Tuesday, January 13, 2015

မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ


Photo: မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင် နိုင်မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။

တပ်မတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုရှုမြင်သဘောထား လဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ သို့သော် သတင်းအချို့အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ သဘောထားမှာ ရောထွေးနေဆဲဖြစ်၏။ တပ်မတော်အနေဖြင့် အခြေခံဥပဒေကိုပြုပြင်ရန် စည်းရုံးနေသော ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို သဘောမကျဖို့ကများပါသည်။ ထို့ပြင် သူတို့အနေဖြင့် တပ်မတော်၏အာဏာကို မထိပါးမခြိမ်းခြောက်သူ၊ သူတို့နှင့်နီးစပ်သူသမ္မတလောင်းကို ပိုဆန္ဒရှိလိမ့်မည်ဖြစ်သည်။ သူတို့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဟု အာမခံသေချာမှုမပါဘဲ တပ်မတော်အနေဖြင့် အရပ်သား သမ္မတလောင်းကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်းပါသည်။

နောက်တစ်ခုကNLDမှာလည်း ဒေါ် အောင်ဆန်းစုကြည်ပြီးလျှင် သူ့နေရာကိုဆက်ခံမည့်သူကိုလည်း ထင်ထင်ရှားရှားမတွေ့ရသေးပါ။ ထိုအချက်ကလည်း တပ်မတော်အတွက်စိုးရိမ်စရာဖြစ်ပါသည်။ အထူးသဖြင့် ဘာဖြစ်နိုင်မလဲဆိုသည်ကမသေချာ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် အခြားသူအား ရွေးချယ်ခဲ့ရပါက သမ္မတသက်တမ်းအတွင်း တာဝန်မထမ်းဆောင်နိုင်ဘဲ NLDကိုမထိန်းနိုင်ခဲ့ပါလျှင် ဘာဖြစ်နိုင်မလဲဆို သည်က မသေချာ။ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာ၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေရာမှာအစားထိုးရှာဖို့NLD အနေဖြင့် အပြင်းအထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာမည့်အရေးကို တပ်မတော်က စိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေကသာ ရင်းနှီးပြီးသားဖြစ်နေသလို အခြေခံအားဖြင့်လည်း ယုံကြည်စရာပိုရှိသည်။ ဥပမာ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်မယူမီမှာ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ စစ်တာဝန် ထမ်းဆောင်နေစဉ်မှာလည်း KNLA ကို နှိမ်နင်းအောင်မြင်ခဲ့သည့် ရဲစွမ်းသတ္တိအတွက် သူရဘွဲ့ကိုလည်း ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် ထိုသမိုင်းကြောင်းက သူနှင့်အတူအမှုထမ်းခဲ့သူများအပါအဝင် တပ်မတော်က အရာရှိများ၏ သဘောကျထောက်ခံမှုကိုရဖို့ သေချာစေသည်။

လွှတ်တော်အတွင်းမှာလည်း သူရဦးရွှေမန်းက တပ်မတော်နှင့် တပ်မတော်၏လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွင့်လင်းလင်းစိန်မခေါ်၊ထိပ်တိုက်မတိုးပါ။ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထု၏ တောင်းဆိုချက်အပေါ်မှာလည်း သတိထားပြီး တုံ့ပြန်ပြောဆို သည်။ လွှတ်တော်ထဲမှာ မြန်မာ့ တပ်မတော်ကို ဝေဖန်နေကြတာ ကို တားမြစ်ပိတ်ပင်ချင်သည်ဟု ပင် သူကပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်ဆီက စိန် ခေါ်မှုများကို ရင်ဆိုင်နေ ရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမကြာမီစစ်တပ်ကနေ အငြိမ်းစား ယူတော့မည်ဖြစ်၏။ နိုင်ငံတကာခရီးစဉ်များထွက်ခြင်း၊ သူ၏ဖေ့စ်ဘွတ်ခ်မှ သတင်းများ ထုတ်ပြန်ပေးပြီး ပြည်တွင်းသတင်းစာများမှလူသိအောင်လုပ် ခြင်းဖြင့် သူ၏လူသိထင်ရှားမှုကို မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ လက်ရှိရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်နေရာက လည်း သမ္မတနေရာအတွက် သူ့ အပေါ် တပ်မတော်၏ ထောက်ခံမှု ရရှိစေသည်။ တပ်မတော်က လည်း သူရဦးရွှေမန်းထက် သူ့ကို သာပိုပြီး ခေါင်းဆောင်အဖြစ် အလိုရှိမည်ဖြစ်သည်။ သို့သော် လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က တပ်မတော်၏ထောက်ခံ မှုဖြင့် ထိပ်ဆုံး ကပြေးနေသည်ဟု ထင်ရသော်လည်း သမ္မတအဖြစ် သူ့ကိုသာမဲပေးမည်ဟု မဆိုလိုပါ။ သူ့ကို ဒုတိယသမ္မတအဖြစ်ပေး ခြင်းသာ တပ်မတော်အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့်မည်ဟုတွက် ဆထားကြ မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က အခြား သမ္မတနေရာ ယှဉ်ပြိုင်သူများအတွက် တပ်မတော် ထောက်ခံမှု ကို ရသည့်နေရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော သမ္မတအဖြစ်ပါ တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူတာဝန်ထမ်းဆောင်စဉ် တွင် လည်း တချို့ပြဿနာများ၌ လူထုကိုထိန်းချုပ်မှုမလုပ်နိုင်ခြင်းကလွဲပြီး ဦးသိန်းစိန်က တပ်မတော်ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ သူ၏ လူထုမိန့်ခွန်းများတွင် လည်း သူကမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုမှာ တပ်မတော်၏ အရေးပါပုံနှင့် အခန်းကဏ္ဍကို ထုတ်ဖော်ပြောတတ်သူဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ အတွက် နိုင်ငံတကာမှာ မျက်နှာ ပန်းလှသူလည်းဖြစ်သည်။ ထိုကဲ့ သို့ဦးဆောင်ဦးရွက် နေရာမှာ ပြု ပြင်ပြောင်းလဲရေးသမားသမ္မတ မျိုးကိုရရှိခြင်း၏ တန်ဖိုးကိုလည်း တပ်မတော်ကသဘောကျစရာရှိ သည်။ ထို့အပြင် လောလောလတ် လတ်စစ်တပ်ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကဲ့သို့ လူမျိုးကလည်း ရွေး ကောက်ပွဲ ပြီးပြီးချင်းအချိန်မှာ တပ်မတော်ကတန်းပြီး သမ္မတခန့် အပ်ချင်သည့် အနေအထားပုံရိပ် မျိုးမဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အနေဖြင့် နောက်ထပ် သမ္မတသက်တမ်းအပြည့် တာဝန် မထမ်းဆောင်ချင်လျှင်ပင် သူက တပ်မတော်၏ထောက်ခံမှုရရန် အခြေအနေကောင်းသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို ဒုတိယသမ္မတနေ ရာအတွက်ထောက်ခံပြီး ဦးသိန်း စိန်က သမ္မတရာထူးမှဆင်း ပေးသည့်အခါမှသာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစားတာလည်း ဖြစ်နိုင်သည်။

တပ်မတော်၏သြဇာလွှမ်း မိုးမှုကို လျစ်လျူရှုထား၍မရပါ။ တပ်မတော်အနေဖြင့် သူ၏ပြုပြင် ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်နေလိုပါက လွှတ် တော်ထဲမှာ စစ်တပ်၏ ၂၅ ရာခိုင် နှုန်းပါဝင်မှုထက်ပိုပြီး ညီမျှအောင်ပြုပြင် ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လွှတ်တော်နှင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရွေးအဖွဲ့က အရပ်သားအဖွဲ့များ၏ ပါဝင်ဖွဲ့စည်းမှုကိုသက်ရောက်လာ နိုင်သည်။

နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏အကျိုး စီးပွားကိုလိုလားသောသမ္မတလောင်းကိုသာမဲပေးရွေးချယ်ဖို့ရှိပါသည်။ ထို့ အတူ နောင်သမ္မတလုပ်မည့်သူ မှာ စစ်သားမျက်နှာမဟုတ်သည့် သူကသာ သူတို့အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်းသိမြင်သဘောပေါက် နေသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့တွင် အုပ်စုတစ်ခုမှာ စစ် တပ်ကိုယ်စားလှယ်အမတ်များ ဖြစ်သည်။ တခြားအုပ်စုနှစ်ခုမှာ အရပ်သားလွှတ်တော်အမတ်များ ဖြစ်သည်။ ရွေးကောက်ပွဲပြီးသည် အထိ မည်သူတွေအတိအကျပါ မည်ဆိုတာ မသိနိုင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက်များလုပ်နိုင်ပါသည်။

