Tuesday, March 18, 2014

မဟာဗန္ဓုလပန်းခြံ၊ ဧမာနွေလဘုရားကျောင်း နံဘေးနှင့် ဆူးလေစေတီအနီး တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်သူနှင့် ပွဲစား ၃၀ ကျော်ကို ဖမ်းဆီး

Tuesday, March 18, 2014
မဟာဗန္ဓုလပန်းခြံ၊ ဧမာနွေလဘုရားကျောင်း နံဘေးနှင့် ဆူးလေစေတီ အနီးတစ်ဝိုက်တွင် တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်သူနှင့် ပွဲစားစုစုပေါင်း ၃၃ ဦးကို မတ် ၁၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းဝန်းကျင် နေရာများတွင် ပွဲစားများက နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီးသည်များကို အနှောင့်အယှက် ပေးလျက်ရှိကာ ကား၊ လေယာဉ်လက်မှတ်ရောင်းခြင်း၊ ငွေကြေးလဲလှယ်ခြင်းများ ပြုလုပ်၍ လိမ်လည်လျက်ရှိကြောင်း သတင်းများအရ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်မှ စိုးကျော်သူပါ ရှစ်ဦး၊ ဇွန်သက်ပါ ၂၂ ဦး၊ ပန်းဘဲတန်းမြို့နယ်မှ ကိုကိုနိုင် (ခ) ဂျပန်ကြီးပါ သုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီး ခြေချုပ်နှင့် ခံဝန်အက် ဥပဒေဖြင့် သက်ဆိုင်ရာမြို့မ ရဲစခန်းများက အရေးယူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေးတပ်ခွဲ(၂) မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ အင်အားများ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နှင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့မ ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဖမ်းဆီး ခဲ့ရကြောင်း...
အဆိုပါ ဖမ်းဆီးမှုတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေးတပ်ခွဲ(၂) မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ အင်အားများ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နှင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့မ ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဖမ်းဆီး ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ကျန်ရှိနေသော တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်သူများနှင့် ပွဲစားများကိုလည်း စောင့်ကြည့်စုံစမ်းပြီး ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျူးလွန်တဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေကို တင်ပို့ပြီး တရားခွင် တင်သွားမှာ ဖြစ်ပါတယ်" ဟု ကျောက်တံတား မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Eleven Media Group


No comments:

Post a Comment