Friday, August 8, 2014

၄၃၆ လက်မှတ်တိုင်း ပြည်သူ့ဆန္ဒ အစစ်မဟုတ်ကြောင်း ဦးလှဆွေပြောပြီ

From : .. U Hla Swe
ပြီးခဲ့တဲ့အပါတ်က ဂန့်ဂေါမန္တလေး ခရီးသည် တင်ယာဉ်လိုင်း က တူလို သားလို ခင်တဲ့ လူငယ်လေးတယောက် က ဖုံးဆက် တယ် အဘရေ တဲ့ ဂန့်ဂေါနဲ့မန္တလေးကြား ၄၃၆ လက်မှတ်ထိုး အစုအဖွဲ့ ၁၈ ဖွဲ့ ရှိတယ် တဲ့ ခရီးသည် ၄၅ ယောက်ကလည်း အချိန် ကုန်မှာစိုးလို့မြန်မြန် ထိုးပေးလိုက်ကြပါတယ်တဲ့ အသွားအပြန် ဒီလိုပါဘဲတဲ့ အိမ်ပြန်ရောက်တော့ ရပ်ကွက်ထဲမှာ ခေါင်းစီး အနီ တွေနဲ့ အရေးအ ခင်းတုံး က သမဂိုဒေါင် ဖေါက်ခဲ့တဲ့ ဆရာ ကြီးတွေ ရောက်လာ ပြီး ၂၀၁၅ မှာ ဒို့ တာဝန်ယူ ရ ရင် ဘယ်သူ့ကို ကူညီရမလဲလို့လိုက်ရှာနေတာ ဆိုလို့ အကျယ် အကျယ် မငြိမ်းဖွယ် ဖြစ်နေမှာစိုး တာကြောင့် စကားနဲရန်ဆဲ လက်မှတ်ထိုးပေးလိုက်ပါတယ် တဲ့ ဒါကြောင့် ကျနော်တို့ နာမည်တွေ က အကြိမ်ကြိမ်ပါနေတော့ပြသာနာမရှိလောက်ပါဘူးနော် တဲ့ ။ ကျောက်ဆည် မန္တလေး ဟိုင်း လက် ကားမောင်း တဲ့ စစ်ပြန် တပည့်တယောက်ကလည်း ၄၅ မိနစ် ဒီခရီးမှာ ၄၃၆ အဖွဲ့ ၈ ဖွဲ့ ရှိသတဲ့ ခရီးသည် ဒရိုင်ဘာ စပါယ်ယာ အားလုံး က ခရီးမကြံ့ကြာစေရေး အမြန် လက်မှတ်ထိုးပါ တယ် တဲ့ ဒါမှ ခေါက်ပြန်ပြေးနိုင်မှာပါ တဲ့

No comments:

Post a Comment