Friday, March 7, 2014

အနော်ရထာ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအတွင်းက လေကာတပ်ဖွဲ့ဝင်များအကြောင်း

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုသတင်းမှတ်တမ်းတွေကို မြဝတီသတင်းကနေ တဆင့်ပြန်လှည်ရယူပြီးတင်ပေးပါဦးမယ်...။ အမြောက်နှင့်သံချပ်ကာအကြောင်း အနည်း ငယ်ဖော်ပြပြီးဖြစ်လို့ ယခုပိုစ့်မှာတော့ လေကြောင်း ရန် ကာကွယ်ရေးနှင့် ဆက်စပ်စစ်ပစ္စည်းများ၊ စစ်မြေပြင် ပြင်ဆင်ရေးအဖွဲ့နှင့် စစ်မြေပြင်ဆေးတပ်ဖွဲ့များအကြောင်း ပုံတွေနှင့်တကွ ဖော်ပြပေး ပါ့မယ်...။
၂၅မမ လေယာဉ်ပစ်အမြောက်များဖြင့် လေ့ကျင့်နေကြစဉ်


၃၇မမ လေယာဉ်ပစ်အမြောက်ဖြင့် လေ့ကျင့်နေကြစဉ်
၂၅မမ၊၃၇မမ လေယာဉ်ပစ်အမြောက်များကို တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ (ကပစ)များမှ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီးတော့ အရေအတွက် လုံလုံလောက်လောက်ပိုင် ဆိုင် ထားပြီးဖြစ်ပါသည်။ မြန်နှုန်းနည်း၍ အနိမ့်ပျံသော ရန်သူ့ ရဟတ်ယာဉ်များကို အဓိက ခြိမ်းခြောက်နိုင်စွမ်းရှိပြီး တိုက်လေယာဉ်များကိုပင် ပစ်ချနိုင်စွမ်းရှိသော စက်အမြောက် များဖြစ် ပါသည်။
အရှေ့အလည်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအား လေ့လာကြည့်ပါက စနစ်တကျ လေ့ကျင့် ထားခြင်းမရှိသည့် လက်နက်ကိုင်များမှ အဆိုပါလေယာဉ်ပစ်အမြောက်များဖြင့် တိုက်လေယာဉ် များကိုပင် ပစ်ချခဲ့ကြသည်ကို တွေ့နိုင်ပါသည်။တပ်မတော် လေကာတပ်ဖွဲ့များအနေဖြင့် စနစ်တ ကျလေ့ကျင့်ထားပြီးဖြစ်ပြီး တပ်ဖွဲ့ဝင်များကိုလည်း ဗျုဟာမြောက်တပ်ချထားပြီးဖြစ်ရာ ရန်သူ့ တိုက်လေယာဉ်များကိုပင် ခြိမ်းခြောက်နိုင်လျက်ရှိနေပါသည်။
တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် လေ့ကျင့်နေကြစဉ်

MANPAD လို့အတိုကောက်သတ်မှတ်ထားတဲ့ ပုခုံးထမ်းဒုံးပစ်လောင်ချာများကို မိမိတို့ပြည်တွင်းပင် ထုတ်လုပ်နိုင်ပြီဖြစ်ပြီး တပ်မတော် လေကာတပ်ဖွဲ့များ၏ အရေးပါသော ဒုံးလက်နက်များဖြစ် ပါသည်။ စက်အမြောက်များဖြင့် တွဲ၍အသုံးပြုလျက်ရှိပြီး နောင်ရိုးဂျစ်ကဲ့သို့သော စစ်သုံး ယာဉ် များအပေါ်တွင် တပ်ဆင်၍လည်းကောင်း၊ ရေယာဉ်များအပေါ်တွင် တပ်ဆင်၍ လည်းကောင်း အသုံးပြုနိုင်ပြီး တာတိုပစ်မှတ်များကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိပါသည်။ ကမ္ဘာ့စစ်တပ်အတော်များများတွင် အဆင့်မြှင့်တင်မှုများပြုလုပ်ကာ အသုံးပြုလျက်ရှိနေပါသည်။
Smart Hunter Radar


အဆိုပါ ပခုံထမ်းဒုံးများကို ထိန်းချုပ်ပစ်ခတ်ပေးမည့်၊ပစ်မှတ်ရှာဖွေပေးမည့် ရေဒါစနစ်ကောင်း များကိုလည်း ပိုင်ဆိုင်ထားပြီး လိုအပ်သည့် စစ်ယာဉ်များမှအပ ရေဒါများကိုပင် ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခဲ့ပါသည်။ Smart Hunterဟုခေါ်သည့် အဆိုပါရေဒါစနစ်များဖြင့် ပုခုံးထမ်း ဒုံးပစ်လောင်ချာအား ချိတ်ဆက်၍ ရန်သူ့တိုက်လေယာဉ်များ၏ တည်နေရာအား တွက်ချက်ကာ အမိန့်ပေးထိန်းချုပ်နိုင်စွမ်းရှိပါသည်။