ရွေးကောက်ပွဲကိုသာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသပိတ်မမှောက်ဘဲပါဝင်ခဲ့မည်ဆို လျှင် သူတို့အနေဖြင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့မှာ အ မတ်နေရာအများစု ရလောက် အောင် ရွေးကောက်ပွဲမှာ သိသိ သာသာနိုင်မည့်အနေအထားရှိ သည်။ သို့သော် ရွေးကောက်ပွဲ သည် တရားမျှတလွတ်လပ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးအ ဖွဲ့ကလည်း တကယ့်လွှတ်တော် ၏ အချိုးအစားပါဝင်ဖွဲ့စည်းမှုကို တိတိကျကျကိုယ်စားပြုသက် ရောက်မည်ဟု ယူဆနိုင်မည့် အ ခြေအနေတွင်မှသာ ဖြစ်လာနိုင်ပါ သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရအ ရာရှိဟောင်းများက အရပ်သား လွှတ်တော်အမတ်အုပ်စုထဲတွင် အများဆုံးရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်ခေါ်အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းရင်းသားအုပ်စုပါတီများက မူ သြဇာရှိသော ကိုယ်စားလှယ်အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့သည် အဓိကပါတီကြီးနှစ်ခုမှ လွှတ်တော်အမတ်များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တော့ ထင်ရှားသော ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြားဒီမိုကရေ စီပါတီများမှ ထောက်ခံမှုကိုရရှိ မည် ဖြစ်ပါသည်။ တချို့တိုင်းရင်း သားပါတီများက သူ့ကိုသိပ်မ ထောက်ခံသော်လည်း တချို့တိုင်း ရင်းသားပါတီ အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က သမ္မတရာထူးကို ရရှိရန် တရားမ၀င်ဖြစ်နေဆဲရှိနေသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ လတ်တလောပြောကြားချက်အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ သည်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာတွေဆက်လုပ်မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံမလဲဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူက ဒေါ်စုနေရာကို ဆက်ခံမလဲဆိုတာနှင့် ပတ်သက် ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ်NLD ကနေ သမ္မတကိုယ်စား လှယ်လောင်းကို ရွေးချယ်ဖို့ ဆို တာကလည်း ခက်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ဒေါ်အောင် ဆန်းစုကြည်ထက် ရာထူးကြီး သော နေရာကိုရမည့်သူတစ်စုံ တစ်ဦးကို လူအများစုက သူမ၏ ရုပ်သေးရုပ်ဟုသာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရိုက်တာသတင်းဌာနက NLDသည် သူရဦးရွှေမန်းကို ထောက်ခံ မည်ဟု သတင်းရေးသားခဲ့သည်။ သို့သော် ချက်ချင်းပင် သူတို့က ငြင်းချက်ထုတ်ပြန်ခဲ့၏။ သို့သော်လည်း မကြာသေးမီက ထပ်မံထွက်ပေါ်လာသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉ (စ) အရ သမ္မတမဖြစ်နိုင်လျှင် ဦးရွှေမန်းအကူအညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူလိမ့်မည်ဟု ပါတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်းမှားယွင်းကြောင်း ဒီချုပ် က သတင်းထုတ်ပြန်ထားသည်။

မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်းတို့၏ ဆက်ဆံရေးက ပိုတိုး တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကိုချီတက် ရာတွင် အတူတကွ ပူးပေါင်းလုပ် ကိုင်ကြမည့် သဘောရှိ၏။ ထို့အ တူ တစ်ယောက်၏ ထောက်ခံမှု တန်ဖိုးကို တစ်ယောက်က အပြန် အလှန်သဘောပေါက်သိမြင်ကြ သည့် သဘောရှိပြီး တစ်ဦးချင်းစီ ၏ ပန်းတိုင်အတွက် တစ်ယောက်ကို တစ်ယောက်က အသုံးပြုနေ ကြသည်။ အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက ထိုအချက်က ဦးရွှေ မန်းအနေဖြင့် လွှတ်တော်အသစ် နှင့် နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။

