Monday, June 16, 2014

ဆူးလေ-အောင်မင်္ဂလာကို တစ်ထောင်နဲ့ ပြေးဆွဲမယ့် ခရီးစဉ် စပြီ


အဝေးပြေး ဘတ်စ်ကားစီးဖို့ ရန်ကုန်မြို့ထဲကနေ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို တက္ကစီ ခ ဈေးကြီးပေး ပြီး သွားရတဲ့ ဒဏ်ကနေ ကင်းလွတ်ချင်ပါသလား။ ဆူးလေကနေ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို အဲကွန်းကားနဲ့ ငွေတစ်ထောင်ပေးပြီး မြန်မြန်သွားလို့ရပါပြီ။
အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းဟ
ာ ဇွန် ၁ဝရက်နေ့စတင်ပြီး ဆူးလေ-အောင် မင်္ဂလာကို ၁၂ယောက်ဆန့် Hyundai Starex အဲကွန်းကားကို စတင်ပြေးဆွဲနေပြီး

အဝေးပြေးဂိတ်ဝင်းထဲမှာ ကိုယ်သွားချင်တဲ့ဂိတ်အထိ လိုက်ပို့ပေးတယ်လို့ ဦးအေးသောင်း က ပြော ပါတယ်။
ဆူးလေနဲ့ အောင်မင်္ဂလာကြား မရပ်မနားဘဲ မောင်းတာကြောင့် အချိန်ကုန်သက်သာမယ်လို့ ဆိုပါ တယ်။ သူတို့ယာဉ်လိုင်းအသစ် လူသိများပြီး အောင်မြင်ဖို့ တစ်ပတ်လောက် အချိန်ယူရမှာဖြစ်ပြီး တက္ကစီလိုမျိုး ဖြစ်နေတာကြောင့် ကားပေါ်မှာ ဖုန်းပေါ်ကနေ အွန်လိုင်းသုံးပြီး သက်တောင့်သက် သာ သွားနိုင်ပြီလို့ ဆိုပါတယ်။
မနက် ၅နာရီကနေ စတင်ပြေးဆွဲပြီး အောင်မင်္ဂလာဝင်းထဲက အဝေးပြေးနောက်ဆုံးကား ထွက်ချိန်၊ ဆိုက်ချိန်အထိ ပြေးဆွဲမယ်လို့ဆိုပါတယ်။ သူတို့ယာဉ်လိုင်းက ကားအစင်းရေ ၃ဝကျော်ရှိပြီး နောက် ပိုင်းမှာ ၆ဝကျော်အထိ တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။ ဆူးလေ ရုပ်ရှင်ရုံမှတ်တိုင်မှာ စီးနိုင် တယ်လို့ ဆိုပါတယ်။

Source: Kamayut Media
Powered by >> www.myanmarcutegirl.com <<

No comments:

Post a Comment