Thursday, April 24, 2014

"၀" ကလေးစစ်သားများ

"၀" အထူးဒေသ နမ့်တစ်မြို့ မှာ ရိုက်ခဲ့တာပါ။ 
"၀" ဒေသလို့ သာဆိုတယ် မြို့ ထဲမှာ တရုတ်တွေချည်းပါပဲ။ တရုတ်ပြည်  ဘက်က တရုတ်နိုင်ငံသား တရုတ်တွေပါ။  ၀ လူမျိုးတွေ က စစ်ဝတ်စုံတွေနဲ့  အစုလိုက် အစုလိုက် တက် လာပြီး မြို့ ထဲမှာ ပစ္စည်းတွေလာဝယ်ကြတယ်။ 
စစ်ဝတ်စုံနဲ့ ကလေးတွေလည်း တစ်စုပြီး တစ်စု ၀င်လာတာ တွေ့ ရတော့ ရင်နာတယ်ဗျာ။ ဒီအတိုင်းဖြစ်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ၀ ဒေသကို မဖွံ့ ဖြိုးသေးဘူးလို့ သာဆိုတယ် မြို့ ထဲမှာ ဆောက်ထားတဲ့ တိုက်ကြီးတွေကတော့
ဟီးနေတာပဲ။ ရန်ကုန်က မြို့ တော်ခန်းမတောင် အဲလောက်မခမ်းနားဘူး။ ဒါပေမယ့် ပိုင်ဆိုင်တဲ့ လူတွေကတော့ဗျာ.....။ တိုင်ရင်သားတွေကတော့ တောထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့  သေနတ်ကိုင်ပြီး သူတို့ ရဲ့ အကျိုးစီးပွားကို ကာကွယ်ကြပေါ့။ ရင်နာတယ်ဗျာ။ ။

photo and post from Kyaw Thu Hein

No comments:

Post a Comment