Friday, December 5, 2014

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်း အမျိုးသမီးများ ကြိုဆို

တရားဝင်အိမ်ထောင်ရှိ လျက်နှင့်
 ထပ်မံလက်ထပ်ပါက ထိုသူကို
 ထောင်ခုနစ်နှစ်အထိ ချ 
မှတ်နိုင်ကြောင်း လွှတ်တော်သို့
 ပေးပို့လိုက်သည့် တစ်လင်တစ်
မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထား
 ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃ ရက် က ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ဥပဒေကြမ်းတွင် တရားဝင်

လက်ထပ် ထိမ်းမြားပြီးသူသည် မပြတ်စဲရသေးဘဲ ထပ်မံလက်ထပ်ပါက ထိုသူကို ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၄၉၄ ကျူးလွန်ကြောင်း မှတ်ယူရမည်ဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
အမျိုးသားများ မိန်းမအများအပြားယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်နှင့် အမျိုးသမီးများ မယားပြိုင်အဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် က ရေး ဆွဲ ၍ လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။
‘‘တစ်လင် တစ်မယားစနစ် ဆိုတာ အမျိုးသမီးတွေအတွက် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သင့်တော် တယ်။ အဖြစ်သင့်ဆုံးပဲလို့ ကျွန်မကတော့ ယူဆတယ်။ အမျိုးသားတွေအနေနဲ့ တတ်နိုင်လို့ ယူ တယ်ထားဦး။ တစ်လင် တစ်မယားစနစ်ကိုပဲ ကျွန်မတို့က တည်တံ့စေချင်တယ်။
‘‘မိန်းမတွေအများကြီးယူတဲ့ အတွက် နောက်ဆက်တွဲအကျိုးဆက်က သူတို့ပေါက်ဖွားလာမယ့် သား သမီးတွေမှာလည်း အများကြီး ပြဿနာတွေဖြစ်နိုင်တယ်။ ဒီဥပဒေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာနဲ့ပဲ တိုင်းတာ တိုင်းတာ ကျွန်မတို့ အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ယခင်အမျိုးသမီးရေးရာ အဖွဲ့ဝင်ဟောင်းဒေါ်မြမြက ပြောသည်။
အမျိုးသမီးအများစုကမူ အဆိုပါဥပဒေကို ထောက်ခံကြလိမ့်မည်ဟု မျှော်လင့်ကြောင်း အမျိုးသမီး အရေး လှုပ်ရှားသူနှင့် အမျိုးသမီးရေးရာ ဆောင်းပါးများ တာဝန်ခံတင်ဆက်သူ မဇ္ဈိမ မီဒီယာ မှ ဒေါ်သင်းသင်းအောင်က ပြောကြားသည်။
‘‘ယေဘုယျအားဖြင့်ကတော့ ဒီဥပဒေက ကောင်းပါတယ်။ အမျိုးသမီး အများစုကလည်း ကြိုက်မှာ ပါ။ ကျွန်မအ ထင် ယောက်ျားတွေကတော့ ကန့်ကွက်ကြလိမ့်မယ်။ ဒီကနေ့ ကျွန်မတို့ ထိတွေ့ ဆက်ဆံ ရတဲ့ အသိုင်းအ၀ိုင်းမှာ ဒီလိုမယားပြိုင်ထားမှု ကြောင့် လူမှုရေးပြဿနာတွေကို ကြုံတွေ့နေ ရတယ်။ ဒါကြောင့် ဒီဥပဒေကို အမျိုးသမီးတွေကတော့ သဘောကျမှာပါ’’ ဟု ၎င်းကပြောသည်။

(7Day)

No comments:

Post a Comment