Thursday, March 6, 2014

မြန်မာကာချုပ် ဗိုလ်ချုပ်မှူးကြီးရဲ့ ပထမဆုံး မီဒီယာနဲ့တွေ့ဆုံပွဲ ဘာပြောခဲ့လဲ

အာဆီယံဒေသတွင်း နိုင်ငံများတွင်
 ကျရောက်တက်သည့် သမာရိုးကျ
မဟုတ်သော ကာကွယ်ရေးကဏ္ဍ
များတွင် ပူးပေါင်းဆောင်ရွက်မှု 
တိုးမြှင့်ရမည်ဟု မတ် ၅ ရက်က 
 နေပြည်၌ကျင်းပသည့် အာဆီယံ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
များ အလွတ်သဘော အစည်းအဝေး
တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
က ပြောကြားခဲ့ကြောင်း မတ် ၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း ၊ ဗီယက် နမ် နိုင်ငံ များမှ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်၍ အာဆီယံ တပ်မတော်များ ၂၀၁၄၊ ၂၀၁၆ နှစ်နှစ်လုပ်ငန်းစီမံချက်အား ဆွေးနွေးခဲ့ကြပြီး အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုဆွေးနွေးမှုများမှာ အရှေ့တောင်အာရှဒေသကြီးရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ လက်ရှိဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုထိရောက်အောင် မည်ကဲ့သို့ ဆောင်ရွက်ကြမည် ထပ်မံပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များကို ထုတ်ဖော်တင်ပြခြင်းနှင့် ယင်းနယ်ပယ်များတွင် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ အာဆီယံအဖွဲ့ကြီးသည် စစ်စာချုပ်အဖွဲ့မဟုတ်သည့်အတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် စစ်စာချုပ်အဖွဲ့ကဲ့သို့ ဆောင်ရွက်လို့ မရနိုင်ကြောင်း၊ သို့သော်လည်း ဒေသကြီးအတွင်းတွင်ရှိသော နိုင်ငံများတွင် ကျရောက်တက်သည့် သမရိုးကျမဟုတ်သော ကာကွယ်ရေးကဏ္ဍ
များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment