Friday, March 7, 2014

စစ်ခွေးလို့ ခေါ်တာ လေးစားလို့ပါ

တပ်မတော်သားတွေကိုအဆိုးမြင်သမား 
များက " စစ်ခွေး စစ်ခွေး " နဲ့နာ အောင် ဖိနှိပ် နှိမ်ချပီး ခေါ်ခေါ်နေတာတွေ့လို့ 
ဒီစာလေး ကိုရေးဖြစ်ပါတယ် ခေါ်ချင် တဲ့သူ၊ ခေါ် နေတဲ့သူ အခေါ်ခံရတဲ့သူတွေအနေနဲ့ သေသေ
ချာချာ လေး ဖတ်ကြည့်ကြစေချင်ပါတယ်....။

ခွေးတို့၏ ကောင်းသောအကျင့် (၆) ပါး



၁။ အနာလသံ = မပျင်းရိခြင်း
၂။ အန္တိသန္တော = ကျွေးသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်း
၃။ သုနိန္ဒါ = အိပ်ပျော်လွယ်ခြင်း
၎။ သုပဗောဓနာ = နိုးလွယ်ခြင်း
၅။ ဒဋ္ဌဘတ္တိစ = အရှင်ထံ၌မြဲမြံစွာ ခစားခြင်း
၆။ သူရ = အရှင်စေရာ မတွန့်သာဘဲ ရဲရင့်ခြင်း
( သုခ မှတ်စု မှ)
ယခုဖော်ပြခဲ့တာတွေက ခွေးတို့၏ကောင်း သောအကျင့် (၆)ပါးကို ဖော်ပြ ထားတာပါ။ အဆိုးမြင်ဝါဒီ၊ အတိုက်အခံဝါဒီ၊ နားယောင်ဝါဒီ များရဲ့အလယ်မှာ တပ်မ တော် သား စစ်သားကို ပြင်းပြင်းထန်ထန် ပြောဆို တိုက်ခိုက်ဖို့အတွက် "စစ်ခွေး" ဆိုတဲ့စကားလုံး တစ်ခုကိုမွေးဖွားပြီး တွင်တွင်ကျယ်ကျယ် အသုံး ပြုကြတာကိုတွေ့ ရပါတယ်။

တကယ်တမ်းစဉ်းစားကြည့်ရင်တော့ နာစရာမဟုတ်ပါ။ လူသာမန်တစ်ယောက်အနေ နဲ့ လူပြိန်းတစ်ယောက်အနေနဲ့ တွေးရင်တော့ နာကြည်းစရာတိုက်ခိုက်မှု စကားလုံးတစ်ခုလို့ ထင်ရသော်လည်း အနှစ်သာရကိုမြင်ရင်တော့ အဆိုပါပြောဆိုခိုင်းနှိုင်းနေကြသော သူတို့၏ မသိစိတ်ထဲဝယ် တပ်မတော်သား စစ်သားတို့၏ စွမ်းရည်သတ္တိများကို တလေးတစားဖြစ် နေ ကြောင်းတွေ့ရှိနိုင်ပါတယ်။

တပ်မတော်သား (သို့) စစ်သားတစ်ယောက် ဟာ-

၁။ အနာလသံ = မပျင်းရိခြင်း

စစ်သားတစ်ယောက်ဟာ ပျင်းရိဖင့်လေး လို့မရပါဘူး သာမန်အရပ်သူ အရပ်သား မိဘကပေါက်ဖွားလာသောသူ တစ်ယောက် ဟာ တပ်မတော်ထဲကို ရောက်တာနဲ့ ပျင်းရိဖင့် တွဲမှုမရှိအောင် စတင်လေ့ကျင့်ခံရတော့တာပါပဲ သူများအိပ်ကောင်းချိန် ထရတယ် ချွေးထွက် များတဲ့ လေ့ကျင့်ခန်းတွေလုပ်ရတယ် မျက်စိနှစ်လုံးပွင့်သည်မှ စလို့ တစ်နေ့တာအ တွင်း ပျင်းရိချိန်တစ်စက္ကန့်မှ မရအောင် သံပါတ်ပေး စက်ရုပ်ကဲ့သို့ လှုပ်ရှားရတယ်။ အ အားမနေ အ နားမနေတတ်အောင် လေ့ကျင့်ပေးတယ်။ " ပျင်းတယ်" ဆိုတဲ့စကား လုံးကို တပ်မတော်ထဲမဝင်ခင် အပေါက်ဝမှာပဲ မြေမြီုပ်သင်္ဂြိုလ် ခဲ့ရတယ်။ အဆုံးစွန်အနေနဲ့ မိမိ တို့အသက်သေသွားနိုင်တဲ့ တိုက်ပွဲကြီးငယ် နေရာမျိုးတွေကို သွားရရင်တောင်မှ ပျင်းရိလေးတွဲ့ဖင့်နှေးခြင်း အလျဉ်း မရှိဘဲ တစ်ဟုန်ထိုးချီ တက်နိုင်တဲ့ စိတ်ဓါတ် ပိုင်ရှင်မျိုး တွေ ဖြစ်လာတယ်။

