Thursday, March 6, 2014

ကျွန်တော်ချစ်သော သမ္မတကြီး (သို့ ) ကတ္တီပါ လိပ်ပြာ

တစ်ခါက ကျနော့်အဖေနဲ့နေပြည်တော်
ကို သမ္မတကြီးကအစည်းအဝေးခေါ်တဲ့
အတွက် ကျနော်လိုက် သွားရပါတယ်..
အမှန်တော့ ကျနော့်အလုပ်တစ်ပြားဖိုးမှ
ပါ ပါဘူး..အဖေကနေကောင်းခါစ 
ဆိုတော့ ကျန်းမာရေးအတွက်စိတ်မချ
လို့လိုက်သွားတာပါ..
ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးတွေအားလုံးကိုအစည်းအဝေးခေါ်တာ..
သမ္မတကြီးက လယ်ယာကိစ္စအတွက်လုပ်တဲ့
အစည်းအဝေးမို့ စိုက်/မွေး ဝန်ကြီးတွေ အားလုံးတက်ရပါတယ်..
အဲလိုအစည်းအဝေးမျိုးကို သမ္မတကြီးက သူ့ရဲ့လယ်တဲမှာပဲလုပ်ပါတယ်..
လယ်ကွင်းဘေးမှာပါ..
အမှန်အတိုင်းပြောရင် သမ္မတကြီးကို အပြင်မှာနီးနီးကပ်ကပ် တစ်ခါမှမတွေ့ဖူးပါဘူး..
ထုံးစံအ တိုင်းလူကြီးမလာခင် အားလုံးဟိုပြောဒီပြောနဲ့ စကားပြောရင်းစောင့်နေကြတဲ့အချိန်မှာ Van ကားအနက်ရောင်လေးတစ်စီး ကျနော်တို့စကားပြောနေတဲ့ဆီကိုဦးတည်မောင်းလာ တာတွေ့ရ ပါတယ်..
အစည်းအဝေးအတွက်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်ယောက်ဖြစ်မှာပေါ့..အဲ့ဒီကားလေး က အားလုံးဝိုင်းဖွဲ့စကားပြောနေတဲ့အနားမှာလာရပ်တယ်..ကားပေါ်ကဆင်းလာတဲ့သူကိုကြည့်လိုက်တော့...
ဟိုက်!!! သမ္မတကြီးဗျ..
လျှာထိုးဦးထုပ်အနက်လေးဆောင်းလို့..
နံသာရောင်ဂျာကင်လေးနဲ့အားလုံးကို မင်္ဂလာပါလို့နှုတ်ဆက်တယ်..
အားလုံးကမှင်သက်နေတဲ့အချိန်မို့ချက်ချင်းတောင်ပြန်ပြီးနှုတ်ဆက်သံထွက်မလာဘူး..
ပြီးမှ မင်္ဂလာပါ အဘကြီး လို့ပြန်နှုတ်ဆက်မိကြတယ်..
ပြီးတော့ အစည်းအဝေးလုပ်မယ့်အခန်းထဲကိုဝင်သွားပြီး သူ့အတွက်စီစဉ်ပေးထားတဲ့မနက်စာကိုစားပါတယ်.သမ္မတကြီးစားနေတဲ့ မနက်စာကိုကြည့်လိုက်တော ကျနော် ဒုတိယအကြိမ် အံ့သြမိပြန်တယ်..