သို့သော်လည်း သူရဦးရွှေမန်း အနေဖြင့် ဂုဏ်သိက္ခာ၊ နာမည်သတင်းကိစ္စများကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမ တိုင်မီက အကဲခတ်အချို့က ဦး ရွှေမန်းသည် သမ္မတခန့်အပ်ခံရ မည်ဟု ခန့်မှန်းခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော်ခဲ့သည်။ အချို့ကမူ စစ်ဗိုလ်ချုပ်များတွင် ဦးသိန်းစိန်က နာမည်အကောင်းဆုံး သူဖြစ်သည့်အတွက်ကြောင့် အစိုး ရအသစ်အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်းက သူ့ရာထူးကို သူ့မိသားစု၏ စီးပွား ရေးအကျိုးအတွက် အသုံးချခဲ့ သည်ဟု သတင်းများလည်း ထွက် နေသည်။ သူတို့ကတော့ အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေဟု သိကြသော စီးပွား ရေးသမားများကို လက်ခံသည့် ပုံ ပြသော်လည်း စစ်ခေါင်းဆောင် က ပထမအကြိမ်ပွဲထုတ်ရန် မစဉ်းစားခဲ့သူတစ်ဦးကို NLD ကကော ထောက်ခံအားပေးချင်ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်းကို တကယ်မယုံကြည် တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်တစ်လော ကြေညာချက်က NLD ပါတီဝင်အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ NLD အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်းကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင်သူအဖြစ် မြင်နေသည်ဆိုလျှင် တခြားကိုယ်စားလှယ်တစ်ဦးကိုလည်း ရွေးချယ်ပြီးသဘောတူညီ ချက်ရအောင် လုပ်ကောင်းလုပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခြင်းဖြင့် မင်း အောင်လှိုင်အနေဖြင့် NLD နိုင်ငံ ရေးအရင်းအနှီးကို ရလာနိုင်မှာ ဖြစ်သလို စစ်တပ်မှာလည်း တည် ငြိမ်မှုနှင့် သြဇာအာဏာတိုးလာ နိုင်သည်။ ထို့အပြင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပေါ် ဝေဖန်ပြောဆိုမှုလည်းမလုပ်သလောက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဘယ် ဘက်ယိမ်းမည်ဆိုတာကိုလည်း မှန်းဆရခက်၏။ သို့သော် ဦးသိန်းစိန်ကမူ ခိုင်မာအားကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုကာလမှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သူ တစ်ဦးအဖြစ် လူထုထောက်ခံမှုကိုဦးရွှေမန်းနှင့် မင်းအောင်လှိုင် ထက်ပိုရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ စစ်တပ်၏ လွှမ်း မိုးမှုမည်မျှရှိမည်ကို မသိရသေး သော်လည်း သူတို့အလိုရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် က တိုင်းရင်းသားလက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့ပါက တိုင်းရင်းသားပါတီများနှင့် ဒီမိုက ရေစီအုပ်စုများ၏ ထောက်ခံမှုကို လည်း ရနိုင်သေးသည်။ ထို့အတူ မြန်မာစစ်တပ်က တိုင်းရင်းသား အုပ်စုများကို ဆက်တိုက်တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်း ရင်းသားများ၏ ထောက်ခံမှုရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန်ကို ထောက်ခံခြင်းရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည်က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို လူသိရှင်ကြားမဝေဖန် သော်လည်း ဦးသိန်းစိန်ကို လူသိ ရှင်ကြားဝေဖန်ထားတာရှိသည်။

ဦးသိန်းစိန်အနေဖြင့် နောက် တစ်ကြိမ် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရန် တာဝန်ယူပါက သက်တမ်းအပြည့်မဟုတ်ဘူးဆို လျှင် သည်အချက်က ပြဿနာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာမလွှဲ မီမှာ သူ့အနေဖြင့် နှစ်အနည်းငယ် သမ္မတတာဝန်ယူထမ်းဆောင်ရန်အတွက်တော့ အားပေးထောက် ခံမှု လုံလုံလောက်လောက်ရကောင်းရနိုင်ပါလိမ့်မည်။

(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)