SLC-2 Weapon Location Radar

ရေဒါများနှင့် ဆက်စပ်၍ အနည်းငယ်ဖော်ပြပေးချင်သည့်အချက်မှာ အထက်တွင်ဖော်ပြပေးခဲ့သည့် Smart Hunter ရေဒါစနစ်များအပြင် ရန်သူ့မှ ပစ်ခတ်သည့်အမြောက်ကျည်များအား တွက်ချက်ကာ ရန်သူ့အမြောက်စခန်းများအား တန်ပြန်ပစ်ခတ်နိုင်စေရန်အတွက်လည်း Artillery Finding Radar (Weapon Location Radar)ကဲ့သို့သော ခေတ်မီရေဒါစနစ်များကိုပင် ယခုပူးပေါင်းစစ်ရေးလေ့ ကျင့်မှုအတွင်းတွင် တွေ့ရနိုင်ပါသည်။ SLC-2 ဟုခေါ်သည့် အဆိုပါ ရေဒါစနစ်များသည့် အမြောက် mကျည်များ၊ရော့ကဒ်များနှင့် မြေပြင်မှမြေပြင်ပစ် ဒုံးများကိုပင် ရှာဖွေနိုင်စွမ်းရှိပြီး အဆင့်မြှင့် တင်ထားသော ရေဒါစနစ်များကမူ ရဟတ်ယာဉ်များနှင့် အပေါ့စားတိုက်လေယာဉ်များကိုပင် ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိပါသည်။ ထို့အပြင် မိမိဘက်မှ ပစ်ခတ်သည့်ကျည်နှင့် ရန်သူ့ကျည် များကိုပင် ခွဲခြားနိုင်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည့် အရေးပါသော ရေဒါ စနစ်ဖြစ်ပါသည်။ အဆိုပါရေဒါစနစ်များနှင့်တွဲဘက်၍လည်း အသုံးပြုနိုင်သည့်စနစ်တစ်မျိုးမှာ ရာသီဥတုကို တွက်ချက်ပေးသည့် ရေဒါများဖြစ်ပါသည်။
ရာသီဥတုတွက်ချက်သည့် ရေဒါစနစ်

ဆက်သွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ရေးစနစ်များဆက်သွယ်ရေးတပ်ဖွဲ့များအနေဖြင့် လည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်းပါဝင်လေ့ကျင့်ခဲ့ကြပြီး မိမိတို့ ဆက်သွယ်ရေးတပ်မှ ထုတ် လုပ်သည့် နည်းပညာမြှင့် စက်ပစ္စည်းများအား လက်တွေ့အသုံးပြုခဲ့ရာ ထိရောက်မှုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးပစ္စည်းများဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ကြပါသည်။ တပ်မတော်တပ်ရပ်အတွက် အလွန်အရေးပါသည့်အချက်ဖြစ်သော သတင်းလုံခြုံမှုနှင့် လုံခြုံသော ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဆက်သွယ်ရေးတပ်ဖွဲ့များ၏ ကြိုးပမ်းမှုများကို မြင် သာစေပါသည်။



နောက်ထပ်အရေးကြီးဆုံး အချက်ဖြစ်သော စစ်မြေပြင်ဆိုင်ရာ ဆေးတပ်ဖွဲ့များ၊ တိုက်ပွဲဝင် တင့်နှင့် သံချပ်ကာယာဉ်များအား အရေးပေါ်ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများကိုလည်း တကယ့်ရှေ့တန်း စစ်မြေပြင်အတွင်းကဲ့သို့ပင် လေ့ကျင့်ခဲ့ကြပြီး တပ်မတော်၏ စွမ်းရည်ကို မြှင့်တင်ခဲ့ပြန်ပါသည်။
စစ်မြေပြင်ဆေးတပ်ဖွဲ့
စစ်မြေပြင်မှ ဒဏ်ရာရ စစ်သည်များအား ပုံစံ-၉၁ ခြေလျင်တိုက်ခိုက်ရေးယာဉ်ဖြင့် ကယ်ထုတ် ၍ ဆေးတပ်ဖွဲ့သို့ ပို့ဆောင်ပေးခြင်းနှင့် ဆေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်မြေပြင် အရေးပေါ်ဆေး ရုံများတွင် ကုသပေးခြင်းစသည့်ဖြင့် စစ်သည်များ၏ ကျန်းမာရေးအကာကွယ်ပေး မှုများ လည်း လေ့ ကျင့်ခဲ့ကြပါသည်။
သံချပ်ကာယာဉ်အတွင်းမှ ဒဏ်ရာရစစ်သည်တစ်ဦး (လေ့ကျင့်မှု)

ဆေးတပ်ဖွဲ့သို့ ဒဏ်ရာရ စစ်သည်အား ပို့ဆောင်ပေးနေမှု (လေ့ကျင့်မှု)
စစ်မြေပြင် အရေးပေါ်စစ်ဆေးရုံများ

