Saturday, June 28, 2014

သတင်းစာ၊ ဂျာနယ်များ ခေါ်ယူမေးမြန်းမှု ဘင်္ဂလီငွေကြေးများ စစ်ဆေးရန် ဟု ဆို

Friday, June 27, 2014
သတင်းစာ၊ ဂျာနယ်များအား သတင်းတပ်ဖွဲ့မှ ခေါ် ယူမေးမြန်းခြင်းမှာ အစ္စလာမ်အဖွဲ့ အစည်းများမှ ငွေကြေးများ စီးဝင်နေမှုများကို စစ်ဆေးရန် ဖြစ်ကြောင်း သတင်းရရှိသည်။
လတ်တလော ပြည်တွင်းမီဒီယာအသိုင်းအ၀ိုင်း၌ ရဲတပ်ဖွဲ့ က ခေါ်ယူမေးမြန်းနေ သည့် အရင်းအနှီး၊ ၀င်ငွေ၊ အမြတ်၊ အရှုံးနှင့် လည်ပတ်မှုတို့နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီက ဆန့်ကျင်သည့် ကြေညာချက်ထုတ်ပြန်ထားပြီး Eleven Media Group မှ မသွားနိုင် ဟု အကြောင်းပြန် ထားကြောင်း သိရသည်။
ထိုသို့ ခေါ်ယူ၍ မေးခွန်းများ မေးမြန်းနေခြင်း၏ နောက်ကွယ်တွင် မြန်မာနိုင်ငံ မီဒီယာ လောကသို့ စီးဝင်နေသော OIC အပါအ၀င် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများ၏ ငွေကြေးများကို စုံစမ်းဖော် ထုတ်ရန် ဖြစ်ကြောင်း နေပြည်တော် သတင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဓိက ဖော်ထုတ်ချင်တာက Islamic Banking ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံထဲကို အဲဒီအဖွဲ့ အစည်းတွေကတစ်ဆင့် ငွေတွေ စီးဝင်နေတာတွေ ဘယ်လို ၀င်လာသလဲ ဆိုတာ သိချင်တာ ရယ်၊ နောက် ငွေကြေး ခ၀ါချမှုနဲ့လည်း ဆက်စပ်ပါတယ်။ ငွေမည်းတွေကို မီဒီယာထဲ ၀င်ပြီး ရင်းနှီးမြုပ်နှံတာမျိုးတွေလည်း ရှိနိုင်တယ်။ အဓိကအချက်ကတော့ ဘင်္ဂလီတွေ ဘယ်လို လုပ်လာ သလဲ ဆိုတာ ဖော်ထုတ်နိုင်ဖို့ လို့ သိရပါတယ်” ဟု သတင်းတပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သိရှိရသည်။
“မြန်မာနိုင်ငံမှာ မွန်းတည့်နေ တို့လို ဘာသာရေးကို အခြေခံတဲ့ ဂျာနယ်တွေ ရှိတယ်။ နောက် ကမာရွတ်မီဒီယာလို အွန်လိုင်းမှာ လုပ်နေတဲ့ မီဒီယာတွေ ရှိတယ်။ ဒီဟာတွေက ဘင်္ဂလီတွေ လုပ်နေ တာ၊ဘင်္ဂလီကန်ပိန်းမီဒီယာတွေပဲ။ဒီမီဒီယာတွေရဲ့နောက်မှာဘယ်သူတွေရှိနေသလဲ၊သူတို့တွေ   ငွေကြေးတွေ ထောက်ပံ့မှုတွေ ဘယ်လိုရနေသလဲ ဆိုတာ မဖြစ်မနေ သိထားရမယ့် ကိစ္စပါ။ နိုင်ငံ တကာမှာလည်း ဒီလိုမျိုး ဘာသာရေးကို အခြေခံတဲ့ ထောက်ပံ့ကူညီမှုတွေ၊ တရားဝင် လမ်းကြောင်းက ဘယ်ပုံဘယ်နည်း စီးဝင်လာတယ် ဆိုတာကို မပြတ် စောင့်ကြည့်ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတွေမှာ ဒါတွေနဲ့ ပတ်သက်လို့ ဆောင် ရွက်ရမှာ တွေကို ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် ခေါ်ယူစစ်မေးတာပါ” ဟု ယင်းက ဆိုသည်။