7Day News Journalဒ်ါအောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေး ချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက် ကိုပြင် နိုင်မည့် ပုံမရှိချေ။
မြန်မာ့နိုင်ငံရေးလောကသို့တရားဝင်ဝင်ရောက် လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကို ရရှိခြင်း သည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။
တပ်မတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုရှုမြင်သဘောထား လဲဆိုသည် ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ သို့သော် သတင်းအချို့အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ သဘောထားမှာ ရောထွေးနေဆဲဖြစ်၏။ တပ်မတော်အနေဖြင့် အခြေခံဥပဒေကိုပြုပြင်ရန် စည်းရုံးနေသော ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို သဘောမကျဖို့ကများပါသည်။ ထို့ပြင် သူတို့ အနေဖြင့် တပ်မတော်၏အာဏာကို မထိပါးမခြိမ်းခြောက်သူ၊ သူတို့နှင့်နီးစပ်သူ သမ္မတလောင်း ကို ပိုဆန္ဒရှိလိမ့်မည်ဖြစ်သည်။ သူတို့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဟု အာမခံသေချာမှုမပါဘဲ တပ်မတော်အနေဖြင့် အရပ်သား သမ္မတလောင်းကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်းပါသည်။

နောက်တစ်ခုကNLDမှာလည်း ဒေါ် အောင်ဆန်းစုကြည်ပြီးလျှင် သူ့နေရာကိုဆက်ခံမည့်သူကိုလည်း ထင်ထင်ရှားရှားမတွေ့ရသေးပါ။ ထိုအချက်ကလည်း တပ်မတော်အတွက်စိုးရိမ်စရာဖြစ်ပါသည်။ အထူးသဖြင့် ဘာဖြစ်နိုင်မလဲဆိုသည်ကမသေချာ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အဖြစ် အခြားသူအား ရွေးချယ်ခဲ့ရပါက သမ္မတသက်တမ်းအတွင်း တာဝန်မထမ်းဆောင်နိုင် ဘဲ NLDကိုမထိန်းနိုင်ခဲ့ပါလျှင် ဘာဖြစ်နိုင်မလဲဆို သည်က မသေချာ။ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာ၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ အစားထိုးရှာ ဖို့NLD အနေဖြင့် အပြင်းအထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာမည့်အရေးကို တပ်မတော်က စိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေကသာ ရင်းနှီးပြီးသားဖြစ်နေ သလို အခြေခံအားဖြင့်လည်း ယုံကြည်စရာပိုရှိသည်။ ဥပမာ သူရဦးရွှေမန်း သည် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်မယူမီမှာ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ စစ်တာ ဝန် ထမ်းဆောင်နေစဉ်မှာလည်း KNLA ကို နှိမ်နင်းအောင်မြင်ခဲ့သည့် ရဲစွမ်းသတ္တိအတွက် သူရ ဘွဲ့ကို လည်း ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် ထိုသမိုင်းကြောင်းက သူနှင့်အတူအမှုထမ်းခဲ့ သူများ အပါအဝင် တပ်မတော်က အရာရှိများ၏ သဘောကျထောက်ခံမှုကိုရဖို့ သေချာစေသည်။

