွေ ရပြီဆိုပါစို့။အဲဒီ လက်နက် ကိုင် ခေါင်းဆောင်တွက ကိုယ့်ပြည်နယ်ကို ဆက်အုပ်ချုပ်ကြမလား အရပ် သားစစ်စစ် အစိုးရ ကို ရွေးကောက် တင်မြှောက်ပြီး အုပ်ချုပ် ခိုင်းမှာလား ပြန်ဖြေ ပေးစေချင် ပါတယ်။
ဒီလိုမလုပ်နိုင်ဘဲ လုပ်မည့် အစီအမံ ကတိ ကဝတ် တွေ မရှိဘဲ လက်နက်ကိုငတွေ အုပ်ချုပ်မည့် အခွင့် အရေး အတွက် ဆွေးနွေးနေကြတာ ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘဝက စစ်အာဏာရှင် လက်အောက် ကနေ လွတ်အောင် ကျိုးစား လိုက်တာ လက်နက်ကိုင် စစ်ဘီ လူး တွေ လက်ထဲရောက် (ရေနွေးအိုး ထဲမှာ ပူလို့ ခုန်ချတာ မီးပုံထဲကျ သွား သလိုဖြစ်) နေမှာ ဘယ်သူငြင်းနိုင် ပါသလဲ ခင်ဗျာ။ —

Wunna Phe Thaw

No comments:

Post a Comment