“မီဒီယာတွေကလည်း အော်ဖို့ပဲ သိတယ်ဗျ။ လာမထိနဲ့ အော်မယ် ဆိုတာချည်းပဲ။ မီဒီယာကို ကိုယ်ကျိုး အတွက် အသုံးချပြီး အော်ကြတော့ ပြည်သူတွေက ထင်ယောင်ထင်မှား ဖြစ်ကြမှာပေါ့။ စာနယ်ဇင်းကောင်စီက ဒါမျိုးကျတော့ အော်တယ်၊ အပြာစာအုပ်တွေ ထွက်နေတာကျတော့ ဘာတစ်ခွန်းမှ အသံ မထွက်ရဲဘူး။ ကျင့်ဝတ်နဲ့ မညီတဲ့ ဂျာနယ်တွေကို ဘာတစ်ခွန်းမှ မပြောရဲဘူး။ ဒီတော့ ဒီကောင်စီက ဘာလုပ်ဖို့ ဖွဲ့ထားတာလဲ မေးစရာဖြစ်လာတယ်။ ဒီလိုမျိုး အစ္စလာမ်ငွေကြေး စီးဝင်လာမှုကို စုံစမ်းဖော်ထုတ်တာကိုလည်း လူသိထင်ရှား ထုတ်ပြောလို့ မရဘူး ဆိုတာ နားလည်ပါတယ်။ စာနယ်ဇင်းတွေက နားလည်ဖို့ လိုတယ်။ နောက် စာနယ်ဇင်းကောင်စီအပေါ်မှာ အလဲဗင်းတို့လို လူတွေ ရှိနေသလား စဉ်းစားစရာ ဖြစ်လာနေတယ်။ အလဲဗင်းကတော့ ထားလိုက် ဗျာ။ သူက လူတိုင်းကို လိုက်ပြီး အော်နေတာ။ အော့ကြေလန်။ စာနယ်ဇင်းကောင်စီ က ပြတ်ပြတ် သားသား ရပ်တည်ရမယ့် ကိစ္စတွေမှာ အလဲဗင်း အော်တာ၊ ပြောတာ၊ စောင်းတာ၊ မြောင်း တာကို ကြောက်နေသလား မသိဘူး။ နောက် အလဲဗင်းက အမေးမခံရဲဘူး ဆိုတာက မရိုးသားလို့ ဆိုတဲ့ အဓိပ္ပါယ် ပေါက်နေသလားပေါ့” ဟု သတင်းတပ်ဖွဲ့သို့ သွားရောက်ဖြေဆိုပြီး ဖြစ်သော အယ်ဒီတာတစ်ဦးက ပြောသည်။

“အလဲဗင်းမှာ လေနဲ့ ရှယ်ယာထည့်ထားတာအရင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဒါမှမဟုတ်သူ့ကိုယ်ရေး အရာရှိ ဗိုလ်ချုပ်စိုးရှိန် လို့ သိရတယ်။ သူတို့က တစ်ကယ် ငွေမထည့်ပေမယ့် အလဲဗင်းက ရှယ်ယာ ဘယ်လောက် ယူပါ ဆိုပြီး ပေးထားတာ လို့ သိရတယ်။ ဒီဘက်ခေတ် ရောက်တော့ သတင်းစာ၊ အင်္ဂလိပ်သတင်းစာအဆင့်အထိ တိုးချဲ့လာတော့ ငွေလိုလာတယ်။ ဒီတော့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားတွေက ၀ိုင်းပြီး ရှယ်ယာထည့်ထား တယ် လို့ ပြောကြာတယ်။ တချို့ကလည်း ဦးဇော်ဇော်တို့လို ခရိုနီတွေ ငွေထည့်ထားတယ် ပြောတယ်။ ဟုတ် မဟုတ်တော့ မသိဘူးပေါ့။ ဒါတွေ ရှိနေလို့ အလဲဗင်းက အစစ်မခံရဲတာ ဖြစ်မှာပေါ့။ သူတို့နောက်မှာ ဘယ်သူမှ မရှိရင် အစစ်ခံရဲ မှာပေါ့။ အခုဟာက သွားကိုမသွားရဲတာ ဆိုတော့ တစ်ခုခုတော့ မမှန်မကန် လုပ်ထားပြီ လို့ ထင်ရ တာ ပဲ” ဟု ယင်းက ဆိုသည်။