လွှတ်တော်အတွင်းမှာလည်း သူရဦးရွှေမန်းက တပ်မတော်နှင့် တပ်မတော်၏လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွင့်လင်းလင်းစိန်မခေါ်၊ထိပ်တိုက်မတိုးပါ။ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထု ၏ တောင်းဆိုချက်အပေါ်မှာလည်း သတိထားပြီး တုံ့ပြန်ပြောဆို သည်။ လွှတ်တော် ထဲမှာ မြန်မာ့ တပ်မတော်ကို ဝေဖန်နေကြတာ ကို တားမြစ်ပိတ်ပင်ချင်သည်ဟု ပင် သူကပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်ဆီက စိန် ခေါ်မှုများကို ရင်ဆိုင်နေ ရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မကြာမီစစ်တပ်ကနေ အငြိမ်းစား ယူတော့မည်ဖြစ်၏။ နိုင်ငံတကာခရီးစဉ်များထွက်ခြင်း၊ သူ၏ဖေ့စ် ဘွတ်ခ်မှ သတင်းများ ထုတ်ပြန်ပေးပြီး ပြည်တွင်းသတင်းစာများမှ လူသိအောင် လုပ် ခြင်းဖြင့် သူ၏လူသိထင်ရှားမှုကို မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ လက်ရှိရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်နေရာက လည်း သမ္မတနေရာအတွက် သူ့ အပေါ် တပ်မတော်၏ ထောက်ခံမှု ရရှိစေသည်။ တပ်မတော်က လည်း သူရဦးရွှေမန်းထက် သူ့ကို သာပိုပြီး ခေါင်းဆောင်အဖြစ် အလိုရှိမည်ဖြစ်သည်။ သို့သော် လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က တပ်မတော်၏ထောက်ခံ မှုဖြင့် ထိပ်ဆုံး ကပြေးနေသည်ဟု ထင် ရသော်လည်းသမ္မတအဖြစ်သူ့ကိုသာမဲပေးမည်ဟု မဆိုလိုပါ။ သူ့ကို ဒုတိယသမ္မတ အဖြစ်ပေး ခြင်း သာ တပ်မတော်အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့် မည်ဟုတွက် ဆထားကြ မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က အခြား သမ္မတနေရာ ယှဉ်ပြိုင်သူများအတွက် တပ်မတော် ထောက်ခံမှု ကို ရသည့်နေရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော သမ္မတအဖြစ်ပါ တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူတာဝန်ထမ်းဆောင်စဉ် တွင် လည်း တချို့ပြဿနာများ၌ လူထုကိုထိန်းချုပ်မှုမလုပ်နိုင်ခြင်းကလွဲပြီး ဦးသိန်းစိန်က တပ်မတော်ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ သူ၏ လူထုမိန့်ခွန်းများတွင် လည်း သူကမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုမှာ တပ်မတော်၏ အရေးပါပုံနှင့် အခန်းကဏ္ဍကို ထုတ်ဖော်ပြောတတ်သူဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ အတွက် နိုင်ငံတကာမှာ မျက်နှာ ပန်းလှသူလည်းဖြစ်သည်။ ထိုကဲ့ သို့ဦးဆောင်ဦးရွက် နေရာမှာ ပြု ပြင်ပြောင်းလဲရေးသမားသမ္မတ မျိုးကိုရရှိခြင်း၏ တန်ဖိုးကိုလည်း တပ်မတော်ကသဘောကျစရာရှိ သည်။ ထို့အပြင် လောလော လတ် လတ်စစ်တပ်ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကဲ့သို့ လူမျိုးက လည်း ရွေး ကောက်ပွဲ ပြီးပြီးချင်းအချိန်မှာ တပ်မတော်ကတန်းပြီး သမ္မတခန့် အပ်ချင်သည့် အနေ အထားပုံရိပ် မျိုးမဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အနေဖြင့် နောက်ထပ် သမ္မတ သက်တမ်းအပြည့် တာဝန် မထမ်းဆောင်ချင်လျှင်ပင် သူက တပ်မတော်၏ထောက်ခံမှုရရန် အခြေ အနေကောင်းသူတစ်ဦးဖြစ်သည်။ထို့ကြောင့်တပ်မတော်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ကို ဒုတိယသမ္မတနေ ရာအတွက်ထောက်ခံပြီး ဦးသိန်း စိန်က သမ္မတရာထူးမှ ဆင်း ပေး သည့်အခါမှသာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစားတာလည်း ဖြစ်နိုင်သည်။

တပ်မတော်၏သြဇာလွှမ်း မိုးမှုကို လျစ်လျူရှုထား၍မရပါ။ တပ်မတော်အနေဖြင့် သူ၏ပြုပြင် ပြောင်း လဲရေး များကို ဆက်လက်လုပ်ဆောင်နေလိုပါက လွှတ် တော်ထဲမှာ စစ်တပ်၏ ၂၅ ရာ ခိုင် နှုန်းပါဝင်မှုထက်ပိုပြီး ညီမျှအောင်ပြုပြင် ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လွှတ်တော်နှင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရွေးအဖွဲ့က အရပ်သားအဖွဲ့များ၏ ပါဝင်ဖွဲ့စည်းမှုကို သက်ရောက်လာ နိုင်သည်။

နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏အကျိုး စီးပွားကိုလို လားသောသမ္မတလောင်းကိုသာမဲပေးရွေးချယ်ဖို့ရှိပါသည်။ ထို့ အတူ နောင်သမ္မတလုပ်မည့်သူ မှာ စစ်သားမျက်နှာမဟုတ်သည့် သူကသာ သူတို့အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်း သိမြင်သဘောပေါက် နေသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့တွင် အုပ်စုတစ်ခုမှာ စစ် တပ်ကိုယ်စားလှယ်အမတ်များ ဖြစ်သည်။ တခြားအုပ်စုနှစ်ခုမှာ အရပ်သားလွှတ်တော် အမတ် များ ဖြစ်သည်။ ရွေးကောက်ပွဲပြီးသည် အထိ မည်သူတွေအတိအကျပါ မည်ဆိုတာ မသိနိုင်သော် လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက်များလုပ်နိုင်ပါသည်။

