Friday, January 16, 2015

တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ သဘောထားထုတ်ပြန်ချက်

13.1.2015
၁။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများက တိုက်ရိုက်ရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်ရမည် ဟု ပြဌာန်းထား ပါသည်။
၂။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သော်လည်း တိုင်းဒေသကြီး /ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုး စုများ၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီး၏ဖိတ်ကြားချက်အရ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြခြင်းသည် ပြည်သူနှင့် နိုင်ငံတော်အကျိုးစီးပွားအတွက် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

တိုင်းရင်းသားရေးရာဝန်ကြီး (၂၉)ဦး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

အခြေခံဥပဒေ ပုဒ်မ ၂၆၂ အရ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သူတို့ ဘယ်သူ့ကို ကိုယ်စားပြုပြီး တက်တယ် ဆိုတာကို ပြောထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့အားလုံးကို ပြည်သူက တိုက်ရိုက် ရွေးကောက်တင် မြှောက်ထားကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment