Monday, May 25, 2015

ပြည်သူတွေအနေနဲ့ အောင်ဆန်းနဲ့စုကြည်လို့ခွဲသိဖို့လိုမယ် အဲဒါကြောင့်သမ္မတလည်းမလုပ်ပါနဲ့ဗျာ

အထွေထွေရွေးကောက်ပွဲကြီးနီးလာ
သည်နှင့်အမျှ ပြည်တွင်းရှိနိုင်ငံအရေးအခြေ
အနေများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းရှိ
အင်အားကြီးနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော USDP နှင့်NLD ပါတီတို့၏ အားပြိုင်လှုပ်ရှားမှုများအပြင် မကြာသေးခင်ကမှပြုလုပ်သွားခဲ့သော 
၆ပွင့်ဆိုင်ဆွေးနွေးမှု၏ရလဒ်မှ လာမည့်၂၀၁၅
အထွေထွေရွေးကောက်ပွဲကြီးအား ထင်ဟပ်မှုရှိစေနိုင်မည့် ရလဒ်များ အပေါ် သဘောထားသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်
သူနှင့် ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှဆွေအား တွေ့ ဆုံဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါသည်။

ခုလာမယ့် ရွေးကောက်ပွဲကြီးရဲ့အခင်းအကျင်း မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနု ပညာရှင်၊ ဂီတပညာရှင်တွေကို ပါတီကိုယ်စားပြု ရွေးချယ်စေမယ်လို့ သတင်းတွေထွက်နေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းမှာက အနုပညာ ရှင်ဆိုသူတွေနောက်မှာ သူတို့ကို အားပေးနေတဲ့ ပရိသတ်တွေဆိုတာရှိတော့NLD ရဲ့ ရွေးကောက်ပွဲ အစီအမံနဲ့ပတ် သက်ပြီး ပြင်ပ မှာထွက်နေတဲ့သတင်း တွေအပေါ်USDP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး အနေ နဲ့ ဘယ်လိုသုံး သပ်ပါသလဲ။

နိုင်ချေရှိတယ်လို့ ယူဆတဲ့သူတွေပေါ့နော်။ ဘာ လို့ဆိုတော့ ရှေ့မှာနမူနာလေးတွေရှိခဲ့တယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းက နေပြည်တော်ရဲ့ ၄ သီရိမဲဆန်္ဒနယ်မှာ ၀င်ပြိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန်ကHip Hop အဆိုတော် ဇေယျာသော်ကို ရှုံးသွားတယ်။ ဗိုလ်ချုပ်ကြီးမောင်ရှိန်ဆိုတာ တိုင်းမှူး လည်းလုပ်ဖူးတယ်။ အတွေ့အကြုံလည်းရင့်တယ်။ ဒီလိုပုဂ်္ဂိုလ်မျိုးကို နိုင်ငံအတွက် လိုအပ်လို့ခိုင်းမယ် ဆိုရင် ဘာမှဖရိုဖရဲမဖြစ်နိုင်ဘူး။ ဒီလိုပုဂ်္ဂိုလ်မျိုးက ဇေယျာသော်နဲ့ပြိုင်လိုက်တော့ ရှုံးပြီး ဇေယျာသော် က အမတ်ဖြစ်သွားတယ်။ ဥပမာ လောက်ကိုင်လို ကိစ်္စမျိုးတွေနဲ့ တိုင်းပြည်က ကျင်းထဲကျပ်ထဲရောက် လာရင် ဗိုလ်ချုပ်ကြီးမောင်ရှိန်ဆိုရင် အေးဆေးပဲ ကိုင်တွယ်နိုင်မှာလေ။ အဲလို Lt. Gen အဆင့်ပုဂ်္ဂိုလ် က သူ့မြေးလောက်ရှိတဲ့ ဇေယျာသော်လိုHip Hop အဆိုတော်ကိုရှုံးခဲ့တယ်ဆိုတဲ့ပုံစံ သာဓကတစ်ခုကို ယူပြီး လာမယ့်ရွေးကောက်ပွဲလှုပ်ရှားမှုကို ပုံသွင်းနိုင် တယ်လို့တော့ ယူဆနိုင်တယ်။ ဒါကြောင့် အနုပညာ ရှင်တွေကို ၂၀၁၅ မှာ ချသုံးဖို့စီစဉ်တာလို့ ကျွန်တော် ထင်ပါတယ်။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ စီးပွားရေး သမားပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုကိုယ် Professional လုပ်ရင် အောင်မြင်တယ်။ သိပ်မအောင်မြင်တဲ့သူ တွေကတော့ ဒီလိုနိုင်ငံရေးအယောင်တွေ ဘာတွေ ပါလာတာပေါ့ဗျာ။ တကယ့်ကိုအောင်မြင်နေတဲ့ Professional အနုပညာသမားတွေက Colourless တွေဗျ။ အခုNLD က၀င်မယ့် အရွေးခံမယ့် အဆို တော်တွေ၊ သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့ ကြားပါတယ်။ တကယ်တော့ အဲဒီအဆိုတော်ဆိုတာ တွေက အစကတည်းက အသံပါဝါမကောင်းရှာတဲ့ သူတွေပဲဗျ။ တက်လာတုန်းကလည်း ရုတ်တရက် ထပေါက်သွားတာကလွဲရင် နောက်ပိုင်းတာရှည်မခံ တဲ့အဆိုတော်တွေပဲ။ ကျွန်တော်မြန်မာအသံမှာ တာဝန်ယူခဲ့ဖူးတော့သိတာပေါ့ဗျာ။ အဲဒီအဆိုတော် တွေကတော့ သူတို့ကိုယ်ကို လူထုထောက်ခံချက် အပြည့်အ၀ရှိတယ်လို့ ထင်ရင်ထင်နေကြမှာပေါ့ဗျာ။ လူထုအနေနဲ့ကလည်း အဆိုတော်ကို အဆိုတော်လို့ ခွဲခြားသိမြင်ပြီးတော့ ဒီအဆိုတော်ဟာ ငါတို့အတွက် လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေး ခန်းတွေလုပ်ပေးပြီး ဒေသဖွံ့ဖြိုးရေးအောင်မြင် အောင် လုပ်တတ်ရဲ့လား သေချာကြည့်တတ်ဖို့တော့ လိုမယ်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအမှီပြုပြီး ၀င် လာကြမယ့်သူတွေဆိုတော့ အထင်ကြီးစရာမရှိပါဘူး ဗျာ။ ဒါပေမဲ့ သူတို့ကိုယ်ကိုSelf Confidance, Over Confidance ဖြစ်နေတာကတော့ အဲကျရင်အဖြေ ပေါ်လာမှာပေါ့ဗျာ။

ခုနကသုံးသပ်ချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အခန်းကဏ္ဍလည်းပါတယ်ဆိုတော့ ရွေးကောက် ပွဲဆိုတာ ကိုယ့်ပါတီရဲ့ဆောင်ရွက်ချက်၊ အာမခံချက်၊ ကတိက၀တ်စတာတွေကို ပြည်သူကိုချပြီး စည်းရုံးရ တာဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာမရှိ တဲ့ နိုင်ငံတကာရွေးကောက်ပွဲစည်းရုံးမှုတွေမှာမရှိတဲ့ အမျိုးသားဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလိုပုဂ်္ဂိုလ်မျိုး ရဲ့ပုံကို ပါတီရဲImage ဆိုတာနဲ့ ထင်ယောင်ထင်မှား အသုံးချနေတာရှိတော့ အဲဒီအပေါ်ရော ဘာများ သုံးသပ်ချင်ပါသလဲ။ အထူးသဖြင့် UEC ရဲ့အခန်း ကဏ္ဍက ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတဲ့သဘော ပေါ့နော်။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အတုမရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ကို တုကြမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး။ ဗိုလ် ချုပ်က အသက် ၃၀ကျော်နဲ့ တကယ့်ကိုခေါင်းဆောင် မှုပေးသွားတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။ အခုNLD က ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးတယ်။ ဒါကို တစ်နိုင်ငံလုံးကလည်း သိတာပေါ့။ ဘာကြောင့်သုံး လဲဆိုတော့ ပါတီခေါင်းဆောင်ရဲ့အဖေက ဗိုလ်ချုပ် အောင်ဆန်းဖြစ်တဲ့အတွက် သူ့သမီးကသုံးတယ်။ ဒါ လည်းသဘာဝကျပါတယ်။ သို့သော်လည်းပဲ လူထု အနေနဲ့တော့ အောင်ဆန်းနဲ့ စုကြည်ကို ခွဲခြားသိဖို့ လိုမယ်။ အောင်ဆန်းကဘာတွေလုပ်ခဲ့ပြီး စုကြည်က ဘာတွေလုပ်တာလဲဆိုတာ သေချာလေ့လာရင် အချက် ၃ချက်သွားတွေ့ရလိမ့်မယ်။ ဘာအချက် တွေလဲ ကျွန်တော်ထုတ်မပြောဘူး။ ဘာလို့ဆိုတော့ ကြီးမားတဲ့အချက်ကြီးသုံးချက်ကို ဗိုလ်ချုပ်အောင် ဆန်းကလုပ်ခဲ့ပြီးတော့ ဒီကြီးမားတဲ့အချက် ၃ချက် ကို သူ့သမီးက ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် လူထု အနေနဲ့ကလည်း အောင်ဆန်းနဲ့ စုကြည်ကို ခွဲခြား သိနိုင်ဖို့တော့လိုမယ်။ သူတို့ကပြောကြပါသေးတယ်။ စစ်ကျွန်ဘ၀ကလွတ်အောင် NLD ကိုမဲပေးကြပါတဲ့။ စစ်ကျွန်ဘ၀ကတော့ လောလောဆယ် မြန်မာပြည် မှာရှိနေသေးတယ်တဲ့။ စစ်ကျွန်ဘ၀ပြီးရင် ဘယ်သူ့ ကျွန်ဖြစ်မလဲ။ အဲဒီကျရင် မြန်မာပြည်ဆိုတာ ရှိပါဦး မလား။ ကျွန်တော်တို့က ပြန်မေးခွန်းထုတ်မယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ်္မတမဖြစ် ဖို့ အဓိကတားဆီးနေတယ်ဆိုတဲ့ ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ စတာတွေပြင်ဆင်ရေးပိုင်း ကြန့်ကြာနေ တာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တပ်မတော် အပေါ် စည်းရုံးနိုင်စွမ်းအားနည်းနေသေးတယ်လို့ ရော ယူဆလို့ရမလား။ ဗိုလ်ချုပ်အောင်ဆန်း ထူ ထောင်ခဲ့တဲ့ တပ်မတော်ကြီးရဲ့အသွင်သဏ္ဌာန် အနှစ် သာရကို ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ဖခင်တည် ထောင်ခဲ့တဲ့ တပ်မတော်အပေါ် ဘာကြောင့်သြဇာ မညောင်းတာလဲ။ ဥပမာအနေနဲ့ တပ်မှာဆိုရင်Senior, Junior အပြင် လူကြီးသားသမီးပိုင်းရဲ့အရေးပါ မှုအခန်းကဏ္ဍ၊ သြဇာညောင်းမှုပိုင်းကလည်းရှိနေ တော့လေ