ထို့အပြင် မိမိတို့၏ တိုက်ပွဲဝင်တင့်များနှင့် သံချပ်ကာယာဉ်များသည်လည်း ရန်သူ့ တင့်ဖျက်များ မှလည်းကောင်း၊ အမျိုးမျိုးသော ပျက်ဆီးခြင်းများမှလည်းကောင်း ပြင်ဆင်ရေးအတွက် ရည်ရွှယ် ကာ လေ့ကျင့်ခဲ့ကြပါသည်။
မိမိတို့ အမြောက်လက်နက်များသည်လည်း ယိုယွင်းမှုများရှိတတ်ရာ အရေးပေါ်ပြင်ဆင်ရေး အတွက် လည်း လေ့ကျင့်ခဲ့ကြပြီးသတ်မှတ်အချိန်အတိုင်းစွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ ရပါသည်။
အမြောက်ပြင်ဌာန

တင့်နှင့်သံချပ်ကာယာဉ်များအားဆယ်၊တင် ရေးယာဉ်များဖြင့် ပြင်ဆင်ထိန်းသိမ်းရေး လေ့ကျင့်ခန်း

ပုံစံ-၅၉ဒီ/အမ် (Type-59D/M MBT) ပင်မတိုက်ပွဲဝင်များကိုလည်း အရေးပေါ်ပြင်ဆင်ခြင်း ဆောင် ရွက် ခဲ့ကြပါသည်။ အဆိုပါလေ့ကျင့်မှုအတွင်းတွင် တင့်၏ ပျက်ဆီးမှုများနှင့်အညီ အသေး စားပြင် ဆင်ရေးများ အပြင် အကြီးစားပြင်ဆင်မှုအဖြစ် တင့်အင်ဂျင်များ အစားထိုးတပ်ဆင်ခြင်း များ ဆောင် ရွက်ခဲ့ကြပါသည်...။
မိမိတင်ပြခဲ့သည့် အချက်လက်များနှင့် ပါဝင်သည့် စစ်လက်နက်များအား လေ့လာကြည့်ပါက ယခုလေ့ကျင့်သော တပ်မတော် (ကြည်း)၊(လေ) အမြောက်နှင့် သံချပ်ကာပူးပေါင်းစစ်ရေးလေ့ ကျင့်ခန်းကြီးသည် တပ်မတော်၏ တိုက်စစ်စွမ်းရည်၊ စနစ်ကျသည့် အုပ်ချုပ်မှု/အမိန့်ပေးမှု၊ လုံခြုံ စိတ်ချရသည့် ဆက်သွယ်ရေးစနစ် နှင့် လျင်မြန်စွာ စစ်ကစားလှုပ်ရှားနိုင်စွမ်း များ ကို တွေ့ ရှိရမည်ဖြစ်ပြီး တပ်မတော်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် Standard Army ဟူသော အဆင့် သို့တက်လှမ်းရာတွင် အရေးပါသောလေ့ကျင့်မှုကြီးအဖြစ် မှန်းဆနိုင်ပါသည်။

ထို့အပြင်နောက်ဆုံးအနေဖြင့် တပ်မတော်၏ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယခင်ကာလ များ ထက်ပို၍ ပွင့်လင်းလာခြင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ယခင်ကာလများကပင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကြီးများရှိခဲ့လင့်ကစား အများပြည်သူအနေဖြင့် အနည်းငယ်သာ သိခွင့်ရခဲ့ပြီး ယခုအခါတွင်မှု တပ်မတော်၏ သတင်းဌါနတစ်ခုဖြစ်သည့် မြဝတီကဲ့သို့သော ရုပ်သံ လိုင်းများကပင် တရားဝင်လွှင့်တင်ပေးနေပြီး ဖြစ်ပြီး တပ်မတော်ဆိုင်ရာ အွန်လိုင်းသတင်း အသီး သီးမှလည်း အများပြည်သူများ သိနိုင်စေရန် ဖော်ပြပေးနေကြပြီဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် တပ်မတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို အပြည့်အဝကာကွယ်ပေးနေသည့် တပ်မတော်တစ်ရပ်ဖြစ်သည်နှင့် အညီ ခေတ်မီ လက်နက်စနစ်များ၊ တိုက်စွမ်းရည်ပြည့်ဝသော စစ်သည်များနှင့် ဘက်စုံတိုးတက်သော မြန်  မာပြည်ကြီးအား အမြဲကာကွယ်ပေးစေလိုသည်မှာ ကျွှန်တော်တို့ ပြည်သူများ၏ ဆန္ဒာတစ် ရပ်ဖြစ်ပါကြောင်း ကျွှန်တော် ကိုmmမှာ စာဖတ်သူအားလုံးကိုယ်စား လေးစားစွာဖြင့် တပ်မတော်မှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ....။

No comments:

Post a Comment