Tuesday, January 13, 2015

အကယ်ဒမီ ပေးပွဲ ရဲ့ အမှန်တရားကို ဖွင့်ချလိုက်တာကြောင့် နောက်ဆက်တွဲ ပြဿနာကိုလည်း ရင်ဆိုင်မယ် ဆိုတဲ့ မင်းသမီး သိင်္ဂီထွန်း

” စုန်းပြူး” ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ သိင်္ဂီထွန်းအနေဖြင့် ယင်းဇာတ်ကားဖြင့် အမျိုး သမီးဇာတ်ပို့ဆုရရန် တစ်ပြေးခဲ့သော် လည်း လွဲချော်မှုဖြစ်ခဲ့သောကြောင့်အကယ်ဒမီ
ဆုပေးပွဲ ပြီးဆုံးသည်အထိမနေဘဲ အပြင်ထွက် လာ ကာ တောင်ကြီးမြို့ကို ခရီးထွက်သွား ခဲ့ သည်။ အကယ်ဒမီ ဆု လွဲချော် ခဲ့ပုံများနှင့် သူ၏သဘောထားများကို ဇန်နဝါရီ ၁ဝ ရက် ညနေ ၃ နာရီ အချိန်က Orchid Hotel တွင် စာနယ်ဇင်းရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
” ဒီလိုလုပ်လိုက်လို့ နောက်ဆက်တွဲဖြစ်လာမယ်ဆိုတာကတော့ တစ်ဖက်ကလည်း မဟုတ်ဘူး ဆို တာကို ငြင်းမှာပါ။ ဒါပေမဲ့ အစ်မကလည်း အစ်မသိထားတဲ့ အထောက် အထားတွေ မှန်ကန်တယ် ဆို တဲ့ အကြောင်းသေချာရှင်းပြတာ။ Detail တော့မပြောတော့ပါဘူး။ အရိပ်အမြွက်လောက် ပဲ ပြောသွားတာပါ။ အခုပြောတာတွေက လည်း ထိ ထိမိမိနဲ့ စည်းမျဉ်းတစ်ခုချမှတ်ပြီး ပြောတာပါ။ နစ်နာတဲ့အတွက်ကို အခုလိုမျိုး ရှင်းပြတာပါ။ သူတို့ သိက္ခာကျအောင်၊နာမည်ပျက်အောင် တော့ မလုပ်ပါဘူး။ သူတို့ လုပ်လို့လည်း မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မဘက်က မှန်ကန် နေ လို့ပါ။ လူကြီးဆိုတာထောက်ပြ ရမယ့်အရာရှိရင်တော့ ထောက်ပြရ မယ့်အတိုင်း အ တာ တစ်ခုတော့ ရှိရမှာပဲ။ ဒီအတွက် ထောက်ပြတဲ့အနေ နဲ့ အခုလိုမျိုးလုပ်ရတာပါ။ အရည် အချင်းမမီ လို့မပေးဘူးဆိုတာ အဲဒီကတည်းက ချင့်ချိန်စဉ်းစားလို့ရနေ ပြီ။ လူ တိုင်း လည်း အကုန်သိနေပြီ။ အရည်အသွေးမမီဘူးဆိုရင် ဒီ ၆ ကားက ဒီအဆင့်ထိရောက်လာစရာမရှိဘူး။ အနုပညာဆိုတာ ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကုန် ဆက် စပ်နေ ကြတာလေ။ ဆုရသွားတဲ့ ၆ ယောက် ကို ဆိုလို ချင် တာမဟုတ်ပါဘူး။ 

သဘောတရားကို ပြောပြတာပါ။ တကယ်လို့ အရည်အချင်းမမီဘူးဆိုရင် ဒီအကယ် ဒမီပေးပွဲ ကို ရွှေ့ပြီးမှ ကျင်းပသင့်တယ်။ ပြောချင်တာက နစ်နာတယ်ဆိုတဲ့အရာက နောက် မှ ဖြစ်တဲ့ ကဏ္ဍပါ။ အစ်မ Status တင်လိုက်တဲ့အရာတွေကို အရင်ပြောတာ။ အစ်မ မ ဟုတ်တာကိုလုပ်တာ တစ်ခုမှမရှိတဲ့အတွက်ကြောင့် အခု လိုဖြေရှင်းဖို့၊ အမှန်တရားကိုသိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို လုပ်တာ။ နာမည်တွေကိုတော့ အတိ အကျ မပြောတော့ဘူး။ သွယ်ဝိုက်ပြီး တော့ပြော မယ်။ ပြော လိုက်ရင် သူတို့ အတွက်တအားထိခိုက်နစ်နာမယ်။ ကိုယ်မှန်တယ်ထင်ပြီး စိတ်ဓာတ်သေးသိမ်စွာနဲ့ သူတစ်ပါးထိခိုက်နစ်နာတာကိုမလိုချင်ဘူး။ဒါကအဖျားရှူးတာမဟုတ်ပါဘူး။ စိတ်ဓာတ်သေးသိမ်တာ မဟုတ်ပါဘူး။ အခု အစ်မပြောနေတာတွေက အကုန်အမှန်တွေချည်းပါပဲ။ အဲဒီ အပေါ် မှာ မှ ပြဿနာတွေ ကြီးကျယ်လာခဲ့ရင် ရင်ဆိုင်ရမှာပဲ။
သေချာတာကတော့ အစ်မနောက်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှမရှိဘူး” ဟု သိင်္ဂီထွန်း ကပြော သည်။

