Monday, February 16, 2015

တပ်မတော်နှင့် ဖုန်ကြားရှင်တပ်ဖွဲ့ တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ နှစ်ဖက်ကျဆုံးမှုများရှိ

ရှမ်းပြည်နယ်မြောက် ပိုင်း ကိုးကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများရှိကြောင်း သတင်းရရှိသည်။ ‘‘အခုအချိန်ထိ ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ အရပ်သားဝန် ထမ်း တွေကို ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လောက်ကိုင်) တပ်ထဲခေါ်ထားတယ်။ ကျောင်းအားလုံး ပိတ်ထား တယ်’’ ဟု ဒကစ (လောက်ကိုင်)မှ အရာရှိတစ်ဦးက ပြောသည်။
တိုက်ပွဲများ ပြင်းထန်မှုများ ရှိနေသဖြင့် ကာကွယ်ရေးဝန်ကြီး ဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကိုယ်တိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့သို့ သွားရောက်ကွပ်ကဲနေကြောင်း သတင်းရရှိသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေ သော နေရာသို့ မြန်မာ့တပ်မတော် မှ တပ်မ(၃၃)အပါအ၀င် တပ်မ သုံးခု ရောက်ရှိနေပြီး နယ်မြေစိုး မိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။
ဖုန်ကြားရှင်တပ်ဖွဲ့၏ ထုတ် ပြန်ချက်အရ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကိုးကန့်ဒေသတွင်းရှိ ဖုန်းဟေ ရှန်း၊ ကျုံထိုးရှန်ဒေသတို့ တွင် မြန်မာ့တပ်မတော်နှင့် တိုက် ပွဲများ ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မ တော် ဘက်မှ MI-35 နှစ်စီး -တိုက်လေယာဉ်MIG-29သုံးစီး ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကြေ  ညာချက် တွင် ဖော်ပြပါရှိသည်။
တပ်မတော်စစ်ကြောင်းများ က နယ်မြေရှင်းလင်းခြင်း ဆောင် ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်စဉ် စုစုပေါင်းရှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး လေကြောင်းပစ်ကူ ငါးကြိမ် ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်စစ်ကြောင်းများက ကိုးကန့်တိမ်းရှောင်အဖွဲ့များဆုတ်ခွာရာသို့ လိုက်လံရှင်းလင်းခြင်းများနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဖုန်ကြားရှင်တပ်ဖွဲ့ (မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် MNDAA) မှ တပ်ခွဲတစ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲ၌ လောက်ကိုင်မြို့ရှိ ဒကစရုံးသို့ဝင်ရောက်တိုက်ခိုက်
ခဲ့ပြီး အဆောက်အအုံနှစ်ခု ဖျက်ဆီးခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ဖုန် ကြားရှင်တပ်ဖွဲ့မှ တပ်သားသုံး ဦးကျဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့ သည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက် ညက လောက်ကိုင်မြို့တွင်း သို့ ဖုန်ကြားရှင် တပ်ဖွဲ့မှ ကား သုံးစီးဖြင့် ၀င်ရောက်လာပြီး ဒေ သအုပ်ချုပ်ရေးအဖွဲ့၊ ကိုးကန့်ရဲ တပ်ဖွဲ့စခန်းကို ပစ်ခတ်သော ကြောင့် ရဲတပ်ဖွဲ့ဝင်လေးဦး ကျ ဆုံးခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။

လောက်ကိုင်မြို့အတွင်းရှိ စီအောပြန်လည်ထူထောင်ရေး စခန်းတွင် လုံခြုံရေးစောင့်နေသည့်ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ် ခတ်ခံရသောကြောင့် ကျဆုံးခဲ့ ကြောင်းလည်း သတင်းရရှိသည်။

တိုက်ပွဲများဖြစ်ပွားနေမှု ကြောင့် လောက်ကိုင်မြို့ပေါ်တွင် လည်း လုယက်မှုအချို့ ဖြစ်ပွား နေကာ ဒေသခံအချို့ အခြားမြို့ များသို့ သွားရောက်တိမ်းရှောင်နေ ရကြောင်း သတင်းရရှိသည်။

‘‘တာရွှေထန်မှာလည်း တိုက်ပွဲဖြစ်တယ်။ ကိုးကန့်ရဲ ခြောက်ဦးကျတယ်။ နယ်မြေရှင်း လင်းရေး လုပ်နေတဲ့ ခလရ ၅၂၂ လည်း တိုက်ပွဲဖြစ်တယ်။ ထိခိုက် ကျဆုံးမှုရှိတယ်’’ ဟု ပြည်ခိုင်ဖြိုး ပါတီ (လောက်ကိုင်) အထွေထွေ အတွင်းရေးမှူး ဦးကျော်နီနိုင်က ပြောသည်။

ဖုန်ကြားရှင်တပ်နှင့် မြန်မာ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် ‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်မှာလည်း တပ်လှန့်ထားကြောင်း သတင်းရ ရှိသည်။

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်မှစ၍ လောက်ကိုင်ဒေသ တွင်းရှိ မြန်မာ့တပ်မတော်တပ် စခန်းများသို့ လာရောက်တိုက် ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ဖြစ် ပွားလျက်ရှိသည်။

No comments:

Post a Comment