Thursday, October 9, 2014

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး အလောင်းတွေ့

ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ပျောက်ဆုံြး မန်မာလေယာဉ်မှူးကို အောက်တိုဘာ ၉ ရက် ညနေအချိန်တွင် ၎င်းကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံး လျက်တွေ့ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။
B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီး ကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ ရက်တွင် ပြန် လည်တွေ့ရှိကာ မျက်စိဒဏ်ရာကြောင့် ကျန်ရစ်ခဲ့ သည့် မြန်မာလေယာဉ်မှူးမှာ ဂူတစ်ဂူထဲတွင် ကျန်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန် ထားသည်။
မြန်မာလေယာဉ်မှူး ကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေမှု များပြုလုပ်ရာ ယနေ့ညနေတွင် သေဆုံးလျက်တွေ့ ရှိခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။
ခါကာဘိုရာဇီရေခဲတောင်တွင် ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးပြု လုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက် အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

No comments:

Post a Comment