ကြွေပန်းကန်ထဲမှာ ကောက်ညှင်းပေါင်းလေးတစ်ပုံ ပဲပေါင်းဆီဆမ်းပန်းကန်လေးတစ်ခု ငါးခြောက် ဖုတ်ဆီဆမ်းပန်းကန်လေးတစ်ခုတွေ့ရပါတယ်..
အစည်းအဝေးလာတဲ့ ဝန်ကြီးတွေကိုလည်းအဲ့လိုပဲကျွေးပါတယ်..
ကျနော်လည်း သမ္မတကြီးစားတဲ့ ကောက်ညှင်းပေါင်းဆိုတော့ တော်တော်ကောင်းမယ့်ဟာပဲဆိုပြီး စားကြည့်လိုက်တော့ ကျနော်တို့နယ်ကကောက်ညှင်းပေါင်းကိုမမှီဘူးဗျ..
ဒါကိုသမ္မတကြီးကနှစ်နှစ်ခြိုက်ခြိုက်စားနေရှာတယ်..
ကျနော့်မြို့ကကောက်ညှင်းပေါင်းကို ကျွေးချင်လိုက်တာဗျာ..
အားလုံးစားနေတုန်းမှာ ပွိုင့်ကားအသံကိုကြားရပြီးကား ၂ စီးနဲ့လုံခြုံရေးတွေရောက်လာတယ်..
သမ္မတကြီးရဲ့လုံခြုံရေးအကြီးအကဲက မျက်စိမျက်နှာပျက်လို့...
အားလုံးနေရာယူအပြီးမှာသမ္မတကြီးက စကားစပြောပ်ါတယ်..
(ကျနော်မနက်ကတည်းက ကားပတ်မောင်းနေတာဗျ..သပြေကုန်းဈေးဖက်တောင်ရောက်ခဲ့တယ်..ကျနော့်ရဲဘော်လေးတွေလည်း သူတို့မိသားစုအတွက်အချိန်လေးပေးချင်မှာပေါ့ဗျာ..သူတို့လည်းမနားရရှာဘူး..တခါတလေ လွတ်လွတ်လပ်လပ်လေးနေစေချင်လို့ မနက်က ကျနော်အသိမပေးပဲအစောထွက်လာတာ )..တဲ့ ဗျာ..
ကျနော့်ရင်ထဲမှာ သမ္မတကြီးကိုအရမ်းကြည်ညိုလေးစားသွားမိတယ်..
အစည်းအဝေးစတော့မယ်ဆိုတော့ ကျနော်အပြင်ထွက်လာခဲ့ပြီး သမ္မတကြီးမောင်းလာတဲ့ကားကို စပ်စုလိုက်မိတယ်..

ဘုရားရေ...

ဒါ ဒို့သမ္မတကြီးမောင်းလာတဲ့ကား..ဟုတ်ရဲ့လားဗျာ..ဟုတ်ပါတယ်

ဒီကားပါပဲ သူအခုနကပဲ ဒီကားပေါ်ကဆင်းလာတာ ကျနော်သေချာမြင်နေရတာပဲ...ကား ကစူပါရုဒ်  ( အရပ်အခေါ်ဖင်ကောက် ) ကားပါ..

မော်ဒယ်ကလည်း တော်တော်နိမ့်နေပါပြီ..

မှန်တွေအားလုံးကလည်းအတွင်းကိုမြငိနေရတဲ့အကြည်..ဘာစတစ်ကာမှကပ်မထားပါ....
ဒုတိယအကြိမ် ထပ်ပြီးသမ္မတကြီးကို လေးစားမိပြန်ပါပြီ..

ကျနော်အစည်းအဝေးခန်းအပြင်ကခုံတစ်ခုမှာထိုင်ပြီး တွေးနေမိတယ်...

သမ္မတကြီးဟာ သူစီးတဲ့ကားအိုလေးကိုအတော်ချစ်မှာပဲ...ပြီးတော့ဒီတိုင်းပြည်က ပြည်သူတွေ ကိုလည်းသူချစ်မှာပါ..ကျနော်ယုံတယ်...

သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်နဲ့အလုပ်လုပ်နေတဲ့ သမ္မတကြီးပါ...

သူကဘာကိုမှလည်းမကြောက်တတ်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ပါ..ဘာကိုမဆိုစွန့်လွှတ်ဖို့လည်း ဝန်မလေးတတ်တဲ့ခေါင်းဆောင်တစ်ယောက်ပါ..

အစည်းအဝေးခန်းထဲက သူ့မျက်နှာကိုတစ်ချက်လှမ်းကြည့်ပြီး ကျနော့်နားထဲမှာတစ်စုံတစ်ရာကိုသဲ့သဲ့လေးကြားလိုက်ရတယ်.စက်အကူနဲ့ခုန်နေရရှာတဲ့နှလုံးခုန်သံလေးပါ..တနည်းအားဖြင့် ကတ္တီပါလိပ်ပြာလေးရဲ့ တောင်ပံခတ်သံလေးပေါ့......

From: အသင်လူသား
www.mmdailystar.com

No comments:

Post a Comment