Thursday, February 19, 2015

ခေါင်းလောင်းတွေ့ပြီဆိုသော်လည်းတိုင်းအစိုးရအတည်မပြုသေး

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု ရှာဖွေသူဦးကျော်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အာမခံပြောကြားသော်လည်း ၎င်း၏ပြောကြားချက်အ ပေါ် အတည်ပြုလက်ခံထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။
‘‘အခု အနေအထားနဲ့က တွေ့ပြီဆိုတာကိုအစိုးရအဖွဲ့ကအတည်မပြုသေးပါဘူး။သူ့(ဦး ကျော်ဝင်း) ကိုသေချာအောင်ထပ် လုပ်ခိုင်းထားတယ်။ ၅၀ရာခိုင်နှုန်း လောက် သေချာလောက်ပြီဆိုရင် တော့ အစိုးရအဖွဲ့က လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်သွားရမှာပေါ့’’ဟု ခေါင်းလောင်းဆယ်ယူမှုကို ကြီး ကြပ်နေသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောထွန်း အောင်မြင့်ကပြောသည်။
ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွင် ခေါင်းလောင်းဟုယူဆရ သောပုံရိပ်မှာ နှစ်လုံးတွဲဟုသိရပြီး ရေငုပ် သမားများနှင့်ရှာဖွေရာတွင် ကျောက်တုံးကြီးဟုသိရသဖြင့် ထပ်မံစမ်းသပ်ရဦးမည်ဖြစ်ကြောင်း ရှာဖွေနေသူ သင်္ဘောအ ရာရှိဟောင်းဦးကျော်ဝင်းကပြောသည်။
၎င်းသည် ၂၀၁၅ ဇန်န၀ါရီ ၁၄ရက်မှစ၍ ရန်ကုန်မြို့ တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံ ချက်စက်ရုံဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိ ရန်ကုန်မြစ်အတွင်းသို့ သမ္ဗန်လှေဖြင့် သွား ကာ နေ့စဉ်ရှာဖွေခဲ့ပြီး ယခုဆိုလျှင် တစ်လကျော်ကြာမြင့်ပြီဖြစ်သည်။
ရှာဖွေနေစဉ်အစောပိုင်းက ဓမ္မစေတီ ခေါင်းလောင်းကြီးဟု ယူဆရသောပုံရိပ်ကို ရန်ကုန်မြစ် အတွင်းရေအောက်ပေ ၄၀၌ တွေ့ ရှိကြောင်း ဦးကျော်ဝင်းက ပြောကြားခဲ့ဖူးသည်။
‘‘၀န်ကြီးနဲ့တွေ့ဖြစ်ပါတယ်။ ခွင့်ပြုမိန့်က ရှာဖွေရေးရော ဆယ် ယူရေးအတွက်ပါ ခွင့်ပြုပြီး သား ဖြစ်ပါတယ်။ ဒါကြောင့်ဆယ်ယူ ရေးအတွက် စီစဉ်ပါ့မယ်။ လော လောဆယ်ငွေမရှိဘူး။ ငွေ တစ် ထောင်၊ ငါးထောင်၊ တစ်သောင်း ၀ိုင်းထည့်လို့ ပိုက်ဆံရလာရင် အ လုပ်စပါမယ်။ အမြန်ဆုံး အလွယ် ကူဆုံးနဲ့ စရိတ်ကျဉ်းပြီး Safeဖြစ် သောနည်းကိုသုံးပါမယ်။ ကူညီ ချင်တယ်၊ မြင်တွေ့ ချင်ကြတယ်ဆိုရင် ကျွန်တော့်အကောင့်ထဲကို ငွေပို့ပေးကြဖို့ မမေ့ပါနဲ့’’ဟု ဦးကျော်ဝင်းက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ငွေလှူရန်ဖုန်းနံပါတ်နှင့်ကမ္ဘောဇဘဏ်အကောင့် ရေးသား၍ အလှူခံထားသည်။
တစ်လကျော်ကြာရှာဖွေနေ စဉ်ကာလအတွင်း ငွေကျပ် ၂၅ သိန်းကုန်ကျခဲ့ပြီး ဆယ်ယူရာ တွင် ငွေကြေးမြောက်မြားစွာ လိုအပ်သဖြင့် အများကုသိုလ်ပါဝင်ရန် လူတစ်ဦး လျှင် ငွေတစ်သောင်းနှုန်းဖြင့် အလှူခံနေကြောင်းဦးကျော်ဝင်းကပြောသည်။
ခေါင်းလောင်းဆယ်ယူမှုနှင့် ပတ်သက်၍ အများပြည်သူထံမှ ငွေကြေးအလှူခံခြင်းမပြုလုပ်ရန် ခွင့်ပြုမိန့်ချပေးထားစဉ်ကတည်း က သတိပေးထားပြီး ယခုအချိန် ထိလည်း ငွေကြေးအလှူခံခြင်းကို ခွင့်ပြုထားခြင်းမရှိဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
‘‘ခေါင်းလောင်းဆယ်ယူဖို့ အတွက် သူ့သဘောနဲ့သူလာလှူ တာရှိရင်တော့လက်ခံလို့ရတယ်။ ကိုယ့်ဘက် ကစပြီးအများပြည်သူ ဆီမှာ အလှူမခံဖို့ကိုပြောထားပြီး သားပါ’’ဟု ဦးစောထွန်းအောင် မြင့်ကပြောသည်။
ပြီးခဲ့သည့်နှစ်ကလည်း ဦးစံ လင်းက ဓမ္မစေတီခေါင်းလောင်း ကို နဂါးအကူအညီဖြင့်ဆယ်ယူ မည်ဆိုကာ ရန်ကုန်မြစ်ဝ၌ ၄၄ ရက်ကြာရှာဖွေခဲ့သော်လည်း မ အောင်မြင်ခဲ့ပေ။

No comments:

Post a Comment