၂။ အန္တိသန္တော = ကျွေးသမျှနှင့် တင်းတိမ် ရောင့်ရဲခြင်း

ပြင်ပလောကမှာ သူဌေး သူဌေးအလျောက် ဆင်းရဲသား ဆင်းရဲသား အလျောက် နိုင်သလောက် ရသာပြည့်ဝစွာ စားသုံးနိုင်ကြ၊ စားခဲ့ကြပေမယ့် တပ်မတော် ထဲရောက်လို့ စစ်သားတစ်ယောက်ဖြစ်လာရင် တက်မတော်ကကျွေးနိုင်တဲ့ အခြေအနေ သတ်မှတ်ထားတဲ့ အစားအသောက်နဲ့ ကန့်သတ်ပြီးသား ပမာဏလောက်ကိုပဲ စားသုံးရတယ်။ နံနက်စာ နေ့လည်စာ ညစာ ပုံစံတကျနဲ့ ပမာဏ သတ်မှတ်ပေးပြီးဖြစ်တယ်။ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီဆိုရင်တော့ စစ်ရေးအခြေအနေ တည်နေရာအခြေအနေတို့ အပေါ်လိုက်ပြီး ရသမျှနဲ့ တင်းတိမ်ရောင့်ရဲ ရတယ်။ ငပိတို့ ဆားတို့ ငှက်ပျောအူတို့ ကောက်ကွေးညွန့်တို့ စတဲ့ ရရာစားစရာလေး တွေက နိုင်ငံတော်ကြီးကို ကာကွယ်နိုင်ဘို့ အားတွေအဖြစ်ပြောင်းလဲပေးကြတယ်။ " ဆန့်စား ကွေးအိပ် " ဆိုတာက စစ်သားတွေ အတွက် ပျော်စရာစကားလေး အဖြစ်ရပ်တည် လာတယ်။ ဆန်ပြုတ်တောင်မရဘဲ အငတ်ခံပြီး နိုင်ငံတော်အတွက် ကာကွယ်နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေဖြစ်လာတယ်။

၃။ သုနိဒ္ဒါ = အိပ်ပျော်လွယ်ခြင်း

ဒီနေရာမှာ နှစ်ပိုင်းတွေ့ရတယ်-
ပင်ပင်ပန်းပန်း လှုပ်ရှားတယ် ဖြတ်ဖြတ် လတ်လတ် နဲ့ အားကုန်သုံး တာဝန်ထမ်း ဆောင်တယ်။ " အိပ် " ဆိုတာနဲ့ ဘာဇိမ်မှခံစရာ မရှိဘူး ရောက်ရာနေရာမှာ ရှိတာလေးခင်းလို့ (ခင်းစရာဘာမှမရှိရင်တောင် ကျောခင်း လို့ ) ကျောပိုးအိတ်ကို ခေါင်းခု သေနတ်ကို ချစ်သူလို ဖက်တွယ်ရင်း အိပ်တယ်။ ပူခြင်း အေးခြင်း ညစ်ပတ်ခြင်း ပိုးမွှားကိုက်ခြင်း အားလုံးပြီးတယ်
နောက်တစ်ခုကတော့ အိပ်ပျော်ခြင်းဟာ ခေတ္တငြိမ်းချမ်းခြင်းပဲ ငြိမ်းအေးစေတဲ့ အခြေအ နေပဲ စစ်သားတွေသေနတ် ကိုင်ထားပေမယ့် ရန်သူကလက်ကမ်းလာရင် ပြေလွယ် အေးလွယ် ငြိမ်းလွယ်တယ်။ ပြောရရင် ရန်လိုတဲ့စိတ်မှာ အိပ်ပျော်လွယ်တဲ့ စိတ်ဓါတ်ပိုင် ရှင်တွေပဲဖြစ်တယ်။

၎။ သုပဗောဓနာ = နိုးလွယ်ခြင်း

သေလောက်အောင်ပင်ပန်းပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျနေပေမယ့် ခရာသံကြား ရင်သတိမတ်နေအောင် ဆွဲပီးအသက်ပေးဘို့ အထိအဆင်သင့်ဖြစ်တယ်။ အိပ်ချင်သေးတယ် နားဦးမယ် ဆိုတဲ့စကားဟာ သူတို့နဲ့လားလားမှ မဆိုင်သလိုပဲ ခံယူတယ်။ ခုအိပ်ခုထပေမယ့် မှုန်မှိုင်းရီဝေခြင်း မရှိဘူး အဲဒီလိုပဲ နိုင်ငံတော် နိုင်ငံသား အမျိုးဘာသာ အတွက်ဆိုရင် သစ်ရွက်လေတိုက်သံ ကြားရင်တောင် လက်စွဲတော်သေနတ်နဲ့ ချိန်ရွယ်ပြီးသားပဲ။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက်ဆိုရင် နိုးလွယ်တဲ့စိတ်ဓါတ် ပိုင်ရှင်တွေ ဖြစ်လာတယ်။

