Thursday, October 2, 2014

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရဟု စင်ဟွာသတင်းတွင်ဖော်ပြ

ရန်ကုန်၊ စက်တင်ဘာ ၃ဝ။
ခါကာဘိုရာဇီ တွင် မြန်မာတောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေနေသည့် အဖွဲ့မှ ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
နောင်မွန်းနယ်ထဲရှိ ကျေးရွာသားများ က ပေးပို့သည့်သတင်းကို ဒေသအာဏာ ပိုင်များက စက်တင်ဘာ ၃ဝရက်၊ ဒေသစံတော် ချိန် နံနက်၃နာရီ၌ လက်ခံရရှိခဲ့ကြောင်း၊ ယင်းအာဏာပိုင်များက တစ်ဖန်ရှာဖွေရေး အဖွဲ့များအခြေစိုက်ရာ ပူတာအိုမြို့သို့ ဆက် လက်သတင်းပို့ထားကြောင်း စင်ဟွာသတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။
''အခုပျောက်နေတဲ့လေယာဉ်က နောင် မွန်းမြို့နယ်၊ ဂါတုကျေးရွာအနီးမှာ ထိုးဆင်း သွားတာကိုဒေသခံတွေက တွေ့လိုက်တယ် လို့ သတင်းပို့ထားတယ်။ အခုထိုးဆင်းသွား တဲ့ နေရာကလဲ တောအရမ်းနက်တာကြောင့် ဝင်ရောက်ရှာဖွေဖို့ခက်နေတယ်''ဟု ကချင်ပြည်နယ်ဒေသခံ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။
ယခုအခါ အဆိုပါရဟတ်ယာဉ် အား ဒေသခံရှာဖွေရေးများ၊ တပ်မ တော်နှင့်ထူးဖောင်ဒေးရှင်းတို့က ရှာ ဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိ ရသည်။
ပျောက်ဆုံးနေသောမြန်မာ တောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူးဦး အောင်မြတ်တိုးနှင့် ထူးဖောင်ဒေး ရှင်းမှ ဒေသခံဦးရွှေရင်တော်ကြီးတို့ လိုက်ပါလျက် ပူတာအိုလေဆိပ်မှ စက်တင်ဘာ ၂၇ရက် ဒေသစံတော် ချိန်မွန်းလွဲ ၂နာရီ ၂ဝမိနစ်တွင် ပျံ တက်သွားပြီးနောက် ခါကာဘိုရာဇီ တောင်ခြေအနီးရှိ တဟွန်ဒမ်းရွာ ကယ်ဆယ်ရေးအခြေစိုက်စခန်းသို့ ဦးတည်ပျံသန်းစဉ် မိနစ်၂ဝအကြာ တွင် မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ဆီကို ဒေသခံ တွေ၊ အာဏာပိုင်တွေဆီကတစ်ဆင့် သတင်းရောက်လာတယ်။ ရဟတ် ယာဉ်ထိုးဆင်းသွားတာတွေ့လိုက် တယ်တဲ့။ အဲဒီနေရာကို ထူးဖောင် ဒေးရှင်း၊ တပ်မတော်၊ ဒေသခံတွေ နဲ့ရှာဖွေရေးအဖွဲ့တွေက ရှာဖွေနေ ကြတယ်။ ရဟတ်ယာဉ်ပျက်တာ ကိုတွေ့တာမဟုတ်ဘူး။ ထိုးဆင်း သွားတာကိုတွေ့တာ။ အခုလဲ ထပ်မံ အင်အားဖြည့်ပြီးရှာဖွေနေကြတယ်။ အခုချိန်အထိ ထူးခြားမှုတစ်စုံတစ် ရာမရှိသေးပါဘူး''ဟုထူးဖောင်ဒေး ရှင်းမှ တာဝန်ရှိသူကိုဖြိုးကိုကိုသက် ကပြောသည်။
‪#‎Democracytoday‬

No comments:

Post a Comment