Wednesday, March 5, 2014

လုံခြုံရေးအသိ လုံခြုံရေးသတိရှိစေလို

မန္တလေး ဗလီ အတွင်း၌ သိမ်းဆည်း ရမိသည့် ပစ္စည်းများ
ရဲကျော်သူရ
၂၀၀၄ ခုနှစ် မတ်လ ၁ ရက် ည ၉နာရီ မိနစ် ၂၀ ခန့်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ဘူတာရုံ၌ အကြမ်း ဖက်သမား အုပ်စုတစ်စု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ

 သေကြေ၊ ဒါဏ်ရာရခဲ့ကြကြောင်း သတင်းမီဒီယာများတွင် တွေ့မြင်လာရသည်။

တရုတ်နိုင်ငံတွင်း မွတ်ဆလင်အများစုနေထိုင်သည့် ရှင်ကျန်းပြည်နယ်မှ အကြမ်းဖက်သမားများဟု ယူဆရသည့် အဖွဲ့ဝင် ၁၀ ဦးပါ အကြမ်းဖက်အဖွဲ့က ကူမင်းဘူတာရုံတွင် ဓားများဖြင့်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒါဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏

ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကြမ်းဖက်သမား ၄ ဦး သေဆုံးခဲ့ကြောင်း နေ့စဉ်ထုတ်သတင်းစာများ တွင် ဖေါ်ပြခဲ့ကြသည်။

အစ္စလာမ်ဘာသာကိုးကွယ်သူများကြား အကြမ်းဖက်မှုကိုအားပေးသောဘာသာနှင့် အကြမ်းဖက်သမားများ မဟုတ်ကြသော်လည်း လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ မွတ်ဆလင် အစွန်းရောက်များ၏ လက်ချက်ဖြစ်ကြောင်း၊ အချို့အကြမ်းဖက်အဖွဲ့အစည်းဆိုလျှင် မိမိတို့၏အကြမ်းဖက်လုပ်ရပ်များကို ဂုဏ် ယူဝင့်ကြွားစွာပင် ထုတ်ဖေါ်ကြေညာနေတာ
ကိုလည်း တွေ့မြင်နေရပါသည်။

စက်တင်ဘာ ၁၁ ဖြစ်စဉ်မတိုင်ခင်က အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင်များခရီးသွားလျှင် အခြားခရီးသည် များနှင့်မခြား ဆက်ဆံလေ့ရှိသော်လည်း စက်တင်ဘာ ၁၁ နောက်ပိုင်းတွင် မွတ်ဆလင်ဆိုလျှင် လေဆိပ်အဝင် ကတည်းက တင်းကျပ်စွာစစ်ဆေးကြောင်း အလုပ်ကိစ္စဖြင့် အမေရိကန်သို့ မကြာခဏသွားလေ့ရှိသည့် မိတ်ဆွေ တစ်ယောက်က ပြောပြဖူးသည်။

ဖြစ်ဖြစ်သမျှ အကြမ်းဖက်မှုများမှာ သာမန်ရိုးသားသည့် မွတ်ဆလင်ဘာသာဝင်များနှင့် မည်သို့မျှ မသက်ဆိုင်သော် လည်း အကြမ်းဖက်သမားအများစုမှာ မွတ်ဆလင်အစွန်းရောက်များဖြစ်သည့် အလျှောက် ဘုန်းကြီးအမှုရွာပတ်သကဲ့ မွတ်ဆလင်ဘာသာဝင်ဖြစ်ရုံမျှနှင့် သံသယနှင့်အကြည့်ခံ
ရပါတော့သည်။

အစွန်းရောက်အကြမ်းဖက်သမားတို့မှာ ၄င်းတို့ရည်မှန်းချက်တစ်ခုခုကို အကြမ်းဖက်တိုက်ခိုက်ရာ၌ သာမန်ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်ကိုသာမက မွတ်ဆလင်ဘာသာဝင်များ၏ အသက်အိုးအိမ်
စည်းစိမ်တို့ကိုပါ ထည့်သွင်း စဉ်းစားလေ့မရှိပါ။အစွန်းရောက်ဆိုသည့်အတိုင်း အစွန်းရောက်တို့၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ဆင်ခြင်တုံတရားမရှိပါ။

သို့ဖြစ်သည့်အလျောက် သာမန်မွတ်ဆလင်ပြည်သူများမှာ အကြမ်းဖက်သမားအစွန်းရောက်မူဆလင်
များနှင့် ကွဲပြား ရန်လိုအပ်လာပါတော့သည်။

မွတ်ဆလင်ပြည်သူများကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ဖို့လိုပါသည်။
သို့မှသာ သာမန်မွတ်ဆလင်ပြည်သူများနှင့် အကြမ်းဖက်သမားမွတ်ဆလင်များကို ကမ္ဘာပေါ်ရှိအခြား
ပြည်သူများက ခွဲခြားမြင်နိုင်ပါလိမ့်မည်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော မြန်မာနိုင်ငံတွင် အခြားဘာသာဝင်များမှာလည်း မိမိတို့ နှစ်သက်ရာ
ဘာသာကို လွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး ရာသီအလိုက်ကျင်းပလေ့ရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာ ပွဲလမ်းသဘင် အခမ်းအနားများ တွင် အခြားဘာသာဝင်များ လည်း ဝင်ရောက်ဆင်နွှဲလေ့ရှိသကဲ့သို့ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူ ဘာသာဝင်တို့၏ ဘာသာရေး အခမ်းအနား ပွဲတော်များတွင်လည်း မြန်မာဗုဒ္ဓဘာသာအချို့တို့ ပါဝင်ဆင်နွှဲကြတာ လည်း တွေ့မြင်ရပါသည်။

ထိုကဲ့သို့ အေးချမ်းသာယာသော မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အဓိကရုဏ်းများ၊ မိတ္ထီလာအရေး အခင်း၊ လားရှိုးပဋိပက္ခနှင့် ဥက္ကံပဋိပက္ခတို့ ဖြစ်ပွားပြီးနောက် သာမန်ပြည်သူများမှာ မိမိတို့လုံခြုံရေးအတွက် စိုးရိမ် ပူပန်လာကြသည်။ လူ့အဖွဲ့အစည်းအချင်းချင်း သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနှင့် သံသယတွေပွားလာကြသည်။

ပဋိပက္ခတို့ထုံးစံအတိုင်း သက်ဆိုင်ရာလူ့အဖွဲ့အစည်းအလိုက် တစ်ဖက်နှင့်တစ်ဖက်စွပ်စွဲပြောဆိုကြသည်။

တစ်ခါက လည်ပင်းဖက်ပေါင်းလာသော မိတ်ဆွေအချင်းချင်းလည်း ခပ်တန်းတန်းဖြစ်ကုန်ကြသည်။

ထိုကဲ့သို့ သံသယနှင့်သွားနေကြသည့်လူ့အဖွဲ့အစည်းအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယား ကျေးရွာ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးအသတ်ခံခဲ့ရသည့် ဖြစ်စဉ်၌ တစ်ဘက်နိုင်ငံရှိ အကြမ်းဖက်သမားတို့ နှင့် ဆက်စပ်နေသည်ဟု သိရပြန်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်လည်း ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ် ဗလီဝင်းအတွင်း ဂျင်ကလိများ၊ လေးခွများ၊ ဓားများ၊ သံချွန်များ၊ သံဆူးပါသော တုတ်များနှင့် ဓားကာအင်းကျီတို့ တွေ့ရှိခဲ့ပြီးနောက် နောက်ဆက်တွဲသတင်းအရ မတ်လ ၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်မြို့သစ်၊ ဗ/၁ ရပ်ကွက် နေအိမ်တစ်လုံးအား ဆက် လက်ရှာဖွေရာ အန္တရာယ်ရှိစေနိုင်သော လက်နက်များ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းမီဒီယာများကတစ်ဆင့် သိရပါသည်။

ဖမ်းဆီးရမိသော လူ ၆ ဦးအား ဆက်စပ်သတင်းများဖေါ်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိပြီး လက်နက်ကိုင်ဆောင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ကောလဟလပေါင်းစုံနှင့် လုံခြုံရေးအရ အကဲဆတ်သည့် ယခုလိုအချိန်မျိုးတွင် ဤသတင်းမျိုးမှာ သတင်းကောင်း မဟုတ်ပါ။ မွတ်ဆလင် တွေက လက်နက်တွေစုဆောင်းနေသည်ဆို ပြီး မြန်မာတွေကလည်း လက်နက်တွေ စု ဆောင်းမည်၊ သာမန် လူမှုရေး ပြဿနာမျိုးလေးကအစ ဆတ်ဆတ်ထိမခံဖြစ်ကြမည်ဆိုလျှင် ဘာဖြစ်မည်နည်း။

သို့ဖြစ်ရာ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများက သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများမှန်သမျှ မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုအပ်သလို ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်ရာလှုပ်ရှားမှုများ
တွေ့ရှိကြားသိပါက သက်ဆိုင် ရာသို့ အချိန်မီ သတင်းပေးပို့ရန်လိုအပ်ပါသည်။

ထိုပြည်သူများဆိုသည်မှာ မွတ်ဆလင်ဘာသာဝင်များအပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် လူ့အဖွဲ့အစည်းအားလုံးကို ဆိုလိုပါသည်။

မြန်မာနိုင်ငံတွင်နေထိုင်သည့် လူမျိုးဘာသာမရွေး ပြည်သူအားလုံး လုံခြုံရေးအသိ၊ သတိရှိမှသာ အကြမ်းဖက်သမား အုပ်စု ထိုးဖေါက်ဝင်ရောက်မှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

အကြမ်းဖက်သမားနှင့်ပါလာတတ်သည်မှာ အကြမ်းဖက်မှု၊ အပြစ်မဲ့ပြည်သူများသေကြေပျက်စီးမှု၊ အမုန်းတရားနှင့် အာဃာတ တို့သာဖြစ်ပါသည်။ အာဖဂန် နစ္စတန်နှင့် အီရတ်တို့မှာ ယနေ့တိုင် အကြမ်းဖက်သမားတို့ဒါဏ်မှ မလွတ် ကင်းနိုင်ကြ။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် ရှိသမျှဘာသာဝင်ပြည်သူအားလုံး လုံခြုံရေးသတိရှိဖို့လိုသလို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့်
နိုင်ငံသားစိတ်ဓာတ်အပြည့်နှင့် ပူးပေါင်း ဆောင်ရွက်ဖို့လိုသည်။

အထူးသဖြင့် မွတ်ဆလင်ဘာသာဝင်များက လုံခြုံရေးသတိပိုရှိသင့်သည်ဟုထင်ပါသည်။

အစွန်းရောက် မွတ်ဆလင် များမှာ မွတ်ဆလင်အသိုင်းအဝိုင်းတွင် ခိုလှုံလေ့ရှိသဖြင့် မွတ်ဆလင်ပြည်သူ
များ၏တာဝန်သိစိတ်အပြည့်ဖြင့် ပူး ပေါင်းဆောင်ရွက်မှုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အလွန်အရေး
ပါသည်ဟု ထင်မြင်မိပါကြောင်း…။ ။

ရဲကျော်သူရ

No comments:

Post a Comment