” နောက်ကြောင်းပြန်ချင်လို့ မဟုတ်ပါဘူး။ အမှန်တရားတစ်ခုကို သိစေချင်လို့ အခုလိုမျိုး ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ အစ်မက လူလိမ်ကို လူလိမ်လို့ပြောရဲသလို မရိုး သားတဲ့လူကို မရိုးသား တဲ့သူလို့ ပြောရဲတယ်။ဒီလိုပြောလိုက်လို့လည်းဇာတ်ကားမရိုက်ရရင်လည်း နေပါစေ၊သမိုင်းတွ င် တဲ့ အရာတစ်ခုကို ဖော်ပြနိုင်တဲ့ မိန်းမ တစ်ယောက်အဖြစ် ဂုဏ်ယူနေမယ်။ နောက်ဆက် တွဲ ဒီပြဿနာဖြစ်လာခဲ့ရင် စိန်ခေါ်တာတော့မဟုတ်ပါဘူး။ ရဲရဲရင်ဆိုင်မယ်။ ကားမရိုက်ဘဲနဲ့ကို ရင်ဆိုင်သွားမှာ။ ဒါတွေက ကိုယ်ကျိုးအတွက်ဆိုရင် ထိမ်ချန်ထားလို့ရပါတယ်။ လက်ရှိမှာ ဇာတ် ကားတွေ ဆက်တိုက်ရိုက်နေရတယ်။ ဘာပဲပြောပြော အောင်မြင်တယ်လို့ ပြောရ မှာပဲ။ ပရိသတ် အ များကြီးရှိတယ်။ အဲဒီလို အချိန်တွေနဲ့လဲပြီး ဖြေရှင်းသွားမယ်။ သူများတွေက အကယ်ဒမီ ဒီနှစ် မရလည်း နောက်နှစ်ဆိုပြီးမှေးနေကောင်း မှေးနေလိမ့်မယ်။
အစ်မကတော့ အဲဒီလိုမဟုတ်ဘူး။ ပြတ်ပြတ်သားသားကို ဖြေရှင်းမှာ။ အစ်မမှာ ရိုက်ထားတဲ့ဇာတ် ကားတွေ အများကြီးရှိတယ်။ ဒီအတိုင်းသွား နေလို့တောင်ရတယ်။ ဒါပေမဲ့ ထိမ်ချန် ထား လိုက်ရင် တစ် ဖက်ကို အားပေးသလိုဖြစ်သွားလိမ့်မယ်။ တစ်ဖက်မှာက တအားကို ဆိုးရွားနေတာ။ တချို့ အနု ပညာရှင်တွေရဲ့ ဆန္ဒတချို့ ဖြစ်ချင်တိုင်းဖြစ်မလာဘူး။ ဖရို ဖရဲ ဖြစ်နေတာတွေက အများကြီး ပဲ။ အစ်မ အခုထောက်ပြတဲ့အမှားတွေကို နောက်ကနေ လိုက်လာမယ့်သူတွေ ရှိကောင်းရှိမယ်။ မရှိရင်လည်း မရှိနိုင်ဘူး။ အဖွဲ့အစည်း တစ်ခု မှန်ကန်စေချင်တဲ့ဆန္ဒကြောင့် အခုလိုမျိုး ပြောပြရ တာ။ အစည်းအရုံးဆိုတာ အားလုံးနဲ့ပတ်သက်တယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး။ တစ်ဖက်က ဒီ လိုပြောလိုက် လို့ အစ်မနဲ့ စီးပွားအတူလုပ်နေတဲ့သူတွေက အစ်မရဲ့ကိုယ် ကျင့်တ ရား၊ စိတ်ဓာတ်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်” ဟု သိင်္ဂီထွန်း ကပြော ပါသည်။

Mဘွယ်၊ဓာတ်ပုံ-အောင်ဇော်မင်း

No comments:

Post a Comment