Friday, February 20, 2015

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တံခါးဟောင်း လေလံအောင်၍ ၀ယ်ယူခဲ့သူမှာ OIC အဖွဲ့မှ ဖြစ်နေ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်
တံခါးဟောင်း လေလံဆွဲသူမှာ ဥရောပနိုင်ငံ သားတစ်ဦး ဖြစ်သော်လည်း ၀ယ်ယူသူအစစ် OIC မှ ဖြစ်နေကြောင်းကမ္ဘာ့ဆန်းကြယ်သော
 လေလံတင်ရောင်းချ မှုအင်တာနက်
စာမျက်နှာ တွင် ဖော်ပြထားထားသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်
တံခါးဟောင်းကို အွန်လိုင်းမှ ဈေးအမြင့် ဆုံးပေး၍ ၀ယ်ယူခဲ့သူမှာ OIC အဖွဲ့ ဖြစ်နေပြီး အခြားဥရောပနိုင်ငံသားတစ်ဦး အမည်ခံ ထားခြင်းဖစ်ကြောင်းကမ္ဘာ့ဆန်းကြယ်သော 
 လေလံတင်ရောင်းချ မှုအင်တာနက် စာမျက်နှာတွင်ဖော်ပြထားချက်အရ
သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတံခါးဟောင်းအား ဗိုလ်ချုပ်အောင်ဆန်းနှစ်
တစ်ရာပြည့် မွေးနေ့အခမ်းအနား နှင့် NLD ရုံးချုပ်တည်ဆောက်ရေးအတွက် လှူဒါန်းရန် ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင်ဖြင့် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်း ၅၀၀၀ ဖြင့် နိုင်ငံခြားသားတစ်ဦးက လေလံအောင်ခဲ့ခြင်းဖြစ်သည်။
OIC သည် ပြည်တွင်းရှိ NLD ပါတီ တာဝန်ရှိသူများထံ ကျပ်သိန်းငါးထောင် ပေးပို့ မည် ဖြစ်ပြီး ပြည်  ပ ရှိ ဒေါ်အောင် ဆန်းစုကြည်၏ သားနှစ်ဦးထံသို့ ကျပ်န်သိန်းတစ်သောင်း တန်ဖိုးရှိ စတာလင်ပေါင်ငွေများကို ပေးပို့မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တံခါးဟောင်းကို ထိုမျှအထိ ဈေးကြီးပေးဝယ်ခြင်းသည် လေလံတင်ဈေးကွက်၌ ထူး ခြားသော ဖြစ်  ရပ်တစ်ခု ဖြစ်ကြောင်း၊ ပို၍ အံ့သြဖွယ်ရာကောင်းသည်မှာ လေလံဈေးကွက် တွင် ၀င်ရောက်ဝယ်ယူမှု တစ်ကြိမ်မျှ မရှိခဲ့သည့် OIC အဖွဲ့၏ ပထမဆုံး ၀ယ်ယူမှု ဖြစ်ကြောင်း အဆိုပါဝက်ဆိုက်တွင် ဖော်ပြထားသည်။ “ဥပဒေဘောင်အတွင်းက ဖြစ်အောင်၊ တည်ဆဲ  ဥ ပဒေ အားလုံး  နဲ့ ကိုက်ညီစွာ လွှဲပြောင်းနိုင်ဖို့အတွက် ဥပဒေကြောင်း အရ ညှိနှိုင်းနေ တုန်းပဲ ဖြစ်ပါ တယ်” ဟု လေလံကိစ္စ ဆောင်ရွက်ခဲ့သည့် တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုး ညွန့် က ပြောကြားထားသည်။

No comments:

Post a Comment