ရွေးကောက်ပွဲကိုသာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသပိတ်မမှောက်ဘဲပါဝင်ခဲ့မည်ဆို လျှင်သူတို့အနေဖြင့် နိုင်ငံတော်သမ္မတရွေးချယ်ရေးအဖွဲ့မှာအမတ်နေရာအများစု ရလောက် အောင် ရွေးကောက် ပွဲမှာ သိသိ သာသာနိုင်မည့်အနေအထားရှိ သည်။ သို့သော် ရွေးကောက် ပွဲ သည် တရားမျှတလွတ်လပ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးအ ဖွဲ့ကလည်း တကယ့်လွှတ်တော် ၏ အချိုးအစားပါဝင်ဖွဲ့စည်းမှုကို တိတိကျကျကိုယ်စားပြု သက် ရောက်မည်ဟု ယူဆနိုင်မည့် အ ခြေအနေတွင်မှသာ ဖြစ်လာနိုင်ပါ သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရအ ရာရှိဟောင်းများက အရပ်သား လွှတ်တော်အမတ်အုပ်စုထဲတွင် အများဆုံးရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်ခေါ်အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းရင်းသားအုပ်စုပါတီများက မူ သြဇာရှိသော ကိုယ်စားလှယ်အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့သည် အဓိကပါတီကြီးနှစ်ခုမှ လွှတ်တော်အမတ်များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တော့ ထင်ရှားသော ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြားဒီမိုကရေ စီပါတီများမှ ထောက်ခံမှုကိုရရှိ မည် ဖြစ်ပါသည်။ တချို့တိုင်းရင်း သားပါတီများက သူ့ကိုသိပ်မ ထောက်ခံသော်လည်း တချို့တိုင်း ရင်းသားပါတီ အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က သမ္မတရာထူးကို ရရှိရန် တရားမ၀င်ဖြစ်နေဆဲရှိနေသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ လတ်တလောပြောကြားချက်အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ သည်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာတွေဆက်လုပ်မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံမလဲဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူက ဒေါ်စုနေရာကို ဆက်ခံမလဲဆိုတာနှင့် ပတ်သက် ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ်NLD ကနေ သမ္မတကိုယ်စား လှယ်လောင်းကို ရွေးချယ်ဖို့ ဆို တာကလည်း ခက်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ဒေါ်အောင် ဆန်းစုကြည်ထက် ရာထူးကြီး သော နေရာကိုရမည့်သူတစ်စုံ တစ်ဦးကို လူအများစုက သူမ၏ ရုပ်သေးရုပ်ဟုသာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရိုက်တာသတင်းဌာနက NLDသည် သူရဦးရွှေမန်းကို ထောက်ခံ မည်ဟု သတင်းရေးသားခဲ့သည်။ သို့သော် ချက်ချင်းပင် သူတို့က ငြင်းချက်ထုတ်ပြန်ခဲ့၏။ သို့သော်လည်း မကြာသေးမီက ထပ်မံထွက်ပေါ်လာသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉ (စ) အရ သမ္မတမဖြစ်နိုင်လျှင် ဦးရွှေမန်းအကူအညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူလိမ့်မည်ဟု ပါတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်းမှားယွင်းကြောင်း ဒီချုပ် က သတင်းထုတ်ပြန်ထားသည်။

မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်းတို့၏ ဆက်ဆံရေးက ပိုတိုး တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကိုချီတက် ရာတွင် အတူတကွ ပူးပေါင်းလုပ် ကိုင်ကြမည့် သဘောရှိ၏။ ထို့အ တူ တစ်ယောက်၏ ထောက်ခံမှု တန်ဖိုးကို တစ်ယောက်က အပြန် အလှန်သဘောပေါက်သိမြင်ကြ သည့် သဘောရှိပြီး တစ်ဦးချင်းစီ ၏ ပန်းတိုင်အတွက် တစ်ယောက်ကို တစ်ယောက်က အသုံးပြုနေ ကြသည်။ အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက ထိုအချက်က ဦးရွှေ မန်းအနေဖြင့် လွှတ်တော်အသစ် နှင့် နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။