၅၉(စ) နဲ့ပတ်သက်ပြီး ရွှေကူမေနှင်းရေး တဲ့ဆောင်းပါးတစ်ပုဒ် ကျွန်တော့်Facebook မှာ လည်း တင်ထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလက် ထက်က တိုင်းပြုပြည်ပြုအမတ်တွေက ၀ံသာနုတရား ရှိဖို့လိုတယ်ဆိုတဲ့အချိန်မှာ အမတ်တစ်ယောက်က ၀ံသာနုတရား ကျွန်တော်တို့ကတော့ မရှိတော့ပါဘူး။ စားဖို့သောက်ဖို့ပဲ အရေးကြီးပါတယ်လို့ပြောတာ ဗိုလ်ချုပ်အောင်ဆန်းကကြားသွားတော့ ကဲအမတ် တွေ အမတ်ဖြစ်ရင် နိုင်ငံခြားအထောက်အပံ့၊ နိုင်ငံ ခြားသားနဲ့ပတ်သက်တဲ့သူမှန်သမျှ အမတ်မဖြစ်ရဘူး ဆိုတဲ့အချက်ကို ဥပဒေမှာထည့်ဗျာဆိုပြီးပြောတယ် လို့ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတုန်းက အငယ် ဆုံးအနေနဲ့ပါခဲ့တဲ့ ပုဂ်္ဂိုလ်ကြီးကပြောတယ်ဆိုတာ ရွှေကူမေနှင်းက ရေးထားတယ်ဆိုတော့ ဒီ ၅၉(စ) ဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းကစပြီး သနေ်္ဓတည် ခဲ့တယ်ပေါ့နော်။ တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူး။ အများအတွက်။ ဒီပုဒ်မနဲ့ငြိရင် သမ်္မတ မပြောနဲ့ အမတ်တောင်ဖြစ်စရာမလိုဘူး။ သို့သော် ကျွန်တော်တို့ကတော့ ဖြေလျှော့ပြီး အမတ်လေး တော့ဖြစ်ခွင့်ပေးထားတယ်။ ပြောရရင် ဒေါ်အောင် ဆန်းစုကြည်ကို ကျွန်တော်တို့လည်း လေးစားပါ တယ်။ သူ့အနေနဲ့ကလည်း သူ့အရည်အချင်းတွေ၊ ပညာတွေကို တိုင်းပြည်အတွက်ကောင်းကောင်း အသုံးချဖို့လိုမယ်။ အခုမဏ္ဍိုင်ကြီး ၃ရပ် အပြန် အလှန်ထိန်းကျောင်းမှုဖြစ်စဉ်မှာလည်း ဒေါ်စုအနေ နဲ့Speaker ကောင်းတစ်ယောက် ကောင်းကောင်း လုပ်နိုင်ပါတယ်။သူသာဥပဒေပြုရေးမဏ္ဍိုင်မှSpeaker တစ်ယောက်လုပ်ပြီး ဥပဒေတွေရေးဆွဲပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ကိုControl လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒေါ်စုကိုက Crazy ဖြစ်နေတာက President ဖြစ် နေတယ်။ President ဆိုတာကတော့ လက်ရှိမြန်မာ နိုင်ငံရဲ့တည်ဆဲဥပဒေတွေအရတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ဥပဒေအရမဖြစ်နိုင်ဘူးဆိုတာကိုသမ်္မတ ဖြစ်ချင်တယ်ဆိုရင်တော့ ဥပဒေမဲ့သမ္မတပဲဖြစ်ပါလိမ့် မယ်။

ဒါဆိုရင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သမ်္မတ ဆိုတာထက် အဲဒီသမ်္မတအပါအ၀င် အစိုးရတစ်ဖွဲ့ လုံးကို ဥပဒေနဲ့ပြန် Control လုပ်မယ့် ဥပဒေပြု မဏ္ဍိုင်အကြီးအကဲပဲဖြစ်စေချင်တယ်လို့ ဆိုလိုချင် တာပေါ့နော်။

သူ့အနေနဲ့ ဖြစ်သင့်တယ်ဆိုတာထက် အဲဒီလို ပဲရည်မှန်းသင့်တယ်။ သူ့ရဲ့ရည်မှန်းချက်ဟာ ကျွန်မ ကိုသမ်္မတဖြစ်ခွင့်ဥပဒေအရ မရှိတဲ့အတွက် ကျွန်မ လွှတ်တော်ဥက်္ကဋ္ဌပဲလုပ်ပါတော့မယ်။ ဖြစ်လာမယ့် အစိုးရကိုလည်း မြန်မာပြည်ကြီးကောင်းအောင်ထိန်း ကျောင်းပါ့မယ်လို့သာဆိုရင် သူမဲတွေအများကြီးရမှာ ဗျ။ ဒါပေမဲ့ သူက Only President တစ်ခုတည်းဖြစ် ချင်နေတယ်။ ဖြစ်ချင်တာကို ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ ဒါကတော့ ဥပဒေအရမဖြစ်နိုင်ဘူး။ ဥပဒေမဲ့ သမ်္မတပဲဖြစ်နိုင်လိမ့်မယ်။အဲဒီတော့သာမန် အားဖြင့် ရွေးချယ်တင်မြှောက်ထားတဲ့သမ်္မတတော့ မဖြစ်နိုင်ဘူး။ ကြားဖြတ်သမ်္မတတော့ဖြစ်နိုင်တယ်။ ကြားဖြတ်သမ်္မတဆိုတာက စစ်တွေဖြစ်ပြီး တရုတ် က အထက်မြန်မာပြည်ကိုသိမ်း၊ အမေရိကန်က ဟို နေရာဝင်သိမ်းနဲ့ စစ်တွေဖြစ်လာရင်တော့ မြန်မာ ပြည်ကြီးစစ်တွေခဏရပ်လိုက်ဦး လောလောဆယ် ကြားဖြတ်အစိုးရဖွဲ့ပြီး သမ်္မတလုပ်ရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နိုင်တယ်။ အဲဒီလိုကြား ဖြတ်သမ်္မတဆိုတာလေး သူဖြစ်ဖို့အတွက်တောင် ရင်းနှီးလိုက်ရမှာက မြန်မာပြည်သူတွေပဲ။

