Tuesday, March 18, 2014

"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူ၍ Sunday Sport မျက်နှာဖုံးတင်"

လန်ဒန်၊ မတ် ၁၈
"ပျောက်ဆုံးနေသော လေယာဉ်ကြီးကို လကမ္ဘာပေါ်တွင်တွေ့ရှိ"ဟူသည့် သတင်းကို မတ် ၁၄ ရက်ထုတ် Sunday Sport သတင်းစာမျက်နှာ ဖုံးတွင် ဖေါ်ပြထားသည်။
လေယာဉ်ကြီးကျရောက်သဖြင့် လကမ္ဘာပေါ်ဝယ် အရာထင်နေသော ဓာတ်ပုံကိုလည်းယင်းမျက်နှာ ဖုံးတွင်ပင် ဖေါ်ပြထားပြန်သည်။
Sunday Sport သတင်းစာကို ၁၉၈၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အညှီအဟောက် သတင်းများ၊ အတင်းအဖျင်းသတင်းများနှင့် မဖြစ်နိုင်သောသတင်းများကို ဖော်ပြသည့်

သတင်းစာအဖြစ်နာမည်ကြီးသည်။
ယင်းသတင်းစာဝယ် လန်ဒန်မှ နှစ်ထပ်ဘတ်စ် ကားကြီးတစ်စီးကို အန္တာတိကတိုက်ရေ ခဲပြင်အောက်တွင်တွေ့ရှိ၊ ဒုတိယကမ္ဘာ စစ်အတွင်းက ဗုံးကြဲလေယာဉ်ကြီးတစ်စီးကို လကမ္ဘာပေါ်တွင်တွေ့ရှိဟူသည့် သတင်းများကို လည်းဖော်ပြ ခဲ့ဖူးသည်။
Ref- Sunday Sport


No comments:

Post a Comment