Monday, July 14, 2014

ယူနတီသတင်းထောက်များ ထောင်ချခြင်း မီဒီယာလွတ်လပ်ခွင့်ထိခိုက်သည်ဟု မမြင်ကြောင်း ဦးရဲထွဋ်ပြော

ယူနတီဂျာနယ်အဖွဲ့ကို ထောင်ဒဏ် ဆယ်နှစ်အမိန့်ချခြင်းမှာ လက်နက်စက်ရုံအတွင်းသို့ အယောင်ဆောင်ခိုးဝင်ခြင်းနှင့်  ဓာတ်ပုံရိုက်မှုတို့ကြောင့် အဓိက ဖြစ်ပြီး ယခုဖြစ်ရပ်များကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည့်အဖြစ်ဟု မမြင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးရဲထွဋ် က ပြော ကြားသည်။
‘‘ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ၊ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေကြားမှာနေရတဲ့ အခြေအနေတွေရှိတဲ့ နိုင်ငံတစ်ခု မှာ အမျိုးသားလုံခြုံရေးက ဘယ် လောက်အရေးကြီးတယ် ဆို တာ သတင်းထောက်တွေ သိဖို့၊စာနာဖို့ လိုပါတယ်။ ယူနတီအနေနဲ့ တစ် ဆင့်ကြားသတင်းကို အခြေ ခံပြီး ရေးရုံသက်သက်ဆို ဒီလောက်  မဖြစ်ဘူး။ စက်ရုံထဲအယောင် ဆောင်ဝင်လို့ ဖြစ်တာ။ အမေရိ ကန်လက်နက်စက်ရုံထဲခိုးဝင် ကြည့်ပါလား။ ဘာဖြစ်သွားမလဲ လို့။ လုပ်တဲ့လုပ်ရပ်က ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်မချရင် ဘယ်လိုလုပ်မလဲဗျာ’’ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ် ဆင့်ဖြေ ကြား သည်။
ယူနတီတွင် ဖော်ပြသကဲ့သို့  အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံမှာ ဓာတုလက်နက်စက်ရုံ လုံး ၀ မဟုတ်ဘဲ ရိုးရိုးလက်နက် ပစ္စည်းထုတ်သည့်စက်ရုံသာဖြစ် ကြောင်း ဦးရဲထွဋ်ကဆက် လက် ပြောကြားသည်။
‘‘Bi မွန်းတည့်နေက ကြား ဖြတ်အစိုးရသတင်းကို ရေးတာ ဆန္ဒပြပွဲပြီးမှ ရေးတဲ့သတင်း မဟုတ် ဘူး။ အခမ်းအနားပြီးမှ ရေးတာက ပွဲလုပ်တဲ့သူမှာပဲ တာ ၀န်ရှိတယ်။ဆန္ဒပြမယ့်နေ့မတိုင်ခင်ထွက် တဲ့ဂျာနယ်မှာ သတင်းကို ကြိုရေးတာဆိုတော့ ဒါက လှုံ့ ဆော်တဲ့သတင်းပဲဖြစ်မယ်။ ဒါ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နဲ့ ဆိုင်သွားပြီ’’ဟု  ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်က အစိုးရဘက်မှ အမှားမရှိ၊ သတင်းလွတ်လပ်ခွင့် ကို ကန့်သတ်ခြင်းမရှိဘဲဥပဒေ ဘောင် ကို ကျော်လွန်လာ၍ အ ရေးယူခြင်းဟု   ဆိုသည်။

No comments:

Post a Comment