Monday, November 10, 2014

ပုသိမ်မြို့ခံ ပန်းချီဆရာ ဦးသက်နောင်ရဲ့ မြန်မာ့ ပထမဆုံး သရီးဒီပလက်ဖောင်း

3D Street Art လို့ ခေါ်တဲ့ ဖန်တီးမှုအနုပညာဟာ ၁၈၉၀ လောက်က UK မှာ အစောဆုံး စတင်ခဲ့ကြောင်းသိရှိရပါတယ်။လန်ဒန်တစ်မြို့တည်းမှာကိုပဲ ပန်းချီပညာရှင် ၅၀၀ ကျော် လောက် ရှိခဲ့မယ် ဆိုပြီး ခန့်မှန်းကြပါတယ်။
Street Artist လို့ ခေါ်တဲ့ ဒီပန်းချီပညာရှင်တွေဟာ လမ်းဘေးပလက်ဖောင်းမှာ နေထိုင်ရင်း လက်ရာမွန်တွေ ဖန်တီးခဲ့ကြတဲ့အတွက် “screever” လို့လည်း ခေါ်ခဲ့ကြကြောင်း သိရှိရပါတယ်။
အမေရိကန်မှာ Chalk Artists လို့လည်းခေါ်ကြတဲ့ Street painters တွေကို အီတလီမှာတော့ Madonnari လို့ ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ ဘာဖြစ်လို့ Madonnari လို့ ခေါ်ခဲ့သလဲ ဆိုရင် သူတို့ဟာ Madonna ရရဲ့ ရုပ်ပုံတွေကို အများဆုံး ရေးဆွဲခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ Madonna ဆိုတာက “မယ်တော် မာရီ”ကို အီတလီဘာသာစကားနဲ့ ခေါ်တွင်တာ ဖြစ်ပါတယ်။ အီတလီ ဘာသာစကားနဲ့ ma donna ဆိုတာက “my lady” လို့ အဓိပ္ပါယ်ရပါတယ်။ ၁၆ ရာစုကတည်းက အီတလီမှာ Madonnari တွေ ရှိနေခဲ့ပါပြီ။
၁၉၇၃ခုနှစ်မှာတော့မီလန်မြို့တော်ရဲ့အရှေ့တောင်ဘက်၈၁မိုင်အကွာမှာရှိတဲ့မန်တူအာ ပြည်နယ်မှာ Street painting ပွဲတော်ကို (၂)ရက်ကြာ စတင်ကျင်းပလာခဲ့ပါတယ်။

၁၉၈၀ ကျော်ရောက်တဲ့အချိန်မှာတော့ Kurt Wenner ဆိုတဲ့ ပန်းချီပညာရှင်ကြီးတစ်ဦးက ’3-D pavement art’ ကို စတင်ရေးဆွဲခဲ့ပါတယ်။ သူ့ကို 3D Street Art ကို တီထွင်သူအဖြစ် အများက သိရှိထားကြပါတယ်။ အမေရိကန်နိုင်ငံသား Kurt Wenner ဟာ အီတလီနိုင်ငံမှာ အနေများခဲ့ပါတယ်။
ခုချိန်မှာတော့ ’3-D pavement art’ ဟာ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဖန်တီးလာခဲ့ကြပါပြီ။ ပန်းချီပညာရှင်တွေရဲ့ အသက်ဝင်လှတဲ့ သရီးဒီ ဖန်တီးမှုအနုပညာတွေဟာ ပြည်သူတွေရဲ့ စိတ်ပြေ လန်းဆန်းမှုကို အထောက်အကူပြုသလို ပြည်ပခရီးသွားတွေအတွက်လည်း ဆွဲဆောင်မှု ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။ ပန်းချီးဆေးသား ကြာရှည်တည်တံ့ရေးအတွက်
အတော်များများကတော့ လူအများသွားလာကြတဲ့ လမ်းကြားတွေထဲ အရိပ်ကောင်းကောင်းရတဲ့ ပလက်ဖောင်းတွေမှာ ရေးဆွဲလေ့ရှိကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ သရီးဒီပန်းချီအနုပညာမှာ ဒါက ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီပထမဆုံး ဖန်တီးမှုကနေအစပြုပြီးကမ္ဘာလှည့်ခရီးသည်တွေအများဆုံးလာရောက်တတ်တဲ့နေရာတွေ၊ နေရာ အသစ်တွေမှာ ဒီလိုမျိုး ဖန်တီးမှုတွေ ဆက်လက်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ နားလည်မှုရှိရှိ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုရင်တော့ ’3-D pavement art’ ထွန်းကားလာမှာ သေချာပါတယ်။

From: opposite eye

No comments:

Post a Comment