Monday, November 10, 2014

မီဒီယာ အဆိပ် (ဓမ္မ၀ီရ အရှင်တေဇနိ)

ယနေ့မြန်မာ့မီဒီယာလောကတွင် ပါတီ)နိုင်ငံရေး
လုပ်စားသမားတို့၏ မီဒီယာကိုအသုံချနေမှုများ
 ၊နိုင်ငံရေးကိုခုတုံးလုပ် ၍တိုင်းပြည်
မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေသည့်
အမည်ခံမီဒီယာများ၊ လူမျိုးနွယ်တစု(သို့) 
အဖွဲ့အစည်းတခု(သို့)ပုဂ္ဂိုလ်တစ်စုံတစ်ယောက်
အတွက် ၀ါဒဖြန့်မှိုင်း တိုက်   နေ့သည့်မီဒီယာများကို တွေ့လာရပါတယ်။
ထိုအတုအယောင်ဝါဒဖြန့်သမား တို့သည် နိုင်ငံတော်၏အချုပ်အခြာနှင့် 
 နိုင်ငံပိုက်နက်မြေ၊လူမျိုးဘာသာ သာသနာတော်ကိုပါ မိမိတို့ အကျိုးစီးပွား အတွက်အတ္တကြီးစွာဖြင့် မီဒီယာကိုအကာအကွယ်ယူ၍ လုပ်ကြံသတင်း များဖြင့် ပြည်သူတို့ကို မီဒီယာအဆိပ်ဖြင့် နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသသနာချစ် စိတ်တို့ကို ရိုက်ချိုး သတ်ဖြတ်နေ ကြပါ တယ်။
  မှော်ဘီသံဃာ့ညီလာခံကြီးအပြီးတွင်
“အမျိုးစောင့်ဥပဒေအတွက် မည်သင့် မူကြမ်းမှမရေးဆွဲရသေးမီ မှာ”ဧရာဝတီ အင်တာနက်သတင်းနှင့်ဒေါ်လာစာြး ပည်တွင်း၊ပြည်ပမှမီဒီယာအချို့မှ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးအတွက် ဥသျှောင်ဆရာတော်ကြီးများ စိတ်ဝမ်းကွဲနေသည်ဆိုကာ မဟုတ် မမှန်လုပ်ကြံသတင်းလွှင့်ခဲ့ကြပါတယ်။
ထိုသတင်းနှင့်ပတ်သက်၍လုံးဝ မှားယွင်းကြောင်းကိုနာမည် အလွဲသုံးစားအလုပ်ခံခဲ့ရသည့်
ဓမ္မဒူတဆရာတော် ဘဒ္ဒန္တဆေကိန္ဒနှင့် ထေရ၀ါဒဗုဒ္ဓတက္က သိုလ်ပါမောက္ခ ငါးကျမ်းပြန်ဆရာတော်၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကျမ်းပြုဋ္ဌာန၊ဋ္ဌာနမှုဆရာတော်အရှင်ဒေ၀ိန္ဒာလင်္ကာဘိဝံသတို့မှချက်ချင်းပင်မီဒီယာအတုအယောင်တို့၏ သတင်းမှားအား ဖြေရှင်းတုန့်ပြန်ခဲ့ပါတယ်။ သို့သော် မမှန်သတင်းဖော်ပြခဲ့သည် ဧရာဝတီသတင်းဋ္ဌာနစသည့် ဒီဒီယာအရေခြုံတို့သည် ဆရာတော်များ ၏ ဖြေရှင်းမိန့်ကြားချက်အား မှားယွင်းစွာဖော်ပြမိပါ ကြောင်း ဆရာတော် များနှင့် ပြည်သူတို့အား မီဒီယာကျင့်ဝတ်နှင့်အညီ တောင်းပန်းခြင်း အမှားပြင် ဆင်ခြင်းများလည်း မပြုလုပ်ခဲ့ကြပေအဆိပ်တကာအဆိပ်ထဲတွင် မီဒီယာအဆိပ်သည်ကား အသိမှား အထင်မှား ဖြစ်စေနိုင် သည့်အတွက် များစွာအန္တရာယ်ကြီးမားသောကြောင့် ကိုယ်ပိုင် အသိ သတိ ပညာတို့ဖြင့် ဝေဘန်ချင့်ချိန်ကြပါဟု အထူးတိုက်တွန်းလိုက်ရပါတော့သတည်း
From: ဓမ္မ၀ီရ အရှင်တေဇနိ

No comments:

Post a Comment