Tuesday, May 26, 2015

ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲ မြန်မာအသင်းပွဲစဉ်များ အခမဲ့ရုပ်သံလိုင်းများ၌ ပြသမည်

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအသင်း ၏ ပွဲစဉ်အားလုံးကို အခမဲ့ ရုပ်သံလိုင်းများ ဖြစ်သည့်
 မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် MNTV ရုပ်သံလိုင်း များတွင်ကြည့်ရှုနိုင်မည်
 ဖြစ်ကြောင်း အဆို ပါပြိုင်ပွဲကို တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြ သခွင့် ယူထားသော ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမီ တက်မှ သတင်းရရှိသည်။
ပြည်တွင်းအခပေး ရုပ်သံ လိုင်း Sky Net သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်အားလုံး ထုတ်လွှင့် ပြသမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများ ကြည့်ရှုအားပေးနိုင်ရန် မြန်မာယူ -၂၀ အသင်း ကစားမည့်ပွဲစဉ်အား လုံးကို MRTV နှင့် MNTV ရုပ်သံ လိုင်းများသို့ ခွဲဝေပြသခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း Sky Net မှ Excutive General Manager ဒေါက်တာ သိန်းသန်းဦးက ပြောသည်။
‘‘ကျွန်တော်တို့ Sky Net က တစ်နိုင်ငံလုံးကို ဖြန့်ကြက်ထားရှိ ပေမယ့် နိုင်ငံ့လူဦးရေရဲ့ ၉၀ ရာ ခိုင်နှုန်း ကျော်ကို လွှမ်းခြုံထားတဲ့ MRTV ကနေ ထုတ်လွှင့်နိုင်ဖို့ စီ စဉ်ခဲ့ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
Sky Net ရုပ်သံလိုင်းသည် မြန်မာ ယူ-၂၀အသင်း၏ ပွဲစဉ်များကို ထုတ်လွှင့်ရန် MRTV၊ MNTV ရုပ်သံလိုင်းများသို့ အခမဲ့ ခွဲဝေပေးခဲ့သော်လည်း တစ်ဦး တည်း မူပိုင်ရယူထားသည့် ကုမ္ပ ဏီထံသို့ ငွေကြေးထပ်ဆောင်း ပေးခဲ့ရကြောင်း ဒေါက်တာသိန်း သန်းဦးက ပြောကြားသည်။
သို့သော် ငွေကြေးမည်မျှ ထပ်ဆောင်း ပေးခဲ့ရသည်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။ ထို့အပြင် Sky Net သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ရယူခဲ့သော်လည်း ပြသခွင့်ရရန် သုံးစွဲခဲ့သည့် ငွေကြေးပမာဏကို ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်း ဒေါက်တာသိန်းသန်းဦး က ပြောသည်။ မြန်မာအသင်း အပါအ၀င် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင် ယှဉ်ပြိုင် မည့် ကမ္ဘာ့ယူ-၂၀ပြိုင်ပွဲကို မေ လ၃၀ ရက်မှ ဇွန် ၂၀ ရက်အထိ နယူးဇီလန် နိုင်ငံက လက်ခံကျင်း ပမည်ဖြစ်သည်။ အုပ်စု(က)တွင် မြန်မာအသင်း ပွဲစဉ်များအဖြစ် မေလ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် အမေရိကန်အသင်း၊ ဇွန်လ ၂ ရက် နံနက် ၇နာရီခွဲတွင် ယူကရိန်းအသင်း၊ ဇွန်လ ၅ ရက် နေ့လယ် ၁ နာရီခွဲတွင် နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ်
 မြန်မာနှင့်ဖီဂျီအသင်း ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားခဲ့စဉ် (ဓာတ်ပုံ − MFF)
7Day DAILY 

No comments:

Post a Comment