Thursday, April 3, 2014

၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကိုကိုကြီးမှ မင်္ဂလာဆောင် စရိတ်များအတွက် ၈လေးလုံး ရန်ပုံငွေများထဲမှ သုံးစွဲခဲ့ဟုဆို

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်
လင်းလူ့အဖွဲ့အ စည်း)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး သည် ကလေးမြို့နေ မခင်သူသူဝင်း နှင့် လက်ထပ်စဉ် မင်္ဂလာဆောင်အတွက် လိုအပ်သော စားရိတ်စက များကို ၈လေးလုံး ငွေရတု အခမ်း အနား ပြုလုပ်စဉ်က ကောက်ခံရရှိထားသော ရန်ပုံငွေ များထဲမှ သုံးစွဲထားသည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှကိုအောင်လင်း က
 ပြောကြားခဲ့ပါသည်။ မတ်လ ၂၆ ရက်နေ့
 ပခုက္ကူမြို့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္နပြပွဲအပြီး ပါဝင်ဆန္နဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေး
အင်အားစုများကို ကိုအောင်လင်းက ပြောကြားခဲ့ တာ ဖြစ်ပါတယ်။
“ ဆရာ ကိုကိုကြီးဟာ ကလေးမြို့မှာ မင်္ဂလာဆောင်ဘို့အတွက် သွားလာစရိတ်၊ ပြင်ဆင်စ ရိတ်၊ ကျွှေးမွေး ဧည့်ခံစရိတ်၊ အသုံးအဆောင် နှင့်အ၀တ်အစားစရိတ်၊ နေစရိတ်၊ စားစရိတ် နဲ့ တောင်းရမ်းစရိတ်တွေအပြင် ဟန်းနီးမွန်းစရိတ်တွေအတွက်ပါ အသုံးပြုဖို့ အတွက် ကျပ်သိန်း ၂၀၀ ကိုကြိုတင်ထုတ်ထားပါတယ်” လို့ ၄င်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၆ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်မယ့် မင်္ဂလာဆောင်အတွက်လည်း ဦးကိုကိုကြီးဟာ ၈ လေးလုံး ရန်ပုံငွေများ ထဲမှ နောက်ထပ် ငွေကျပ် သိန်း ၂၀၀ ထပ်မံထုတ်ယူသွားမယ်လို့ လည်း ကိုအောင်လင်း ထပ် မံ ပြောကြားခဲ့ပါတယ်။ အဆိုပါ ငွေကြေးများကို ဦးကိုကိုကြီးဟာ ရန်ကုန်မှာ ကျင်းပမယ့် မင်္ဂလာ ဧည့်ခံပွဲအပြီး ရရှိသော လက်ဖွဲ့ငွေများထဲမှ ပြန်လည်ပေးဆပ်သွားမှာ ဖြစ်တဲ့အကြောင်း ကို လည်းပြောကြားခဲ့ပါတယ်။

ပခုက္ကူမြို့နယ်မှ နိုင်ငံရေးအင်အားစုများကတော့  “ အဖွဲ့အစည်းအတွင်း ညီညွတ်ဖို့သာ လိုတာပါ ၊ ပြန်ပေး ဆပ်ရင်ပြီးတာပါပဲ ”လို့ အကောင်းမြင်သူတွေရှိသလို “ အဖွဲအစည်းရန်ပုံငွေကို အခုလိုမ သုံးသင့်ဘူး”လို့ ဝေဖန် သူများလည်းရှိနေပါတယ်။ ၈ လေးလုံးငွေရတု အခမ်းအနားအတွက် စုစုပေါင်းရရှိသော ရန်ပုံငွေ ၂၀၁,၁၈၁,၄၇၆ ကျပ်ဖြစ်ပြီး ငွေရတု အခမ်းအနား အတွက်သုံးစွဲငွေ ၁၅၅,၈၃၀,၂၈၉ ကျပ်ဖြစ်တဲ့အတွက် လက်ကျန်ငွေ ၄၅,၃၅၁,၁၈၇ ကျပ်တိတိ ပိုလျှံ ကြောင်း သိရှိ ရပါတယ်။

No comments:

Post a Comment