Tuesday, January 13, 2015

NLD ဗဟို ကော်မတီ အစည်း အဝေး တွင် သူရ ဦးရွှေမန်း ကို သမ္မတ တင်မြှောက် ရေး ဆွေးနွေး မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမ အကြိမ် ဗဟို ကော်မတီ စတုတ္ထ အကြိမ် အစည်း အဝေး ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက် များ တွင် ရန်ကုန် မြို့ ၌ ကျင်းပ မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။ အစည်း အဝေး တွင် ၂၀၁၅ ရွေးကောက် ပွဲ နှင့် ပတ်သက် ၍ ဆွေးနွေး ဆုံးဖြတ် မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အား သမ္မတ မဖြစ် နိုင်ရန် တားမြစ် ထား သည့် ပုဒ်မ ၅၉ (စ) ကို ရွေးကောက်ပွဲ မတိုင်မီ မပြင်ဆင် နိုင်မည် မှာ သေချာ သွားပြီ ဖြစ်၍ NLD အနိုင် ရရှိ လျှင် သမ္မတ အဖြစ် ရွေးချယ် မည့် သူကို ဆွေးနွေး ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး က ပြောသည်။

NLD ပါတီ တွင် ဒုတိယ ခေါင်းဆောင် ဟူ၍ မရှိ သဖြင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ မဖြစ် နိုင်လျှင် သမ္မတ ရာထူး အတွက် NLD ပါတီ ဝင် မဟုတ် သူကို တင်မြောက် ကောင်း တင်မြောက် ဖွယ် ရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြောက် နိုင်ကြောင်း NLD ဗဟို ကော် မတီဝင် ဦးဟံသာ မြင့် က ရိုက်တာ သတင်း ဌာန ကို ပြောကြား ခဲ့ သည်။ ထို သတင်း ထွက်ပေါ် လာပြီး နောက် ဦးဟံသာ မြင့် က သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် NLD က တင်မြောက် မည်ဟု အမည် တပ် ၍ ပြောဆို ခြင်း မရှိ ဟု ငြင်း ဆို ခဲ့သည့် အတွက် ရိုက်တာ သတင်း ဌာန က အနည်းငယ် ပြင်ဆင် ခဲ့သော် လည်း အဓိပါယ် ပြောင်းလဲ ခြင်း မရှိ ပါ။ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြှောက် ရန် ဒေါ်အောင်ဆန်း စုကြည် နှင့် ဦးရွှေမန်း တို့ လျှို့ဝှက် အပေး အယူ လုပ်ထား သည် ဟူသော သတင်း များ လည်း ပေါ်ထွက် လာ ခဲ့ပြီး NLD ပါတီ က အပြင်း အထန် ကန့်ကွက် နေသော ပီအာ စနစ် ကို ဦးရွှေမန်း က အခြေခံ ဥပဒေ နှင့် မညီ ဆိုပြီး ရုတ် တရက် ပယ်ချ လိုက်သည့် အပြင် ဒေါ်အောင်ဆန်း စုကြည် ကလည်း ယတိ ပြတ် ငြင်းဆန် ခြင်း မရှိ သဖြင့် အဆိုပါ အယူ အဆ ပိုမို ခိုင်မာ လာ ပါသည်။

သို့သော် လည်း NLD ဗဟို ကော်မတီ ဝင် အများစု မှာ သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြောက် ရေး ကို သဘော တူ လက်ခံ နိုင်ခြင်း မရှိ ကြောင်း သိရ သည်။ “ဘယ်နှယ် ဗျာ၊ ပြိုင်ဖက် ပါတီ က တစ်သက် လုံး ကိုယ့်ကို နှိပ်ကွပ် လာတဲ့ စစ်တပ် က ဗိုလ်ချုပ်ကြီး ဟောင်း ကိုမှ သမ္မတ အဖြစ် တင်မြောက် ရေး ဆို တော့၊ ကျွန်တော် တို့ NLD မှာလဲ လူတော် တွေ ရှိ ပါတယ်။ ဒေါ်စု အရှိန် အဝါ ကြီးမား လွန်း လို့သာ မထင်ပေါ် နိုင်ကြ တာပါ။ ဦးရွှေမန်း လောက် တော့ လုပ်နိုင် ပါတယ်။ ပြော ရရင် လဒ လောက်တော့ ငှက်တိုင်း လှ ပါတယ်ဗျာ။ ပြီးတော့ ဒေါ်စု ကို ဦးရွှေမန်း က ဘယ်လို ကတိပဲ ပေးပေး၊ သူ သမ္မတ ဖြစ်ပြီးရင် လုပ်ချင် ရာ လုပ်လို့ ရတာပဲ၊ ကျွန်တော် တို့က ပါလီမန် ဒီမို ကရေစီ မဟုတ်ဖူး လေ၊ ပါလီမန် ဒီမိုကရေစီ မှာတော့ လွှတ်တော် ထဲမှာ ကိုယ့် ပါတီ က အများစု ဆိုရင် ဝန်ကြီး ချုပ် ကို အချိန် မရွေး အယုံ အကြည် မရှိ အဆို တင် ပြီး ဖြုတ် ချ လို့ ရတယ်။ အခု မြန်မာ နိုင်ငံ စနစ် မှာ လွှတ်တော် က သမ္မတ ကို ရွေး ပေမယ့် သမ္မတ ကို ပြန်ဖြုတ် ဖို့က အင်မတန် ခက် ပါတယ်။ အဲဒီ အချိန် ကျမှ ဦးရွှေမန်း နဲ့ ကျွန်မ ဒီလို လျှို့ဝှက် သဘော တူညီ ချက်တွေ ရှိ ပါတယ်။ ဒီ သဘော တူညီ ချက်တွေ ကို ချိုးဖောက် နေပါတယ် လို့ ပြောလို့ မရ ဘူး” ဟု NLD ဗဟို ကော်မတီဝင် တစ်ဦး က ပြော သည်။

