Saturday, August 2, 2014

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများ ထံလွှဲပြောင်းပေးအပ်

From : .. MOI
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) နှင့်
 မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့်
 အစီရင်ခံတင်ပြရေးလုပ်ငန်း အဖွဲ့တို့၏
အစီအမံဖြင့် တပ်မတော် အတွင်း အရွယ်
မရောက်သေးသူ ကလေးသူငယ်များကို 
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် 
အသေးစိတ် စိစစ်နုတ်ထွက်ခွင့်ပြုလျက်
ရှိရာ ၉၁ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ်ရရှိသော အရွယ် မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ၌ ကျင်းပသည်။
အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သန်းစိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရှေ့နေချုပ် ရုံးတို့မှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်း များဖြစ်ကြ သော UNICEF၊ UNHCR၊ ILO၊ Save the children၊ World Vision၊ World Food Programme၊ UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်လည်နုတ်ထွက်ခွင့်ရ ကလေး သူငယ် ၉၁ဦးနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်း သိမ်းရေးကော်မတီ၊ တွဲဖက်အတွင်း ရေးမှူး ဗိုလ်မှူးချုပ် တောက်ထွန်းနှင့် CTFMR မှ Mr. Bertrand Bainvel တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁၀ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုတာဝန်ရှိသူတို့ကပေးအပ်ခဲ့ပြီး ကလေး များအား မိဘ(သို့မဟုတ်) အုပ်ထိန်း သူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားပြီးနောက် ကလေးများနှင့်မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိ စစ်ဆေး၍ လိုအပ်ကကုသမှုခံယူစေခြင်း၊ ကျောင်းပြန် တက်ရန်ဆန္ဒရှိပါက ကျောင်းပြန် တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင် ရရှိနိုင်ရန် လိုအပ်သည့်ကျွမ်းကျင်မှု များသင်ယူရန် ဖြစ်နိုင်ခြေများဆန်းစစ် ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ် အပြန်ခရီးစရိတ်နှင့် စားစရိတ်စီစဉ် ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။

အလားတူ မိဘများထံ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားများကို အဆိုပါအမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက် တွင် ၄၂ ဦးအား ပထမအကြိမ် အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၄ ဦးအား ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် တွင် ၄၂ ဦးအား တတိယအကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ် အဖြစ် ၂၀၁၃ ခုနှစ် ဩဂုတ် ၈ ရက် တွင် ၆၈ ဦးအားလည်းကောင်း၊ ပဉ္စမ အကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ၉၆ ဦးအားလည်းကောင်းလွှဲပြောင်းပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်ဖြစ် ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန် ၂၇ရက်တွင် ၁၈ လတာ လုပ်ငန်း စီမံချက်ကို UNCTFMR နှင့် လက်မှတ်ရေးထိုး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက် သက်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင် ဘာလ ၂၈ ရက်နေ့တွင် နောက်တစ်ကြိမ် ခြောက်လသက်တမ်းတိုးမြှင့် လုပ်ဆောင်ခဲ့သည်။

တပ်မတော်အနေဖြင့် အရွယ် မရောက်သေးသူ ကလေးသူငယ် စစ်သည်များ တပ်မတော်အတွင်း၌ လုံးဝမကျန်ရှိစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ်များအားလုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်း စုဆောင်း ခဲ့သူများရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိသည့်အပြင် တာဝန်ရှိသူ များကိုလည်း စစ်စည်းကမ်းနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးအား စစ်စည်းကမ်း နှင့်အညီ အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

.. www.MyanmarExpress.net

No comments:

Post a Comment