Wednesday, May 27, 2015

တရားမ၀င်သစ် ဘယ်လောက်ဖမ်းမိထားလဲ

မေလ ၂၄ ရက်၂၀၁၅
တရားမ၀င် သစ်ထုတ်လုပ်မှုများ၌ 

တစ်ဖက်နိုင်ငံသားများမှာ နိုင်ငံတော်၏
 ပိုင်နက်ကိုပင် အလေးဂရုပြုခြင်းမရှိဘဲ
 ကျူးကျော်ဝင်ရောက် လုပ်ကိုင် လာကြောင်း
 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် 
သစ်တောရေးရာဝန်ကြီးဌာနမှ 
ဒုညွှန်ချုပ် ဦးဇော်ဝင်းက ပြောသည်။
တရားမ၀င်သစ် ဖမ်းဆီးရမိမှုတွင် ၂၀၁၁-၂၀၁၂ဘဏ္ဍနှစ်မှ ယခုဘဏ္ဍနှစ် ဧပြီလကုန်အထိ သစ်လုံးတန်ပေါင်း ကိုးသောင်းငါးထောင်ကျော်နှင့် ခွဲသားတန်ပေါင်း ခြောက်သောင်းသုံးထောင်ကျော် စုစုပေါင်း တစ်သောင်းငါးထောင်ကိုး ရာကျော်

ဖမ်းဆီးရမိခဲ့သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ထုတ်ပြန်ချက် များအရသိရသည်။
“ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့သဘောကိုသက်ရောက်နေ ပါတယ်”ဟုဦးဇော်ဝင်းကဆက်ပြောသည်။ထို့ပြင် တရားမ၀င်သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးစေခြင်း၊ ရေဝေရေလဲဒေသများပျက်စီးစေသဖြင့် ရေထွက်များယုတ်လျော့စေခြင်း၊ မြစ်ချောင်းများသို့ နုန်းပို့ချမှုများဖြစ်ပေါ်စေပြီး ရေစီးကြောင်း များပြောင်း လဲစေခြင်း၊ မြစ်ချေင်းများတိမ်ကောပျက်စီးစေခြင်း၊ ရာသီဥတု ဖောက်ပြန် ပြောင်း လဲစေခြင်း၊ ကမ္ဘာကြီးပူနွေးလာစေခြင်း၊ ဇီဝမျိုးစုံ ၊ မျိုးကွဲများ ဆုတ်ယုတ်လျော့ပါးစေခြင်း ၊ တရား မ၀င်သစ်ထုတ်လုပ်ရာနယ်မြေနှင့် သယ်ဆောင်လမ်းကြောင်းများရှိ လူငယ်များ ၏ ကိုယ်ကျင့် စာရိတ္တ ပျက်ပြားစေခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမြင့်တက်လာစေခြင်း၊ ရာဇ၀တ်မှုများ ပိုမိုများပြားလာစေခြင်း၊ တရားဝင်သစ်ဈေးကွက်ကို ထိခိုက်စေခြင်း စသည့်ထိခိုက်နစ်နာမှုများ ရှိသည်ဟု ဒုညွှန်ချုပ်ကဆိုသည်။
မေ ၂၂ရက်နေ့က ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုညွှန်ချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Popular Myanmar News Journal

No comments:

Post a Comment