Wednesday, April 9, 2014

ဇာတ်ကားတွေကို ကိုယ်ကျိုး မကြည့်ဘဲ လုပ်ရတယ်ဆိုတဲ့ ရာဇာနေဝင်း


Photo: >> ဇာတ်ကားတွေကို ကိုယ်ကျိုး မကြည့်ဘဲ လုပ်ရတယ်ဆိုတဲ့ ရာဇာနေဝင်း <<

ရာဇာနေဝင်းက အနမ်းနီဆိုတဲ့ ဇာတ်ကားကို မိုးဟေကို နဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ အိုက်တင်ကို ပီပီပြင်ပြင် ဖြစ်အောင် တကယ် ရိုက်ကူး တာက ပရိသတ်တွေ အားလုံးသိတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရာဇာနေဝင်း ဆိုပြီး တစ်ခေတ်တစ်ခါ အောင်မြင် ခဲ့ခြင်းလား ဆိုတော့ “ဇာတ်ကား ကတော့ ရိုက်တဲ့အခါ အတွေ့အကြုံ ရှိနေပြီဆိုတော့ ဘယ်လို ဇာတ်ရုပ်မှာ ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီလေ။ ကိုရာဇာတို့က လုပ်ရင် တကယ် လုပ်တာ။ ပရိသတ်တွေ က ဒီလူ တစ်ယောက် လိမ်နေတာလား၊ တကယ် လုပ် နေတာလားဆိုတာ အားလုံး သိတယ်လေ။ အဲဒါ ကြောင့် ကိုယ်လုပ်မယ့် အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး ကိုယ်ကျိုး မကြည့်ဘဲ လုပ်တာကောင်း တယ်။ ဇာတ်ကားတွေက ပုံမှန် ရိုက်သွားမှာပါ။ သင်္ကြန် ပြီးရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်”လို့ ပြောပြပါတယ်။

ရာဇာနေဝင်းက “အလွတ်သာကဲ” ဆိုတဲ့ သင်္ကြန် အခွေထဲမှာ ဟေမာနေဝင်း၊ ပုလဲဝင်း၊ မိုးယုစံ၊ ချစ်စနိုးဦး နဲ့ တခြား အဆိုတော်တွေ နဲ့ ပါဝင် သီဆို ထားပါတယ်။ သီ ချင်းခွေ တွေ စီစဉ်ဖြစ်ရင် တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး လည်း “သင်္ကြန် အစီအစဉ် ကတော့ သေချာ မသိသေးဘူး။ သင်္ကြန်အခွေ က စုပေါင်း အခွေမှာ တစ်ပုဒ် ဆို ထားတာ။ ထွက်ပြီ။ Hello ဆိုတဲ့သီချင်းကို ဆိုထားတယ်။ သီချင်းက အရင်တုန်းက သင်္ကြန် သီချင်းလို ပုံစံပါပဲ။ တစ်ကိုယ်တော် အခွေ ကိုလည်း လုပ်နေ တာ ပြီးတော့ မှာပါ။ ၃ ပုဒ်လောက်ပဲ ကျန်တော့တယ်။ အဲဒီ အခွေ အတွက် လည်း အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

Photo Credit to: Ko Pyae (Candid)
Source: Popular Journal
Powered by >> www.myanmarcutegirl.com <<
ရာဇာနေဝင်းက အနမ်းနီဆိုတဲ့ ဇာတ်ကားကို မိုးဟေကို နဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ အိုက်တင်ကို ပီပီပြင်ပြင် ဖြစ်အောင် တကယ် ရိုက်ကူး တာက ပရိသတ်တွေ အားလုံးသိတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရာဇာနေဝင်း ဆိုပြီး တစ်ခေတ်တစ်ခါ အောင်မြင် ခဲ့ခြင်းလား ဆိုတော့ “ဇာတ်ကား ကတော့ ရိုက်တဲ့အခါ အတွေ့အကြုံ ရှိနေပြီဆိုတော့ ဘယ်လို ဇာတ်ရုပ်မှာ ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီလေ။ ကိုရာဇာတို့က လုပ်ရင် တကယ် လုပ်တာ။ ပရိသတ်တွေ က ဒီလူ တစ်ယောက် လိမ်နေတာလား၊ တကယ် လုပ် နေတာလားဆိုတာ အားလုံး သိတယ်လေ။ အဲဒါ ကြောင့် ကိုယ်လုပ်မယ့် အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး ကိုယ်ကျိုး မကြည့်ဘဲ လုပ်တာကောင်း တယ်။ ဇာတ်ကားတွေက ပုံမှန် ရိုက်သွားမှာပါ။ သင်္ကြန် ပြီးရင်တော့ ရုပ်ရှင်ကား ကြီး ရိုက်ဖို့ရှိတယ်”လို့ ပြောပြပါတယ်။

ရာဇာနေဝင်းက “အလွတ်သာကဲ” ဆိုတဲ့ သင်္ကြန် အခွေထဲမှာ ဟေမာနေဝင်း၊ ပုလဲဝင်း၊ မိုးယုစံ၊ ချစ်စနိုးဦး နဲ့ တခြား အဆိုတော်တွေ နဲ့ ပါဝင် သီဆို ထားပါတယ်။ သီ ချင်းခွေ တွေ စီစဉ်ဖြစ်ရင် တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး လည်း “သင်္ကြန် အစီအစဉ် ကတော့ သေချာ မသိသေးဘူး။ သင်္ကြန်အခွေ က စုပေါင်း အခွေမှာ တစ်ပုဒ် ဆို ထားတာ။ ထွက်ပြီ။ Hello ဆိုတဲ့သီချင်းကို ဆိုထားတယ်။ သီချင်းက အရင်တုန်းက သင်္ကြန် သီချင်းလို ပုံစံပါပဲ။ တစ်ကိုယ်တော် အခွေ ကိုလည်း လုပ်နေ တာ ပြီးတော့ မှာပါ။ ၃ ပုဒ်လောက်ပဲ ကျန်တော့တယ်။ အဲဒီ အခွေ အတွက် လည်း အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

Photo Credit to: Ko Pyae (Candid)
Source: Popular Journal
Powered by >> www.myanmarcutegirl.com <<

No comments:

Post a Comment