Friday, June 27, 2014

တရုတ်နှင့် ဘင်္ဂလားတို့၏ အသံတိတ် တိုက်ခိုက်ရေးသမား

အိန္ဒိယရေတပ်သည် နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုး တန်းရှိ Visakhapatnam နှင့် ကီလိုမီတာ (၂၀၀)ခန့်အတွင်း  Project Code-Named အားဖြင့် Varsha အမည်ရ လျို့ဝှက် Naval Base တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။ ကနဦးသတင်းများအရ Gangavaram နေ ရာတွင် New Naval Base စတင်တည်ဆောက်နေပြီ ဖြစ် သည်ဟု ဆိုသည်။
အဆိုပါ New Base တွင် အိန္ဒိယရေတက်၏ Arihant-Class

Nuclear Submarine (၈)စီး မှ (၁၂)စီးအထိ နှင့် အခြား Surface Warship များ ဆိုက်ကပ်ဝင်ဆန့်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားပြီး Logistic Facility အမျိုးမျိုး အပြင် Nuclear Facility များကို လုံခြုံသည်ထက် လုံခြုံအောင် နိုင်ငံခြားပညာရှင်များ အကူအညီယူ ၍ ထည့်သွင်းတပ်ဆင်သွားမည့်အပြင် အရာရှိ / စစ်သည်များအတွက် လုံလောက်သော နေရာ ထိုင်ခင်းများ လည်း ပါရှိမည်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ Hainan ကျွန်းရှိ တရုတ်ရေတပ် Nuclear Submarine Base ၏ Facility နှင့် နိုင်းယှဉ်နိုင်မည်ဖြစ်သလို ဒေသတွင်းနှင့် ဘင်္ဂလားပင် လယ်အော်အတွင်း တရုပ်တို့၏ ရေတပ်အင်အား ချဲ့ထွင်လာမူနှင့် ဘင်္ဂလားဒေရှ်တို့၏ အနာဂတ်ရေ ငုပ်သင်္ဘော ခြေလှမ်းများကို တိုက်ရိုက်တုန့်ပြန်ရန်ဖြစ်သည်ဟု သတင်းများအရ သိရှိရသည်။

ဆရာဆောင်(Myanmar Navy)

No comments:

Post a Comment