Wednesday, November 19, 2014

စစ်သားတွေနေတဲ့အဆောင်မှာ ခြောက်တဲ့သရဲမ(ဖြစ်ရပ်မှန်)

(ကိုအေးချမ်းအောင် ပြောပြတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါခင်ဗျာ)
ကျွန်တော်က စလုံးမှာနေနေတာပါ
PR(permanent residant) ရထားတာ ဆိုတော့ စလုံးဥပဒေအရ စစ်မှုမထမ်းမနေ ရ နှစ်နှစ် ထမ်းရတယ် ဒီလိုနဲ့ စစ်မှုထမ်းတော့ camp မှာသွားနေရတယ်လေ camp ဆိုတာ လဲ training သီးသန့်ဆိုတော့ စလုံးမှာ မထား ဘဲ စလုံးနဲ့ မလှမ်းမကမ်းက ကျွန်းမှာ သွားနေရတယ်။ မသွားခင်တော့ သူငယ်ချင်းတွေ စစ်မှုထမ်းပြီးတဲ့ လူတွေကပြောတာပေါ့ သရဲခြောက်တယ် သတိထား ဘုရားရှိခိုး အိပ်ပေါ့။ ကျွန်တော်သရဲ တွေကို မယုံမကြည်မလုပ်ပါဘူး။ ကြောက်လည်းမကြောက်ဘူး။ ရှိတာတော့ ယုံတယ်။
အကယ်လို့ တွေ့ခဲ့သည်ရှိတယ် စိတ်ကိုဘယ်လို ပြင်ဆင်ရမလဲ ကြောက်စိတ်မဖြစ်မောင် ဘယ်လိုထိန်းချုပ်ရမလဲ အမြဲ စဉ်းစားတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ training စဆင်းရတာပေါ့။ training ဆင်းတဲ့သူတွေမှာ တစ်ချို့က ကျန်းမာရေးအခြေအနေကြောင့်မလုပ်နိုင်တဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ အဖွဲ့ မှာ နှစ်ယောက် ပါတယ်။ နေ့တိုင်းနီးပါး ဆေးခန်းသွားပြရတယ်ကြာတော့ သူတို့ sergeant တွေက OOT(out of training)ဆိုပြီး တံဆိပ်လေး ကပ်ပေးထားလိုက်တယ်။ OOT ဆိုတော့ ညာဆိုဘာမှ လုပ်စရာမ လိုတော့ဘူး။ ကျွန်တော်တို့ training လုပ်ရင် လုပ်ရတဲ့ ပစ္စည်းတွေ သယ်ပေးရတာတို့လျှော်ပီး သား အိပ်ယာခင်းတွေ ပြန်သယ်ရတာတို့လောက်ပဲလုပ်ရတော့တယ်။ အဲဒီ နှစ်ယောက်တည်းက တစ်ယောက်က သရဲတွေကို မြင်ရတယ်လို့ပြောတယ်။ မြင်ရတယ်ဆိုတာကလည်း သရဲက ပြ လို့မြင်ရတာမဟုတ်ဘဲ သူ့မျက်စိကိုက မြင်ရတာ။ ဒါတောင်မကသေးဘူး သရဲနဲ့စကားတောင်ပြော လို့ရတယ်ဆိုပဲ။ အစကတော့ကျွန်တော်လည်းမယုံဘူး။
အခုမှဇာတ်လမ်းကစတာ တစ်နေ့ကျွန်တော်တို့ အခန်းထဲ ဆံပင်အဖြူ အရှည်ကြီးတစ် ပင် တွေ့ တယ် တွေ့တဲ့ သူက သူ့ဟာ ကိုယ့်ဟာ ဆိုပြီး စနေသေးတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၆ယောက်နေရပါတယ်။

ပြီးတော့ စလုံးမှာ စစ်မှုထန်းတဲ့ ပထမ လေးလ ကို အကုန်လုံး ကတုံးတုံး ရပါတယ်။ ပြီးတော့ camp မှာလည်း မိန်းကလေး ကဟင်းချက်တဲ့ အဖွားကြီးတို့ office မှာထိုင်တဲ့ မိန်း ကလေူ တွေရှိပါတယ်။ ဒါပေမယ်သူတို့ တွေက တပ်သား တွေအဆောင်ကို လာလို့မရပါဘူး။ ထူးဆန်းတာ ဆံပင်က ဘယ်ကရောက်လာတာလဲ။ စစပိုင်းတော့ဘယ်သူမှသတိ မထားမိ ဘူး။ နောက်ပိုင်း ရက်တွေမှာ သရဲမြင်ရတယ်ဆိုတော့ တစ်ယောက်ကပြောတယ် အခန်းတွေရှေ့ ကနေ ကောင် မလေး တစ်ယောက်ဖြတ်ပြေးသွားတာမြင်တယ်တဲ့ ကောင်မလေး က အရမ်းကြောက် လန့်နေတယ်တဲ့။ တော်တော်စဉ်းစားရခက်တာက ယောက်ျားလေး တွေ စစ်မှု ထမ်း တဲ့ အဆောင်မှာ မိန်းကလေူသရဲ ရှိတယ်ဆိုတာပဲ။

 တော်တော်ကြာလာတဲ့တစ်နေ့ ကျွန်တော် တို့ training တွေပြီးလို့ အဆောင်ကို ပြန် တက် လာတယ်။ ကျွန်တော်တို့ အဆောင်က ၅ထပ်ရှိတယ် ။ အပေါ်ဆုံးထပ်ပဲ။ကျွန်တော် အပေါ် ထပ်ရောက်ခါနီးမှာ အသံကြားလိုက်ရတယ် "get out, get out from here. Don't come." ဆိုပြီးအမိန့်ပေးတဲ့ အသံနဲ့ ဗျာ။ အသံကတော့ရင်းနှီးတယ်။ သရဲမြင်ရတယ်ဆိုတဲ့ငောင်ရဲ့အသံ။ သူဘယ်သူ့ကိုပြောနေတာလဲဆိုတာတော့ မသိဘူး ကျွန်တော်က ၄ လွှာမှာပဲရှိသေးတာကိုး။ ဒါနဲ့ အပေါ်တက်လာရော လှေခါးဆင်းတဲ့ အသံတွေကြားရပြီး ကျွန်တော့်ကိုဝင်တိုက်သွား တာ ကျွန်တော်တောင်လဲကျတော့မလို့ကံကောင်းတယ်။ အဲဒါနဲ့အပေါ်ကိုအမြန်ပြေးတက်သွားပြီး ဟိုတစ်ယောက်ကိုမေးတော့ သရဲမလေးတဲ့ အဆောင်ပေါ်ရောက်လာလို့ အော်ထုတ် လိုက်တာတဲ့ ဒီတစ်ခါတော့သူမြင်ရတယ် စကားပြောလို့ရတယ်ဆိုတာ မယုံလို့မရတော့ပါဘူး။ ဒါနဲ့ကျွန်တော် လည်း စစနောက်နောက်နဲ့ နောက်တစ်ခါတွေ့ရင် အဲဒီသရဲမလေး ကိုမေးလိုက်ကွာ မြန်မာ လိုပြောတတ်လားလို့ ပြောလိုက်တယ်။

 ဒီလိုနဲ့ကျွန်တော်တို့ field camp ထွက်ရမယ့်ရက်ရောက်လာတယ် ၅ ရက်လောက်ကြာ မယ်။ တောထဲမှာပဲနေရမှာ အဆောင်ပြန်လို့မရဘူး။ OOT နှစ်ယောက်က ပဆောင်မှာ ကျန်ခဲ့တာပေါ့ အဲဒီမှာစတာပဲ။ ညဘက် ရောက် သရဲမမြင်ရတဲ့တစ်ယောက်က အိမ်သာသွားတတ် တယ်တဲ့ အိမ်သာတတ်ပြီး ပြီး လက်ဆေးနေတဲ့ အချိန် မှန်ထဲ ကနေသရဲကိုလှမ်းမြင်လိုက်ရတယ် တဲ့။ သရဲက အိမ်သာ တံခါးပေါက်ဝမှာ မတ်တပ်ကြီးရပ်နေတာတဲ့။ ကောင်မလေးတော့မဟုတ်ဘူး ။ မိန်းမကြီးတဲ့။ ခေါင်းကြီးငုတ်ထားပြီး မျက်နှာကို ဆံပင် အဖြူအရှည်ကြီးနဲ့ ဖုံးထားတယ်တဲ့။ တစ်ကိုယ်လုံးအဖြူဝမ်းဆက်တဲ့။ သူလှည့်ကြည့်တော့ မမြင်ရတော့ဘူးတဲ့ သူလည်းကြောက် လို့ နောက်တောင်လှည့်မကြည့်ဘူး ပြေးတာဆိုပဲ။ ကျွန်တော်တို့ပြန်ရောက်လာတော့ သူပြန်ပြောပြ တာပဲ။ ဒါနဲ့ ကျွန်တော်အိမ်သွားတိုင်း အမျှဝေတယ် အနှောက်အယှက် မပေး ပါနဲ့ပေါ့။

နောက်ဆုံး ညရောက်တော့ အဲဒီ မိန်းမကြီးပဲဖြစ်မယ် ကျွန်တော်အိပ်နေတုန်း ကုတင်လာ လှုပ်တယ်။ ကုတင်က နှစ်ထပ်ကုတင်။ ကျွန်တော်က အောက်မှာ အိပ်တာ ဆိုတော့ အပေါ် ကတစ်ယောက်လှုပ်တယ်ပဲထင်တာ နောက်တော့ ဆောင်ပါလာလှန်တယ်။ကျွန်တော်လည်း အမျှ ပဲပေးဝေ ပြီး မနှောက်ယှက်ဖို့ပြောမှ ငြိမ်သွားတယ်။ ကျွန်တော်ထင်တာတော့ လာနှုတ်ဆက် တာလားမသိဘူး။
ဒါကတော့ ကျွန်တော်ကြုံခဲ့ ရတဲဘ စလုံးကအဖြစ်အပျက်လေးပါ။ လုပ်ကြံဖန်တီးထားတာ မဟုတ် ပါ။ မယုံကြည်ပါက အိမ်သာမှာ အခြောက်ခံရတဲ့ သူငယ်ချင်းအကောင့်ရှိပါတယ်။ Singaporean. ပါ။ သူ့ကိုမေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

(ဇာတ်လမ်းရေးသားပြောပြပေးသော ကို အေးချမ်းအောင်ကို အက်ဒမင်များမှ အထူးပဲ ကျေး ဇူး တင် ရှိပါသည်ခင်ဗျာ....)
Post By:မောင်မိုးတိမ်.
By သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

From:News Myanmar

No comments:

Post a Comment