တိုင်းရေးပြည်ရာအရေးကြီးကိစ်္စတွေဖြစ်တဲ့ ကချင်ကိစ်္စ၊ လောက်ကိုင်ကိစ်္စအပြင် အခြားသော တိုင်းရင်းသားရေးရာကိစ်္စတွေမှာ ဒေါ်အောင်ဆန်း စုကြည်လိုပုဂ်္ဂိုလ်မျိုးရဲ့ ပါဝင်မှုကို တိုင်းရင်းသားတွေ အနေနဲ့ မျှော်လင့်ခဲ့သော်လည်း တကယ်တမ်းမှာ ပါဝင်ဆောင်ရွက်မှုအားနည်းတဲ့အပေါ် တိုင်းရင်း သားတွေပိုင်းကလည်း ခံစားချက်တွေရှိတယ်ဆိုတာ သိရတယ်။ လာမယ့်ရွေးကောက်ပွဲအခင်းအကျင်းမှာ လည်း ဒေါ်အောင်ဆန်းစုကြည်သာ သမ်္မတဖြစ်ခဲ့ရင် အထူးသဖြင့် တိုင်းရင်းသားဒေသတွေ လက်နက်ကိုင် ပဋိပက်္ခတွေအပေါ် ကိုင်တွယ်မှုလျော့ရဲခဲ့ရင် တပ်မ တော်အာဏာသိမ်းမှုအောက် ပြန်ရောက်နိုင်တယ် လို့ရော ကြိုတွေးယူဆလို့ရနိုင်မလား။

ကမ်္ဘာမှာ ဒီလိုသာဓကတွေ ရှေ့မှာဖြစ်ပြီးခဲ့ပြီပဲ လေ။ အီဂျစ်မှာဆိုရင် မူဘာရက်တို့၊ အန၀ါရ်ဆဒက် တို့ကတော့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်သွားတယ်။ အဲဒါကို မော်စီခေါင်းဆောင်တဲ့ မူစလင်ဘရားသား ဟုဒ်လို့ခေါ်တဲ့ သူတို့အမျိုးဂုဏ်ဆောင်အဖွဲ့လို့ ဆိုရ မှာပေါ့ဗျာ။ သူတို့က နိုင်သွားတယ်။ အဲမှာ မော်စီ က သမ်္မတလုပ်တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီး အယ်လ်စီစီက မော်စီဆီက အာဏာသိမ်းပြီး အခု မော်စီကို သေဒဏ်ပေးလိုက်ပြီ။ ဒီလိုသေဒဏ်ပေး တာကိုလည်း သူများတွေက ၀ိုင်းကန့်ကွက်ကြတယ်။ အဲဒါကြောင့် သာဓကတွေရှင်းနေတာပဲရှိနေတာ။ အဲဒါကြောင့် အီဂျစ်ကသာဓက အဲဒီလိုမဖြစ်ပါစေ နဲ့လို့။ မဖြစ်ရအောင် သမ်္မတသာအလုပ်ပါနဲ့လို့။ ဖြစ် ရင် မော်စီလို သေဒဏ်ပေးခံနိုင်မယ့်အနေအထားရှိ တာကိုး။ ကျွန်တော်တို့အနေနဲ့လည်း ဗိုလ်ချုပ်အောင် ဆန်းသမီး မော်စီလို သေဒဏ်ပေးခံရတာမျိုးလည်း မမြင်ချင်ပါဘူးဗျာ။ ဒါကြောင့်မိုလို့ မော်စီလိုမဖြစ်ဖို့ လည်း လိုတာပေါ့ဗျာ။ ရှေ့မှာက နိမိတ်တွေပြနေပြီ။ ကျွန်တော့်အမြင်ပြောတာပါ။ဆက်လက်ဖော်ပြပါမည်။

ခန့်ခန့်ဒဿ နိက

No comments:

Post a Comment