“ဒါပေမယ့် လည်း ကျွန်တော် တို့ အနေ နဲ့ ဒေါ်စု ကို မလွန်ဆန် နိုင် ပါဘူး။ ဗဟို ကော်မတီ ဝင် အားလုံး သဘော မတူ လဲ ဒေါ်စု က လုပ် ဆိုရင် တော့ လုပ် ရမယ့် သဘော တော့ ရှိတယ်၊ ဒါပေမယ့် ဦးရွှေမန်း ကို သမ္မတ တင်မယ် ဆိုရင် ပါတီ တွင်း စည်းလုံး ညီညွတ် မှု ပြိုကွဲ မှာ တော့ အသေ အချာ ပဲ။ အကြီး အကျယ် နှစ်ခြမ်း ကွဲမယ်” ဟု ၄င်း က ဆိုပါသည်။

“ဒီ အစည်း အဝေး မှာ ဒီ ကိစ္စ ကို အပြတ် ရှင်းမယ် တော့ မထင် ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဥက္ကဌ ဖြစ်တဲ့ ဒေါ်စုရဲ့ သဘောထား ကို လွန်ဆန် နိုင် တဲ့သူ တစ် ယောက် မှ မရှိ ဘူး။ ဒေါ်စု ပြီးရင် NLD ပြီး တယ်။ အာဏာရှင် သဘော မျိုး တော့ မပြော ချင် ဘူး။ ဒါပေမယ့် ဒီ အတိုင်း ဖြစ် နေ တာပဲ။ ၂၀၁၀ တုန်း က ဒေါ်စု က မ၀င် ဘူး ဆိုတော့ ၀င်မယ့် ဒေါက်တာ သန်းငြိမ်း တို့၊ ဦး ခင်မောင် ဆွေ တို့၊ ဦးသိန်းညွန့် တို့ ကွဲထွက် သွား တယ်။ ကျန်တဲ့ သူ အကုန် လုံး က NDF ကို သစ္စာ ဖောက် တံဆိပ် ကပ် လိုက်တယ်။ NDF ၂၀၁၀ ရွေးကောက် ပွဲ မှာ နေရာ သိပ် မရတာ NLD ကြောင့် လည်း ပါတယ်။ အခု ပါတီ CEC ထဲ မှာ ဒေါ်စု ကို ပြန်ပြီး ထောက်ပြ နိုင်တာ၊ ထောက်ပြ ရဲတာ ဘယ်သူ ရှိ လို့လဲ။ အရင် တုန်း က ဦးဝင်းတင် က ထောက်တယ်။ ထောက်တော့ သူ သေကာ နီးတောင် ဒေါ်စု က သွား ကြည့်တာ မဟုတ် ဘူး။ နောက်မှ သူများ တွေ တိုက်တွန်း မှ၊ အားလုံး က ၀ိုင်းပြော မှ သွားတာ။ ဒေါ်စု ကို အတိုက် အခံ လုပ်ရင် ခင်ဗျား NLD ပါတီ ထဲမှာ ဘယ်လို မှ နေလို့ မရ ဘူး။ နောက်ဆုံး တော့ သူရ ဦးရွှေမန်း ကို ၂၀၁၅ သမ္မတ လောင်း ကိစ္စ ကလည်း ဒေါ်စု သဘော အတိုင်း ဖြစ်လာ မှာ ပဲ။ မကျေ နပ် ရင် NLD မှာ မနေ နဲ့ လေ နေပြည်တော် အုပ်စု က ပြော လိုက် လိမ့်မယ်” ဟု NLD ပါတီဝင် ဟောင်း တစ်ဦး က ပြော သည်။

NLD ပါတီ အတွင်း ဒေါ်စု ယုံကြည် အားထား ရသည့် နေပြည်တော် အုပ်စု နှင့် ဒေါ်အောင်ဆန်း စုကြည် ၏ အမြင် တွင် သဘော ထား တင်းမာ သူ များ ဟု သတ် မှတ် ထားဖွယ် ရာ ရှိသည့် ရန်ကုန် အုပ်စု ဟူ၍ (၂) ပိုင်း ကွဲနေသည့် သတင်း များ ထွက်ပေါ် လျက် ရှိ ရာ NLD ပါတီ ဗဟို ကော်မတီ အစည်း အဝေး သည် အဆို ပါ အုပ်စု (၂) စု အကြား ပြင်းထန် သော အားပြိုင်မှု တစ်ရပ် ဖြစ်လာ နိုင်ကြောင်း၊ နေပြည်တော် အုပ်စု မှာ သူမ နှင့် အနီးကပ် ရှိနေ သူများ ဖြစ်၍ နေပြည်တော် အုပ်စု က အသာစီး ရရှိ သွားဖွယ် ရာ ရှိကြောင်း သတင်း ရရှိ သည်။


From:__ ပြည်သူ့ အာဏာ

No comments:

Post a Comment