၅။ ဒဋ္ဌဘတ္တိစ = အရှင်ထံ၌မြဲမြံစွာခစားခြင်း

တပ်မတော်ဟာနိုင်ငံတော်ရဲ့ ရင်နှစ် သည်းခြာတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတယ် တပ်မတော်ကို နိုင်ငံတော်နဲ့ ပြည်သူကကျွေး မွေးထားတယ်။ လေ့ကျင့်ရာမှာတောင် " ဘယ်သူ့အတွက်လဲ.......ပြည်သူ့အတွက် " " တပ်မတော်သာအမိ တပ်မတော်သာအဖ " တဲ့။တပ်မတော်ဟာ ဘယ်သူ့ရဲ့ တပ်မတော်လဲ။ ပြည်သူ့ရဲ့ တပ်မတော်ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူဟာသူတို့ အတွက်ဘာလဲဆိုတာ ရိုးမယ်ဖွဲ့ပီး ပြောနေစရာတောင် မလိုတော့ဘူး။ ပြည်သူဟာ တပ်မတော်ကြီးတစ်ရပ်လုံးရဲ့ အမိ ပဲ အဖ ပဲ ဆိုတာကိုပေါ့။ တပ်မတော်အပေါ်သစ္စာစောင့်သိ ထားတဲ့ စစ်သားဟာ ပြည်သူတွေရဲ့ သစ္စာတော်ခံပေါ့ ပြည်သူတွေရဲ့ ငယ်ကျွန်ပေါ့ ပြည်သူရဲ့သား သမီးပေါ့။ ဒီလိုစပ်ဆက်မှုတွေ အတွက် စစ်သား ဟာနိုင်ငံတော်နဲ့ ပြည်သူအပေါ်မှာ မြဲမြံစွာခစား နိုင်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေဖြစ်လာတယ်။

၆။ သူရ = အရှင်စေရာ မတွန့်သာဘဲရဲရင့်ခြင်း

နိုင်ငံတော်ကြီးနဲ့ ပြည်သူ၊ အချုပ်အခြာ အာဏာ၊ အသက်အိုးအိမ် စည်းစိမ်တွေကို အန္တ ရာယ်ကျရောက် လာတော့မယ်ဆိုရင်တော့ စစ်သားမှာ ကိုယ်လက်အင်္ဂါ ဆိုတာမရှိဘူး နှလုံးသားဆိုတာမရှိဘူး မိသားစုဆိုတာ မရှိဘူး ချစ်ခြင်း မုန်းခြင်း ဆိုတာမရှိဘူး အဆုံးစွန်ထိ ပြောရရင် မိမိရဲ့ အသက်ဆိုတာပါ မရှိဘူး။ သေရဲတယ် တိုက်ရဲတယ် ပေးအပ်တဲ့ အမိန့် တာဝန်အတွက် ဘယ်သူ့ကိုမှ မငဲ့ကွက်ဘူး။ နိုင်ငံနဲ့ ပြည်သူကောင်းကျိုးအတွက်ဆို ရက်စက် တယ် ဒါနဲ့ဘဲ နိုင်ငံတော်အတွက် ပြည်သူ အတွက် မတွန့်မဆုတ်ဘဲ ရဲရင့်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ ဖြစ်လာတယ်။

ကဲ......ဒီတော့ဗျာ စစ်ခွေးဆိုတာ နာစရာလား?

တပ်မတော်ကြီးရဲ့ စည်းလုံးမှု ညီညွတ်မှု အမိန့်နာခံမှု သတ္တိဗျတ္တိရှိမှု စည်းကမ်းစနစ်ကြီးမှု တွေကို ဖြိုခွင်းဘို့ ကြိုးစားခဲ့တဲ့ မြေပေါ် မြေအောက် အဖျက်အဖွဲ့အစည်းတွေရဲ့ သွေးထိုးမှုတွေကို နားယောင်ကြရင်းနဲ့ တပ်မတော်အပေါ် အမြင်မကြည် အမြင်မှားကြ တာပါ။ အမှန်တကယ်တော့-

" စစ်ခွေးဆိုတာ ပြည်သူက ချစ်လို့ပေးထားတဲ့ အမည်လေးပါဗျာ "

လေးစားလျက်

NLA

No comments:

Post a Comment