Wednesday, March 19, 2014

ရှကီရာ ပုံစံနဲ့ မာရီနာ

လတ်တလောမှာ သရုပ်ဆောင်ပိုင်း
အပြင် ဂီတဘက်မှာပါ မျှပြီး
လုပ်ဖြစ်နေတဲ့ မာရီနာက
 စိုင်းစိုင်းခမ်းလှိုင်နဲ့ ‘ဧဒင်ရဲ့ နတ်သမီး’ 
ရုပ်ရှင်ကားကြီးကို ရိုက်ကူး ပြီးစီးသွား
 ပြီဖြစ်ပါတယ်။ “အခုလက်ရှိကတော့ 
ရုပ်ရှင် ကားကြီးဖြစ်တဲ့ ‘ဧဒင်ရဲ့ 
နတ်သမီး’ ဆိုတာရိုက်ပြီးသွားပြီ။ ကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ပါ။ လောလော ဆယ်တော့ ဗီဒီယို ၅ ကား၊ ၆ ကားလောက် ရိုက်ထားပါတယ်။
အခုကတော့ ပြက္ခဒိန်ရာသီဆိုတော့ ပြက္ခဒိန်ရိုက်ဖြစ်နေတယ်။ သီချင်းအနေနဲ့ ကတော့ Shwe FM လေးနှစ်ပြည့်မှာ ညီမရယ်၊ ဆန်းသစ် လရယ်၊ ဝါဆိုမိုးဦး ရယ် သုံးယောက် ‘အချစ်ကို အယုံအကြည်မရှိ’ ဆိုတဲ့ သီချင်းလေးဆိုထား တယ်။ ဗီစီဒီကိုလည်း ပါမောမန့်စ် အကလေးနဲ့ ရိုက်ကူးထားပါတယ်” လို့ ပြောပါတယ်။

Shwe FM လေးနှစ်ပြည့်မှာ သီဆိုဖြစ်တဲ့ သီချင်းလေးက မာရီနာရဲ့ ပထမ ဦးဆုံး သီချင်းဖြစ်ကြောင်း နဲ့ အကတိုက်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း “ဘိုဘို အင်တာတိန်းမန့်က ကိုဘိုစန်းက ထူးထူးခြားခြားလေး လုပ်ချင်တယ် ဆိုပြီး မင်းသမီးသုံးယောက်နဲ့ ပါဖောမန့် လေးနဲ့ တွဲပြီး လုပ်မယ်ပြောထား တာ။

ဒါက ညီမရဲ့ ပထမ ဆုံးသီချင်းလေးပါ။ အကတွေလည်း ကိုဇေယျာတို့နဲ့ သွားတိုက်ရတယ်။ ညီမက ရှာကီရာပေါ့။ ဆန်းသစ်လက လေဒီဂါဂါ၊ ဝါဆိုမိုးဦးက ကျတော့ ဂျနီဖာလိုပက်ဇ်ပေါ့။ ဆန်းဆန်းလေးပေါ့။ သုံးယောက် ဆုံပြီး သီချင်းတစ်ပုဒ် လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးလေးပေါ့။ ထွက် လာတဲ့ အခါကျတော့ ပရိသတ်ကြိုက်တယ် ဆိုတဲ့အတွက်လုပ်ရကျိုးနပ်ပါတယ်” လို့ မာရီနာကပြောပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း တစ်ကားဆို တစ်ကားအား ထည့်ပြီး သရုပ်ဆောင် ထားတဲ့ မာရီနာက သရုပ်ဆောင်ပိုင်း မှာ ဘယ်လိုအား ထည့်ထားလဲ ဆိုတာ ကို “သရုပ်ေ ဆာင်ပိုင်း ကျတော့ ဇာတ်ကားမှန်သမျှ ရိုက်ရရင်ပြီးရောဆိုပြီး အကုန် လုံးကျုံးမရိုက်ချင်ဘူး။ ဒရာမာ ဆိုလည်း ရင်ထဲနင့်နေအောင် ခံစား ရတဲ့ဇာတ်ကားမျိုးပေါ့။ အက်ရှင်ဆိုလည်း အက်ရှင်ပုံစံ ပေါ့။အဲဒီလိုမျိုးလေး ရိုက်ချင်ပါ တယ်” လို့မာရီနာကပြောပါတယ်။

ဂီတနဲ့ ပတ်သက်ပြီးတော့လည်း မာရီနာ၊ဝါဆိုမိုးဦး၊ဆန်း သစ်လတို့ သုံးယောက်ပေါင်းပြီး အဆွေးသီချင်းတစ်ပုဒ် ထပ်မံဖန်တီးဖို့ ရှိကြောင်း၊ မာရီနာ တစ်ယောက်တည်း အနေနဲ့လည်း သီချင်းတွေလုပ်နေကြောင်း ပြောပါတယ်။

No comments:

Post a Comment