သို့သော်လည်း သူရဦးရွှေမန်း အနေဖြင့် ဂုဏ်သိက္ခာ၊ နာမည်သတင်းကိစ္စများကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမ တိုင်မီက အကဲခတ်အချို့က ဦး ရွှေမန်းသည် သမ္မတခန့်အပ်ခံရ မည်ဟု ခန့်မှန်းခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော်ခဲ့သည်။ အချို့ကမူ စစ်ဗိုလ်ချုပ်များတွင် ဦးသိန်းစိန်က နာမည်အကောင်းဆုံး သူဖြစ်သည့်အတွက်ကြောင့် အစိုး ရအသစ်အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်းက သူ့ရာထူးကို သူ့မိသားစု၏ စီးပွား ရေးအကျိုးအတွက် အသုံးချခဲ့ သည်ဟု သတင်းများလည်း ထွက် နေသည်။ သူတို့ကတော့ အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေဟု သိကြသော စီးပွား ရေးသမားများကို လက်ခံသည့် ပုံ ပြသော်လည်း စစ်ခေါင်းဆောင် က ပထမအကြိမ်ပွဲထုတ်ရန် မစဉ်းစားခဲ့သူတစ်ဦးကို NLD ကကော ထောက်ခံအားပေးချင်ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်းကို တကယ်မယုံကြည် တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်တစ်လော ကြေညာချက်က NLD ပါတီဝင်အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ NLD အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်းကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင်သူအဖြစ် မြင်နေသည်ဆိုလျှင် တခြားကိုယ်စားလှယ်တစ်ဦးကိုလည်း ရွေးချယ်ပြီးသဘောတူညီ ချက်ရအောင် လုပ်ကောင်းလုပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခြင်းဖြင့် မင်း အောင်လှိုင်အနေဖြင့် NLD နိုင်ငံ ရေးအရင်းအနှီးကို ရလာနိုင်မှာ ဖြစ်သလို စစ်တပ်မှာလည်း တည် ငြိမ်မှုနှင့် သြဇာအာဏာတိုးလာ နိုင်သည်။ ထို့အပြင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပေါ် ဝေဖန်ပြောဆိုမှုလည်းမလုပ်သလောက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဘယ် ဘက်ယိမ်းမည်ဆိုတာကိုလည်း မှန်းဆရခက်၏။ သို့သော် ဦးသိန်းစိန်ကမူ ခိုင်မာအားကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုကာလမှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သူ တစ်ဦးအဖြစ် လူထုထောက်ခံမှုကိုဦးရွှေမန်းနှင့် မင်းအောင်လှိုင် ထက်ပိုရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ စစ်တပ်၏ လွှမ်း မိုးမှုမည်မျှရှိမည်ကို မသိရသေး သော်လည်း သူတို့အလိုရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် က တိုင်းရင်းသားလက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့ပါက တိုင်းရင်းသားပါတီများနှင့် ဒီမိုက ရေစီအုပ်စုများ၏ ထောက်ခံမှုကို လည်း ရနိုင်သေးသည်။ ထို့အတူ မြန်မာစစ်တပ်က တိုင်းရင်းသား အုပ်စုများကို ဆက်တိုက်တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်း ရင်းသားများ၏ ထောက်ခံမှုရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန်ကို ထောက်ခံခြင်းရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည်က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို လူသိရှင်ကြားမဝေဖန် သော်လည်း ဦးသိန်းစိန်ကို လူသိ ရှင်ကြားဝေဖန်ထားတာရှိသည်။

ဦးသိန်းစိန်အနေဖြင့် နောက် တစ်ကြိမ် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရန် တာဝန်ယူပါက သက်တမ်းအပြည့်မဟုတ်ဘူးဆို လျှင် သည်အချက်က ပြဿနာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာမလွှဲ မီမှာ သူ့အနေဖြင့် နှစ်အနည်းငယ် သမ္မတတာဝန်ယူထမ်းဆောင်ရန်အတွက်တော့ အားပေးထောက် ခံမှု လုံလုံလောက်လောက်ရကောင်းရနိုင်ပါလိမ့်မည်။

(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)

No comments:

Post a Comment