Friday, April 4, 2014

ကျန်စစ်သား တိုက်ရေယဉ် တာဝန်စတင်

ရေဒါနဲ့ ဖမ်းယူလို့ခက်ခဲတဲ့နည်းပညာတွေ တပ်ဆင်ထား တဲ့ မြန်မာ့ရေတပ်မတော်ရဲ့ ပထမဆုံး အဆင့်မြင့် တိုက်သင်္ဘော တစင်းကို မတ်လ ၃၁ ရက်နေ့က တာဝန် အပ်နှင်းခဲ့ကြောင်း ဂျိန်းကာကွယ်ရေး အပတ်စဉ်ဂျာနယ် က ဖေါ်ပြလိုက်ပါတယ်။
မနေ့က ရက်စွဲနဲ့ရရှိတဲ့ သတင်းမှာ ပဲ့ထိမ်းဒုံးကျည်တပ် အဲဒီတိုက်သင်္ဘောကို ကျန်စစ်သားလို့ အမည်ပေး ထားကြောင်း၊ သံလျှင်ရေတပ်စခန်းမှာ ကျင်းပတဲ့ တာဝန်အပ်နှင်းပွဲ အခမ်းအနားကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ တက်ရောက် ခဲ့ကြောင်း၊ အဲဒီအရင် ၂ ရက်ကလည်း ဆင်ဖြူရှင်လို့ အမည် ပေးထားတဲ့ တိုက်သင်္ဘောတစင်းကိုရေချ ခဲ့ကြောင်း၊ ထူးခြားချက်ကတော့ အခုတိုက်သင်္ဘော ဟာ မြန်မာ့ရေတပ်မှာ အရင်ကရှိပြီးဖြစ်တဲ့ တရုပ်နိုင်ငံ လုပ် တိုက်သင်္ဘော ၂ စင်းအပါအဝင် တခြားတိုက် သင်္ဘောတွေနဲ့ မတူပဲ ရေဒါဖမ်းယူလို့ခက်ခဲတဲ့ အီလက်ထရွှန်းနစ် နည်းပညာတပ်ဆင်ထားခြင်းဖြစ်ကြောင်းနဲ့ အခုလို အဆင့်မြင့် တိုက်သင်္ဘော တည်ဆောက်နိုင်တာဟာ မြန်မာ့တပ်မတော်ရဲ့ တိုးတက်မှုဖြစ်ကြောင်း ရေးသားထားပါတယ်။


RFA

No comments:

Post a Comment