Saturday, May 24, 2014

သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေးယူမှုစတင်

Photo: သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေးယူမှုစတင်
Saturday, May 24, 2014 

ယာဉ်၊ ယာဉ်မောင်းနှင့် လမ်းကြောင့်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ယာဉ်များကို မေလ ၂၄ ရက်နေ့မှ စတင်အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဝေးပြေး ခရီးသည်တင်ယာဉ်များတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရန်၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် တူ၊ ပုဆိန်များ ဆောင်ထားရန်၊ ယာဉ်မောင်းနှင့် အရန်ယာဉ်မောင်းများတွင် သက်တမ်းရှိ ‘င’ ယာဉ်မောင်းလိုင်စင် ပါရှိရန် စသည့် အချက်များအပါအဝင် စည်းကမ်းချက် ၁၂ ချက်ကို ယာဉ်ရပ်နားစခန်းများရှိ ကားဂိတ်များတွင် အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြည့်စုံမှုမရှိသည့် ယာဉ်များကို အမြန်လမ်းတွင် မောင်းနှင်ခွင့်မပေးဘဲ တားမြစ် အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

ယင်းသို့အရေးမယူခင် မေလ ၁၉ ရက်နေ့မှစတင်ကာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“ပညာပေး ကာလရက်အတွင်းမှာတော့ အများဆုံး တွေ့ရတာက မီးသတ်ဆေးဘူး အရွယ်အစား လွဲမှားတာတွေ၊ ယာဉ်မောင်းတွေရဲ့ လိုင်စင်သက်တမ်း တိုးထားလို့ ပါမလာသေးဘူး ဆိုတာတွေ တွေ့ရတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ မီးသတ်ဆေးဘူး ပြန်လဲဖို့ သတိပေးတယ်။ အရေးယူမယ့် ကာလအမီ လိုင်စင်တွေ ကိုင်ဆောင်ထားဖို့ သတိပေးထားတယ်။ အရေးယူမယ့် ကာလကတော့ မေလ ၂၄ ရက်နေ့က စမှာပါ။ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ များရင်တော့ ကားပြန်လှည့်ခိုင်းပြီး သတ်မှတ်ချက် ပြည့်မီတဲ့ကားကို ပြန်လဲခိုင်းမယ်။ ဒဏ်ရိုက် အရေးယူတာတွေလည်း ပါမယ်” ဟု ၎င်းကဆိုသည်။

မန္တလေး-ရန်ကုန် ခရီးသည်ယာဉ်များကို တံခွန်တိုင်အဝိုင်းတွင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ယာဉ်ထိန်း)၊ အမြန်လမ်းမ ကြီးရဲတပ်ဖွဲ့နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ စစ်ဆေးလျက် ရှိကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းကတော့ အချက်နှစ်ချက် ညှိတယ်။ ယာဉ်မောင်းတွေကို ‘င’ လိုင်စင်ပေးဖို့အတွက် ခရီးသည် ခုံအရေအတွက် လေးဆယ်အောက်တွေကို ဆိုင်းငံ့ထားပါတယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့ ယာဉ်မောင်းက ‘ခ’ လိုင်စင်ပဲရှိတယ်။ လျှောက်ထားဆဲ ဖြစ်တဲ့အတွက် ဒဏ်ကြေးဆောင်ပြီး မောင်းနေရတယ်။ နောက်တစ်ခုက ယာဉ်နောက်လိုက် အမျိုးသမီးတွေကို စပယ်ယာ လိုင်စင်စစ်တဲ့အတွက် စပယ်ယာလိုင်စင် မရှိဘူး။ သူတို့က ခရီးသည်တွေကို ဝန်ဆောင်မှုပေးရုံ သက်သက်သာ ဖြစ်တဲ့အတွက် စပယ်ယာ မဟုတ်ပါဘူး။ ကျန်တဲ့အချက်တွေ အားလုံးကိုတော့ ပြည့်စုံအောင် ပြင်ဆင်ထားပါတယ်” ဟု မြန်မာနိုင်ငံအဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး JJ Express ယာဉ်လိုင်းပိုင်ရှင် ဦးမြင့်ဦးက ဆိုသည်။

အဝေးပြေး ယာဉ်များသာမက အိမ်စီးယာဉ် များတွင်လည်း ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ရန် ညွန်ကြားထားပြီး မီးသတ်ဆေးဘူးများ တပ်ဆင်ထားခြင်းရှိ မရှိကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုး လာရောက် ဆောင်ရွက်သည့်အချိန်၌ စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weeklyယာဉ်၊ ယာဉ်မောင်းနှင့် လမ်းကြောင့်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ် မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ယာဉ်များ
ကို မေလ ၂၄ ရက်နေ့မှ စတင်အရေး ယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြော ကြားသည်။အဝေးပြေး ခရီး သည်တင် ယာဉ်များတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရန်၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် တူ၊ ပုဆိန်များ ဆောင်ထားရန်၊ ယာဉ်မောင်းနှင့် အရန်ယာဉ်မောင်းများတွင် သက်တမ်းရှိ ‘င’ ယာဉ်မောင်းလိုင်စင် ပါရှိရန် စသည့် အချက် များ အပါအဝင် စည်းကမ်းချက် ၁၂ ချက်ကို ယာဉ်ရပ်နားစခန်းများရှိ ကားဂိတ်များတွင် အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြည့်စုံမှုမရှိသည့် ယာဉ်များကို အမြန်လမ်းတွင် မောင်းနှင်ခွင့်မပေးဘဲ တားမြစ် အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

ယင်းသို့အရေးမယူခင် မေလ ၁၉ ရက်နေ့မှစတင်ကာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြော င်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ “ပညာပေး ကာလရက်အတွင်းမှာတော့ အများဆုံး တွေ့ရတာက မီးသတ်ဆေးဘူး အရွယ်အစား လွဲမှားတာတွေ၊ ယာဉ်မောင်းတွေရဲ့ လိုင်စင်သက်တမ်း တိုးထားလို့ ပါမလာသေးဘူး ဆိုတာတွေ တွေ့ရတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ မီးသတ်ဆေးဘူး ပြန်လဲဖို့ သတိပေးတယ်။ အရေးယူမယ့် ကာလအမီ လိုင်စင်တွေ ကိုင်ဆောင်ထားဖို့ သတိပေးထားတယ်။ အရေးယူမယ့် ကာလကတော့ မေလ ၂၄ ရက်နေ့က စမှာပါ။ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ များရင်တော့ ကားပြန်လှည့်ခိုင်းပြီး သတ်မှတ်ချက် ပြည့်မီတဲ့ကားကို ပြန်လဲခိုင်းမယ်။ ဒဏ်ရိုက် အရေးယူတာတွေလည်း ပါမယ်” ဟု ၎င်းကဆိုသည်။

မန္တလေး-ရန်ကုန် ခရီးသည်ယာဉ်များကို တံခွန်တိုင်အဝိုင်းတွင် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ယာဉ်ထိန်း)၊ အမြန်လမ်းမ ကြီးရဲတပ်ဖွဲ့နှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ စစ်ဆေးလျက် ရှိကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“ကျွန်တော်တို့ ယာဉ်လိုင်းကတော့ အချက်နှစ်ချက် ညှိတယ်။ ယာဉ်မောင်းတွေကို ‘င’ လိုင်စင်ပေးဖို့အတွက် ခရီးသည် ခုံအရေအတွက် လေးဆယ်အောက်တွေကို ဆိုင်းငံ့ထားပါတယ်လို့ ပြောတဲ့အတွက် ကျွန်တော် တို့ ယာဉ်မောင်းက ‘ခ’ လိုင်စင်ပဲရှိတယ်။ လျှောက်ထားဆဲ ဖြစ်တဲ့အတွက် ဒဏ်ကြေးဆောင် ပြီး မောင်းနေ ရတယ်။ နောက်တစ်ခုက ယာဉ်နောက်လိုက် အမျိုးသမီးတွေကို စပယ်ယာလိုင်စင်စစ်တဲ့အတွက် စပယ်ယာ လိုင်စင် မရှိဘူး။ သူတို့က ခရီးသည်တွေကို ဝန်ဆောင်မှုပေးရုံ သက်သက် သာ ဖြစ်တဲ့အတွက် စပယ်ယာ မဟုတ်ပါဘူး။ ကျန်တဲ့အချက်တွေ အားလုံးကိုတော့ ပြည့် စုံအောင် ပြင်ဆင်ထားပါတယ်” ဟု မြန်မာနိုင်ငံ အဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး JJ Express ယာဉ်လိုင်းပိုင်ရှင် ဦးမြင့်ဦးက ဆိုသည်။

အဝေးပြေး ယာဉ်များသာမက အိမ်စီးယာဉ် များတွင်လည်း ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ရန် ညွန်ကြားထားပြီး မီးသတ်ဆေးဘူးများ တပ်ဆင်ထားခြင်းရှိ မရှိကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုး လာရောက် ဆောင်ရွက်သည့်အချိန်၌ စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

No comments:

Post a Comment