“သံတော်ဆင့် ဂျာနယ် ဆိုရင်လည်း သံဃာတွေကို အထင်အမြင်လွဲမှားအောင် လုပ်နေတာပဲ။ ဒီဂျာ နယ်ကို ထုတ်တဲ့ ဦးကျော်စွာဝင်း ဆိုရင် အရင်တုန်းက ကြံ့ခိုင်ရေးက ထုတ်တဲ့ စိမ်းလဲ့ရွှေပြည် ဂျာ နယ်နဲ့ အပြင်ဂျာနယ်တွေမှာ ၀င်ပြီး အလုပ်လုပ်ခဲ့တယ်။ ငွေကြေး မယ်မယ် ရရ မရှိပါဘူး။ ဦးဆန်းဆင့် နောက်က ပံ့ပိုးပေးတယ် ဆိုပေမယ့် ဦးဆန်းဆင့်က နိုင်ငံရေး အရ ထောက်ခံပေးထား တာ၊ မွေးထားတာပေါ။ ဦးဆန်းဆင့်ရဲ့ လက်ကိုင်ဒုတ်အဆင့်ပါ။ တစ်ကယ်တမ်း ငွေကြေး ထောက် ပံ့ပေးတာက CP Bank က တစ်ဆင့်ပေးထားတာ။ CP Bank က ကျော်စွာဝင်းကို ချေးငွေ ထုတ်ချေး တဲ့ သဘောမျိုး ပေးတယ်၊ CP Bank ကို အဲဒီငွေတွေ ပြန်ပေးထားတာကာ Fatherland, Motherland နဲ့ Naing Group လိုမျိုး ဘင်္ဂလီ လုပ်ငန်းရှင်တွေ လို့ သိရတယ်။ CP Bank က နာမည်ခံပေးထား တာပေါ့။ အတိအကျကိုတော့ အသေးစိတ် စုံစမ်းကြည့်မှ သိနိုင်တယ်။ ဒါတွေက ထွက်လာတဲ့ ကော လ ဟာလ သတင်းတွေပေါ့” ဟု ယင်းက ပြောသည်။

မီဒီယာလုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်း မျိုးစုံတွင် ရလမ်းဖော်ပြနိုင်ခြင်း မရှိသော ငွေကြေးများ စီးဝင်နေမှု၊ ဘာသာရေးအခြေခံ အဖွဲ့အစည်းများ၏ ငွေကြေးစီးဝင်မှု၊ မူးယစ်ဆေးဝါး ရောင်းချခြင်းမှ ရရှိလာခဲ့သော ငွေကြေးများ အိမ် ခြံ မြေ ဈေးကွက်အတွင်း စီးဝင်နေမှု စသည်တို့ကိုလည်း ဆက်လက်ထောက်လှမ်းစစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘင်္ဂလီဘာသာရေးအဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုဖြင့် လည်ပတ်နေသော မီဒီယာများမှာ မွန်းတည့်နေဂျာနယ်၊ အာရှအလင်းဂျာနယ်၊ သမဂ္ဂဂျာနယ်၊ အစ္စလာမ့်မျက်ဝန်းဂျာနယ်၊ The Ladies ဂျာနယ်နှင့် ကမာရွတ် အွန်လိုင်းမီဒီယာတို့ ဖြစ်ကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်စာမျက်နှာတွင်မူ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဘင်္ဂလီစာမျက်နှာပေါင်း များစွာ ရှိနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment