Tuesday, January 13, 2015

အကယ်ဒမီပွဲနှင့်ပတ်သက်၍ သိင်္ဂီထွန်း၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက်အချို့

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅
ဇန်န၀ါရီ (၁၀)ရက်နေ့၊ နေ့လည် 

(၃)နာရီ က Orchid Hotel မှာ 
သတင်းစာရှင်းလင်းပွဲကို သရုပ်ဆောင် သိင်္ဂီထွန်းက ပြုလုပ်ခဲ့ပါသည်။
ပန်းမြိုင်လယ်က ဥယျာဉ်မှူးကားနဲ့စပြီး (၂၅)နှစ်ကျော်ပြီး နာမည်ပျက်မရှိခဲ့တဲ့ မသိင်္ဂီထွန်းဟာ သရုပ်ဆောင်ရတဲ့ ပညာလေးကို အရမ်း နှစ်သက်ရလို့ ဘက်စုံတော်တဲ့ သရုပ်ဆောင်တယောက်ဖြစ်

ချင်ခဲ့ပြီး အနုပညာကို ငွေထက် တန်ဖိုးထားပါတယ်လို့ ဆိုပါတယ်။
မသိင်္ဂီထွန်းက “ ‘စုန်းပြူး’ ဆိုတဲ့ ကားမှာတော့ ကျွန်မ ဒီလိုမျိုးဇာတ်ပို့တယောက်ရဲ့ ရပိုင်ရခဲ့တဲ့ ဇာတ်လမ်းမျိုး ဆိုတာ အကုန်လုံးလည်း သိကြပါတယ်။ ခဲရင်းပါတယ်။ ဒီလိုဇာတ်လမ်းလေးမှာ လုပ်ဆောင်ချက် ကောင်းအောင် ဇာတ်ကွက်ရတဲ့အခါ ဇာတ်ကွက်ကို ထိထိမိမိ လုပ်နိုင်အောင် အားသာတဲ့ နေရာလေးတခုရဖို့ဆိုတာ ဇာတ်ပို့ တယောက်အနေနဲ့ ခံပြင်းပါတယ်။ ဒီလိုဇာတ်လမ်းလေးမှာ လုပ်ဆောင်ချက် ကောင်းအောင် ဇာတ်ကွက်ရတဲ့အခါ ဇာတ်ကွက်ကို ထိထိမိမိ လုပ်နိုင်အောင် အားသာတဲ့ နေရာလေးတခုရဖို့ ဆိုတာ ဇာတ်ပို့တယောက် အနေနဲ့ ခဲရင်းပါတယ်။ ခံစားမှုလေးတခု ရှိသွားပါတယ်။ သူများရတာ မနာလိုလို့လည်း မဟုတ်ပါဘူး။ ပုဂ်္ဂိုလ်ရေးကို ဖယ်ပါ။ ပညာပိုင်းကို ဦးစား ပေးပါ။ ကျွန်မရဲ့ Wall ပေါ်မှာ အနုပညာ ခင်မင်ရာခင်မင်ကြောင်း၊ ပတ်သက်ရာ ပတ်သက်ကြောင်း Status တင်ပေးတဲ့အခါ ကျွန်မကို ပုတ် ခတ်လာပါတယ်။ သူ မရလို့ မနာလိုလို့ အခုမှ ဖော်ထုတ်ချင်ရတာလဲ။ အရင်ကလုပ်တုန်းက မဖော်ထုတ်ဘဲ အခုမှ ဖော်ထုတ်တယ်လို့ ပြောလာ ပါတယ်။ ဟုတ်ပါတယ်။ အရင်က အာဏာပိုင်အဖွဲ့အစည်းတုန်းက ကြောက်တယ် မပြောရဲဘူး။ အခုက ကိုယ့်မိသားစု အသိုင်းအ၀ိုင်းတွေ အုပ်ချုပ်နေတာဆိုတော့ ဒါကြောင့် ကျွန်မ ပြောတာပါ။ ကျွန်မ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဆန္ဒ မရှိပါဘူး။ အလွဲချော်တွေဖြစ်တဲ့အတွက် နိုင်ငံတော် က ပေးတဲ့ဆုကမှ တန်ကာ ကျပါဦးမယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အစိုးရကပေးတဲ့ ဆုလောက် မမှန်ကန်ပါဘူး။ အကယ်ဒမီပေးပွဲသည် ကျွန်မ မရလို့ဆိုတာထက် ကျွန်မ ဖွင့်ပြောလိုက်ခြင်းအားဖြင့် ကိုယ့်အလွှာတွေရဲ့ အကျိုး နဲ့ သက်ဆိုင်ပါတယ်။ အမှုဆောင်တွေကလည်း ဒါကို သိပြီပဲ၊ ထောက်ပြမယ့် လူရှိပြီပဲ၊ ဘာတွေ ပြင်ဆင်သင့်လဲ၊ ပြင်ဆင်သင့်သလားဆိုတာ သူ့ဟာသူ ဖြစ်လာမယ်လေ။”ဟု ပြောခဲ့ပါသည်။

“နောက်နှစ်အကယ်ဒမီ ပွဲတက်ဖို့ကိုလည်း တော်တော်လေး စဉ်းစား ရဦးမယ်။ အခုနှစ်နဲ့ မတူဘဲ အားလုံးပြောင်းလဲမယ်ဆိုရင်တော့ တက်ဖြစ်မယ်။ လူပုဂ်္ဂိုလ်နဲ့ မဆိုင်ဘူးဆိုတဲ့ အကြောင်းကို စာနယ်ဇင်း ရှင်းပွဲလုပ်တာပါ”ဟု ပြောခဲ့ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment